အလုံမြို့နယ်၌ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး

News Image

  • အလုံမြို့နယ်၌ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး

ရန်ကုန် ဧပြီ  ၂၁

 

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက အလုံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော Shwe Taung Development Co.,Ltd. အာမခံ အလုပ်သမား ဦးဆန်နီအောင်၏ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ခဲ့မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ်သိန်း ၉၀ ကို သေဆုံးသူ၏ဇနီး ဖြစ်သူ ဒေါ်ဇင်မာဝင်းထံ ရုံးခွဲတာဝန်ခံ၊ နယ်မြေတာဝန်ခံနှင့် အလုပ်ဌာနမှ တာဝန်ရှိသူများ၏ရှေ့တွင် လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယောဧရာ(ပြန်/ဆက်)

MDN