ကျွန်းလှမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်း

News Image

  • ကျွန်းလှမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်း

ကျွန်းလှ မေ ၃

 

စစ်ကိုင်းတိုင်ဒေသကြီး ကျွန်းလှမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် (၁၀၀) စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကြည့်ကုန်းကျေးရွာ နှင့် အင်းဂေါင်းကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အဖွဲ့ဝင် (၁) နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်းနှင့် ဝန်ထမ်းများသည် မေ ၁ ရက်တွင် စီမံကိန်းအကောင်အထည်ဖော်မည့် ကျေးရွာများသို့ သွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီများဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ 

 

ထို့နောက် ကျေးရွာများမှ ကော်မတီဝင်များအား AVIP သင်တန်းပို့ချခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချပေးသည်။

 

ကြည့်ကုန်းကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် (၁၀၀) စီမံချက်တွင် နိုင်ငံတော်ထောက်ပံ့ငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင် ငွေ ၂၇ ဒသမ ၂ သိန်း (စုစုပေါင်း ၁၇၇ ဒသမ ၂) သိန်းဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်းနှင့် အင်းဂေါင်းကျေးရွာ၌ နိုင်ငံတော်ထောက်ပံ့ ငွေကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေ ၄၃ ဒသမ ၉ သိန်း (စုစုပေါင်း ၁၉၃ ဒသမ ၉ သိန်း) ဖြင့် ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးကျော်(ပုံတောင်မြေ)

MDN