မြောက်ကာရိုလိုင်းနားတွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် ယာဉ်မတော်တဆမှုပေါင်း ၁၀၀၀ ကျော်ဖြစ်ပွား

News Image

  • မြောက်ကာရိုလိုင်းနားတွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် ယာဉ်မတော်တဆမှုပေါင်း ၁၀၀၀ ကျော်ဖြစ်ပွား

အမေရိကန်ပြည်ထောင်စုရှိ မြောက် ကာရိုလိုင်းနားပြည်နယ်တွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် လမ်းမကြီးများပေါ်တွင်  ယာဉ်မတော်တဆမှုပေါင်း ၁၀၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့စတိန်းကပြောကြားသည်။

စံချိန်တင်ဆီးနှင်းကျဆင်းမှုကြောင့် မြောက်ကာရိုလိုင်းနားပြည်နယ်တွင် ယာဉ် တိုက်မှုပေါင်း ၁၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့သည့်အပြင် မော်တော် ယာဉ်အစီးပေါင်း ၁၀၀ ကျော်မှာ ယာဉ် ကြောပိတ်ဆို့မှုအတွင်း ပိတ်မိနေခဲ့ကြောင်း  စတိန်း၏ပြောကြားချက်ကို ကိုးကား၍ အမေရိကန်သတင်းဌာနတစ်ခုက ဖော်ပြသည်။

ထို့ပြင်  ရာသီဥတုဆိုးရွားမှုကြောင့် ပြည်နယ်တစ်ဝန်းတွင်  လျှပ်စစ်မီးပြတ် တောက်မှုပေါင်း ၁၀၀၀၀ ကျော်ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ ဆီးနှင်းထူထပ်စွာ ကျဆင်းမှုသည် ဇန်နဝါရီလ ၃၀ ရက်မှစတင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ နှင်းများထူထပ်စွာကျဆင်းမှုကြောင့် ပြည်နယ်အတွင်းရှိ လမ်းမကြီးများသည် ဆက်လက်၍ အန္တရာယ်ရှိနေပြီး နောက်ထပ်  ရက်အနည်းငယ်အထိ အခြေ အနေဆိုးရွားနိုင်ကြောင်း    စတိန်းက သတိပေးထားသည်။

အလားတူပင် ဇန်နဝါရီလ ၁၉ ရက် ကလည်း မစ်ချီဂန်ပြည်နယ် ဟတ်ဆင်ဗေး မြို့အနီးရှိ အဝေးပြေးလမ်းမပေါ်တွင် ဆီးနှင်းများကျဆင်းမှုကြောင့် ကားအစီးရေ ၁၀၀ တိုက်မိခဲ့ပြီး လူကိုးဦးမှ ၁၂ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Ref: Iv

MWD