ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပထမဆုံးအကြိမ်အဖြစ် ခရီးသည်တင် လျှပ်စစ်ရထားများ စတင်ပြေးဆွဲ
ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပထမဆုံးအကြိမ်အဖြစ် ခရီးသည်တင်လျှပ်စစ်ရထားများ စတင်ပြေးဆွဲသည့် အခမ်းအနားကို ဧပြီလ ၂ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရထားပြေးဆွဲမှု အခမ်းအနားကို ဧပြီလ ၂ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဖိုရမ်(ITLF)၏အစိတ်အပိုင်းတစ်ခုအဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံအကြား မောင်းနှင်ပြေးဆွဲသည့် အဆိုပါလျှပ်စစ်ရထားသည် ရုရှားနိုင်ငံ စမိုလန့်မြို့မှစတင်ထွက်ခွာခဲ့ပြီး ညနေ ၄ နာရီ ၇ မိနစ်တွင် ဘယ်လာရုစ်နိုင်ငံ အော်ရှာမြို့သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရထားပြေးဆွဲမှုအခမ်းအနားကို ဧပြီလ ၂ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဖိုရမ် (ITLF)၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရုရှားနှင့်ဘယ်လာရုစ်တို့အကြား နယ်စပ်ဖြတ်ကျော် မီးရထားလမ်းကြောင်းများစတင် ဖွင့်လှစ်နိုင်ခြင်းသည် သမိုင်းဝင်ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်ကြောင်း ရုရှားသယ်ယူပို့ဆောင်ရေး ဝန်ကြီး အန်နီကီတင်၏ ပြောကြားချက်ကို ကိုးကား၍ RIA Novosti သတင်းဌာနက ဖော်ပြထားကြောင်း သိရသည်။
MWD

,