ကျောက်ဆည်မြို့နယ်တွင် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

News Image

  • ကျောက်ဆည်မြို့နယ်တွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး ပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ကျောက်ဆည် မေ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအုပ်စု၊ ထနောင်းပင်လှ ကျေးရွာတွင် ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်းက ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်မှအကောင်အထည်‌ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအကြောင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်က မြေငှားဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာနဦးစီးအရာရှိ ဦးကျော်မင်းလှိုင်က မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေတိုင်းတာမှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးမြို့နယ်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး ကျေးရွာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)