တရုတ်နိုင်ငံမြောက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား လူရှစ်ဦး သေဆုံး

News Image

  • တရုတ်နိုင်ငံမြောက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား လူရှစ်ဦး သေဆုံး

တရုတ်နိုင်ငံမြောက်ပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခြင်းကြောင့် အနည်းဆုံးလူရှစ်ဦး သေဆုံးကြောင်း နိုင်ငံပိုင်သတင်းဌာနများက ဖေဖော်ဝါရီလ ၈ရက်တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ ပေါက်ကွဲမှုသည် ရှန်းရှီးပြည်နယ်ရှိ ရှို့ယန်မြို့၌ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးအနားရှိ အဆောက်အအုံများပါ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကချက်ချင်းသွားရောက်ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်၍ ကုသပေးလျက်ရှိသည်။ ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းကို   တိတိကျကျမသိရသေးသော်လည်း တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းနှင့် ထိုနယ်မြေကို လုံခြုံရေးအရ ခေတ္တပိတ်ထားကြောင်း သတင်းများကဖော်ပြထားသည်။

ဒေသန္တရအစိုးရအနေဖြင့် သေဆုံးသူများ၏ မိသားစုဝင်များကို ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးနေပြီး ပျက်စီးသွားသော အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်စီစဉ်လျက်ရှိသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးမှုများ ပြီးစီး

ပါက ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြထားသည်ဟု သိရသည်။

Ref: ST

MWD