အိန္ဒိယက ဗီယက်နမ်သို့ BrahMos ဒုံးကျည်များရောင်းချရေး သဘောတူညီချက် လက်မှတ်ရေးထိုး

News Image

  • အိန္ဒိယက ဗီယက်နမ်သို့ BrahMos ဒုံးကျည်များရောင်းချရေး သဘောတူညီချက် လက်မှတ်ရေးထိုး

     အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံနှင့် ပူးပေါင်း ထုတ်လုပ်ထားသော BrahMos အသံထက်မြန်ဒုံးကျည်များကို ဗီယက်နမ်သို့ ရောင်းချရန် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံနှင့်လည်းအလားတူ သဘောတူညီချက်အတွက်ဆွေးနွေးမှုမှာနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျက်ကူးမားဆင်းက မေလ ၃၀ ရက်တွင်ပြောသည်။

စင်ကာပူနိုင်ငံ၌ ကျင်းပနေသော ရှန်ဂရီလာကာကွယ်ရေး ညီလာခံတွင် ဗီယက်နမ်နှင့် သဘောတူညီချက်ကို လက်မှတ်ထိုးပြီးဖြစ်သော်လည်း အများပြည်သူသို့ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက အတည်ပြုထားသည်။ ဗီယက်နမ်နှင့် သဘောတူညီချက်တန်ဖိုးမှာ လေ့ကျင့်ရေးနှင့် ထောက်ပံ့ရေးအစီအစဉ်များ အပါအဝင် အမေရိကန်ဒေါ်လာ ၆၂၉ သန်းခန့်ရှိသည်ဟု သတင်းဌာနအချို့ကဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် အာရှနိုင်ငံများနှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်နေပြီး BrahMos ဒုံးကျည်စနစ်ကို ပြည်ပသို့တင်ပို့ရန် အားထုတ်နေခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံက ၂၀၂၂ ခုနှစ်တွင်အမေရိကန်ဒေါ်လာ  ၃၇၅  သန်းနီးပါးတန်ဖိုးရှိ စာချုပ်ချုပ်ဆိုကာ BrahMos ဒုံးကျည်ကို ဝယ်ယူသည့် ပထမဆုံးပြည်ပဖောက်သည်ဖြစ်လာသည်။ ဗီယက်နမ်နှင့် ဖိလစ်ပိုင်သို့ BrahMos ဒုံးကျည်တင်ပို့မှုများသည် ဒေသတွင်းလုံခြုံရေး အခြေအနေအပေါ် သက်ရောက်မှုရှိနိုင်သဖြင့်  နိုင်ငံတကာက   စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

MWD