ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း ဆိတ်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

News Image

  • ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း ဆိတ်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပန်းတောင်း မေ ၂၈

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပန်းတောင်းမြို့နယ်အတွင်း ဆိတ်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။

 

ဦးစွာ ပန်းတောင်းမြို့နယ် ဒေါင်းမြက်နားကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး လိုအပ်သည့် ချေးငွေနှင့် မျိုးကောင်း မျိုးသန့်ရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ရှိ ပြည်-တောင်ကုတ်၊ ပုသိမ်-မုံရွာကားလမ်းဆုံ၌ လမ်းညွှန်ဆိုင်းဘုတ်နှင့် မြေယာအလှရှုခင်း တည်ဆောက်မည့်မြေနေရာကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ် သရက်လိန်ကျေးရွာအုပ်စု၌ ယခင်လျှပ်စစ်မြစ်ရေတင်စနစ်မှ ဆိုလာမြစ်ရေတင်စနစ်အဖြစ် ပြောင်းလဲတည်ဆောက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပန်းတောင်းမြို့နယ် ခတ္တိယကျေးရွာအနီး ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များမှာကြားကာ လုပ်ငန်းဆောင်ရွက်မည့်နေရာကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

MDN