လပွတ္တာမြို့နယ် ကရင်တိုင်းရင်းသားစာပေသင်ကြားရေး ဆရာ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

News Image

  • လပွတ္တာမြို့နယ် ကရင်တိုင်းရင်းသားစာပေသင်ကြားရေး ဆရာ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

လပွတ္တာ ဧပြီ ၂၆

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသော ကရင်တိုင်းရင်းသားစာပေသင်ကြားရေး ဆရာ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၂၄ ရက်က လပွတ္တာမြို့ အမှတ်(၇)ရပ်ကွက် စိတ္တဝံသီဘုန်း‌တော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။‌

 

ဦးစွာ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်ဘုန်းဟန်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး လပွတ္တာမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းထွန်းသစ်လွင်က သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပိုးကရင်နှင့် စကောကရင်စာပေဆုရ သင်တန်းသား သင်တန်းသူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူ နန့်မိုးဇာယုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

MDN