ကမ္ဘာ့ပထမဆုံးဖြစ်လာမယ့် အဝေးထိန်းစနစ်သုံး ကမ်းလွန်ထောက်ပံ့ရေး ယာဉ်များ

News Image

  • ကမ္ဘာ့ပထမဆုံးဖြစ်လာမယ့် အဝေးထိန်းစနစ်သုံး ကမ်းလွန်ထောက်ပံ့ရေး ယာဉ်များ

မလေးရှားနိုင်ငံမှာအခြေစိုက်ထားတဲ့ နမ်ချောင်ကုမ္ပဏီက ကမ္ဘာ့ပထမဆုံးသော အဝေးထိန်းစနစ်နဲ့မောင်းနှင်နိုင်တဲ့ ကမ်းလွန်ထောက်ပံ့ရေးယာဉ်တွေ တည်ဆောက်ဖို့ အတွက် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၅ သန်းတန်ဖိုးရှိတဲ့ စာချုပ်တစ်ခုကိုရရှိခဲ့ပါတယ်။

နမ်ချောင်ကုမ္ပဏီအနေနဲ့  အာရပ်စော်ဘွားများပြည်ထောင်စုမှာရှိတဲ့ ကုမ္ပဏီတစ်ခုအတွက် တည်ဆောက်ပေးရမယ့် အဲဒီသင်္ဘောတွေထဲမှာ လူလိုက်ပါဖို့မလိုဘဲ ကမ်းခြေကနေ ဂြိုဟ်တုစနစ်နဲ့ထိန်းချုပ်မောင်းနှင်နိုင်တဲ့ အဆင့်မြင့်ယာဉ်တွေပါဝင်မှာဖြစ်ပါတယ်။

ဒါဟာနမ်ချောင်ကုမ္ပဏီအတွက် ဆယ်စုနှစ် တစ်ခုအတွင်း  ပထမဆုံးရရှိတဲ့ သင်္ဘောအသစ်တည်ဆောက်ရေး လုပ်ငန်းဖြစ်ပြီး ပြင်သစ်ကုမ္ပဏီတစ်ခုနဲ့    ပူးပေါင်းကာ မလေးရှားနိုင်ငံမီရီသင်္ဘောကျင်းမှာ တည်ဆောက်သွားမှာပါ။

ဒီအဝေးထိန်းယာဉ်တွေဟာ ကမ်းလွန်လုပ်ငန်းခွင်တွေမှာ ကုန်ကျစရိတ်သက်သာစေဖို့နဲ့ ဘေးကင်းလုံခြုံမှုရှိစေဖို့ ရည်ရွယ်တာဖြစ်ပြီး ၂၀၂၇ ခုနှစ်နှောင်းပိုင်းလောက်မှာ စတင်လွှဲပြောင်းပေးနိုင်ဖို့ ခန့်မှန်းထားပါတယ်။

အခုလိုမျိုးစာချုပ်အသစ်ကိုရရှိတာဟာကမ္ဘာ့ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ ပြန်လည်ဦးမော့လာစေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

MWD