ကျူးဘားတွင် လူသားချင်းစာနာမှုဆိုင်ရာပျက်သုဉ်းမှု ဖြစ်နိုင်ခြေအပေါ် ကုလသမဂ္ဂ သတိပေး

News Image

  • ကျူးဘားတွင် လူသားချင်းစာနာမှုဆိုင်ရာ ပျက်သုဉ်းမှု ဖြစ်နိုင်ခြေအပေါ် ကုလသမဂ္ဂ သတိပေး

အမေရိကန်က ချမှတ်ထားသော စွမ်းအင်ဆိုင်ရာ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် ကျူးဘားနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ စနစ်တစ်ခုလုံး ပြိုလဲပျက်သုဉ်းသွားနိုင်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က သတိပေးလိုက်သည်။

ကျူးဘားသို့ ရေနံတင်ပို့နေသည့်နိုင်ငံများမှ ကုန်စည်များအပေါ် အခွန်တိုးမြှင့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပြီးနောက် ကျူးဘားအာဏာပိုင်များသည် ဆိုးရွားလာသော လောင်စာဆီ ပြတ်လတ်မှုကိုဖြေရှင်းရန်အတွက် စွမ်းအင်ခွဲတမ်းစနစ် (Rationing plans) ကို စတင်ရန် ပြင်ဆင်နေကြသည်။

ကျူးဘားသမ္မတ မီဂွယ် အဆိုပါယက်ဇ်-ကာနယ် (Miguel Diaz-Canel) က ထိုသို့ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ ကျောင်းများ၊ ဆေးရုံများနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ် (Stephane Dujarric) က "အကယ်၍ လိုအပ်နေသည့် ရေနံတွေကိုမရရှိဘူးဆိုလျှင် ကျူးဘား ၏ လူသားချင်းစာနာမှု အခြေအနေသည် ပိုမိုဆိုးရွားလာမှာဖြစ်သလို အဆိုးဆုံးအခြေအနေမှာ ပြိုလဲသွားနိုင်ခြင်းကြောင့် ဂူတာရက်စ် အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်နေပါသည်" ဟု ပြောကြားခဲ့သည်။ ဒူဂျာရစ်၏ အဆိုအရ ကုလသမဂ္ဂ အထွေထွေညီလာခံသည် အမေရိကန် က ကျူးဘားအပေါ် ချမှတ်ထားသော ကုန်သွယ်ရေးပိတ်ဆို့မှု (Embargo) များကို အဆုံးသတ်ရန် အစဉ်တစိုက်တောင်းဆိုလျက်ရှိကြောင်း ဂူတာရက်စ်က ထပ်လောင်းပြောဆိုခဲ့သည်။

အမေရိကန်သည် ၁၉၆၀ ပြည့်နှစ်ကတည်းက ကျူးဘားအပေါ် ကုန်သွယ်ရေး ပိတ်ဆို့မှု (Embargo) ကို ချမှတ်ထားခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ အဆိုပါဇင်ဘာလတွင် အမေရိကန် ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့သည် ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်သည်ဟု ဆိုကာ ကာရစ်ဘီယံ ပင်လယ်အတွင်းရှိ ရေနံတင်သင်္ဘောများကို သိမ်းဆည်းမှုများ စတင်ပြုလုပ်ခဲ့သည်။ သမ္မတ ထရမ့်က ကျူးဘားသည် အကြမ်းဖက်အုပ်စုများကို ထောက်ခံနေသည်ဟု စွပ်စွဲခဲ့ပြီး သည်ဗားနား၏ ရုရှား၊ တရုတ်၊ အီရန် တို့နှင့် ဆက်ဆံရေးမှာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အမေရိကန်က ကျူးဘားသို့ ထပ်ဆောင်းကူညီထောက်ပံ့မှုအဖြစ် ဒေါ်လာ ၆ သန်း ပေးအပ်မည်ဟု ကြေညာခဲ့သည်။ ၎င်းအကူအညီများကို လွန်ခဲ့သည့်နှစ်က သည်ရီကိန်း မယ်လစ်ဆာ (Hurricane Melissa) တိုက်ခတ်မှုဒဏ်ခံခဲ့ရသည့် ကျူးဘား အရှေ့ပိုင်းဒေသများအတွက် အဓိက ရည်ရွယ်ခြင်းဖြစ်သည်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးတာဝန််ခံ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ Jeremy Lewin က ကျူးဘား အစိုးရသည် အရင်းအမြစ်များကို စုဆောင်းသိမ်းဆည်းထားသည်ဟု စွပ်စွဲခဲ့ပြီး စားနပ်ရိက္ခာပြတ်လတ်မှုများသည် ရေနံတင်ပို့မှုပိတ်ပင်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂