ပဲခူးမြို့၌ (၃၇)ကြိမ်မြောက် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်

News Image

  • ပဲခူးမြို့၌ (၃၇)ကြိမ်မြောက် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်

 

ပဲခူး   ဒီဇင်ဘာ   ၂၂

      ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့  ခုတင်-၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဒီဇင်ဘာလ ၂၂ရက်  နံနက်ပိုင်းတွင်  (၃၇)ကြိမ်မြောက်  လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား  ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသည်။

    ရှေးဦးစွာ ပဲခူးမြို့ ခုတင်-၅၀၀ ဆံ့ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး  ဒေါက်တာဇော်လွင်က  ဆေးကုသမှုလာရောက် ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအားကျန်းမာရေးနှင့်ပတ်သက်၍ နေ့စဉ်လိုက်နာကျင့်သုံးရမည့် အချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောပြီး အထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်၍  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊   ဥပဒေချုပ်ဦးခင်မောင်တင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ဒုတိယ‌ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေတို့နှင့်အတူ ပဲခူးမြို့ ခုတင်-၅၀၀ ဆံ့  အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု      လာရောက်ခံယူနေကြသည့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား      အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေး ကုသပေးနေမှု၊  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊   လူမှုရေးအသင်း အဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများက   ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေမှုနှင့်  ရေသန့်၊ ကော်ဖီနှင့် အာဟာရမုန့်များ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံကြည့်ရှုသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် လစဉ်တိုင်းဒေသကြီးအတွင်း မြို့နယ်၂၈ မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေး စောင့်ရှောက်မှု   စစ်ဆေးပေးခြင်း၊  လူနာတစ်ဦးလျှင်  အခမဲ့ဆေးဝါး တစ်လစာ လစဉ်ပံ့ပိုးပေးခြင်း၊ စမတ်ကတ်ပြုလုပ်ပေးခြင်း၊     ကာကွယ်ဆေးထိုးပေးခြင်း၊   အခြေခံ စားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့်     ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း  သိရသည်။

MWD