တရုတ်နိုင်ငံ၏ ရက် ၄၀ ကြာ နွေဦးပွဲတော် ခရီးသွားရာသီ စတင်
ပေကျင်း ဖေဖော်ဝါရီ ၂
တရုတ်နိုင်ငံ၏ နှစ်စဉ်ကျရောက်မြဲ နွေဦးပွဲတော် ခရီးသွားရာသီသည် ယနေ့တွင် စတင်ပြီဖြစ်ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။
ရက်ပေါင်း ၄၀ ကြာမြင့်မည့် နွေဦးပွဲတော် ခရီးသွားရာသီသည် တရုတ်နှစ်သစ်ကူး အားလပ်ရက် ကာလမတိုင်မီ စတင်ခဲ့ခြင်း ဖြစ်သည်။
နွေဦးပွဲတော် ခရီးသွားရာသီအတွင်း တရုတ်ပြည်သူသန်းပေါင်းများစွာတို့မှာ နှစ်သစ်ကူးပွဲတော်များအတွက် ဇာတိမြေများသို့ ပြန်ကြလေ့ရှိရာ နွေဦးပွဲတော် ခရီးသွားရာသီကို ကမ္ဘာ့အကြီးဆုံး လူသားများ နှစ်စဉ် ရွှေ့ပြောင်းသွားလာမှုအဖြစ် အများက သတ် မှတ်ထားကြသည်။
ယခုနှစ် နွေဦးပွဲတော် ခရီးသွားရာသီအတွင်း တရုတ်ပြည်သူများအနေဖြင့် ခရီးစဉ်ပေါင်း ၉ ဒသမ ၅ ဘီလီယံထိ စံချိန်တင်သွားရောက်နိုင်ကြောင်း တရုတ်အစိုးရ တာဝန်ရှိသူများက ခန့်မှန်းထားသည်။
၂၀၂၅ ခုနှစ် နွေဦးပွဲတော် ခရီးသွားရာသီအတွင်း တရုတ် ပြည်သူများအနေဖြင့် ခရီးစဉ်ပေါင်း ၉ ဒသမ ၀၂ ဘီလီယံထိသွားရောက်ခဲ့ကြောင်း တရုတ် တာဝန်ရှိသူများ က ပြောကြားထားသည်။
တရုတ်ရိုးရာ တိရစ္ဆာန်ပုံပြ ပြက္ခဒိန်အရ လာမည့် ဖေဖော်ဝါရီ ၁၇ ရက်တွင် မြင်းနှစ်သစ် စတင် ဝင်ရောက်မည်ဖြစ်ပြီး နှစ်သစ်ကူး ကာလအားလပ်ရက်မှာ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်ထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံ

,