မွန်ပြည်နယ်ဝန်ကြီးချုပ် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနား တက်ရောက်
ပေါင် မေ ၂၈
မွန်ပြည်နယ် ပေါင်မြို့နယ် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၂၆ ရက်က ပေါင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အမှာစကားပြောကြားပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ ကျောင်းဝတ်စုံများ ပေးအပ်သည်။
ထို့နောက် ပေါင်မြို့နယ် မုတ္တမ-ကျွဲခြံ ကျေးရွာရှိ အိမ်ထောင်စု ၅ဝ ကို အိမ်ခြံဥယျာဉ် စိုက်ပျိုးနည်းစနစ်(Home Garden) ဆောင်ရွက်နိုင်ရန် သီးနှံမျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။ ထို့နောက် အိမ်ထောင်စုများကို ဟင်းသီးဟင်းရွက် မျိုးစေ့များပေးအပ်ကာ အိမ်ခြံဥယျာဉ်စိုက်တောင်သူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပေါင်မြို့နယ် မုတ္တမ (ကျွဲခြံ)အုပ်စု ကျိုက်ပွန်ကျေးရွာ ဦးစိန်သန်း၏ ကြက်၊ ဝက် မွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
MDN
