ကျိုက်လတ်မြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အလှူငွေများ သွားရောက်လှူဒါန်း

News Image

  • ကျိုက်လတ်မြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အလှူငွေများ သွားရောက်လှူဒါန်း

ကျိုက်လတ် မေ ၃

 

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် နဝကမ္မအလှူငွေများ သွားရောက်လှူဒါန်းသည်။

 

အဆိုပါ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့် ဆိုင်းဘုတ်တင်အခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် စိုက်ထူခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များသည် ညောင်ငူပရိယတ္တိစာသင်တိုက် ဆရာတော်အား ပင့်ဖိတ်၍ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းနှင့် နဝကမ္မဝတ္ထုငွေကျပ်တစ်သိန်း၊ ဆန်တစ်အိတ်၊ ကြက်သွန်နီ တစ်အိတ်၊ ဆီ ၁၀ ပိဿာ၊ အချိုမှုန့်နှင့် ဆားတို့ကို သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

MDN