ဂျပန်တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုပြုလုပ် ၊ လူ ၁၀၀၀၀ ခန့်ပါဝင်စုဝေး        

News Image

  • ဂျပန်တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုပြုလုပ် ၊ လူ ၁၀၀၀၀ ခန့်ပါဝင်စုဝေး        

           ဂျပန်ဝန်ကြီးချုပ် ဆာနာအီတာကာအီချီ အစိုးရ၏ လုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒများအပေါ် ကန့်ကွက်သည့် စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲကို မေလ ၂၉ ရက် ညနေပိုင်းတွင် တိုကျိုမြို့ရှိ အမျိုးသားလွှတ်တော်ရှေ့၌ပြုလုပ်ရာ လူပေါင်း ၁၀၀၀၀ ခန့်ပါဝင်စုဝေးကြောင်း သိရသည်။

စစ်မဖြစ်ရေး ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါလှုပ်ရှားမှုတွင် ပါဝင်သူများက စစ်လက်နက်ပစ္စည်းတင်ပို့မှုကို ကန့်ကွက်သည်၊ စစ်ပွဲမှ အကျိုးအမြတ်ရှာမှု ရပ်တန့်ပါ  စသည့်စာတန်းများကိုကိုင်ဆောင်ကာ  ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

လက်ရှိအစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ ပြင်ဆင်ရေးနှင့် သူလျှိုဆန့်ကျင်ရေး ဥပဒေပြဋ္ဌာန်းရန် ကြိုးပမ်းမှုများကြောင့် ဂျပန်နိုင်ငံသည် စစ်ရေးဆန်လာနေသည်ဟု စိုးရိမ်မိကြောင်း ဆန္ဒပြသူ မတ်ဆုဇာဝါက ပြောသည်။ ထို့ပြင် မိမိ၏ မျိုးဆက်သစ်များအတွက်  ငြိမ်းချမ်းသော ဂျပန်နိုင်ငံကို မချန်ထားနိုင်မည်ကို စိုးရိမ်ကြောင်းလည်း ၎င်းကဆိုသည်။

တစ်ဖက်တွင် တာကာအီချီအစိုးရသည် ဒေသတွင်းလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လျက်ရှိပြီး မကြာသေးမီက ဖိလစ်ပိုင်သမ္မတနှင့် တွေ့ဆုံ၍ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များ ရရှိခဲ့ကြောင်း သိရသည်။

MWD