တီဘီရောဂါသည် ကမ္ဘာ့အပြင်းထန်ဆုံး ကူးစက်ရောဂါများထဲမှတစ်ခုဖြစ်ပြီး ကာကွယ်၍၊ ကုသ၍ရသော ရောဂါဖြစ်သည့်တိုင် ကမ္ဘာတစ်ဝန်းသေဆုံးမှုများ၏ အဓိကအကြောင်းရင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ နှစ်စဉ်ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ တီဘီရောဂါဖြစ်ပွားနေဆဲဖြစ်ပြီး ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာအကြောင်းအရာတစ်ရပ်လည်း ဖြစ်နေသည်။
မြေနိမ့်ရာလှံစိုက် ဆိုရိုးစကားကဲ့သို့ပင် တီဘီရောဂါဖြစ်ပွားမှုအများစုသည် အရှေ့တောင်အာရှ၊ အာဖရိကနှင့် အနောက်ပစိဖိတ် ကဲ့သို့သော ဒေသများတွင်ရှိ ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ် အဆင့်ရှိနိုင်ငံများတွင် ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းရှိ လူ ၁၀ ဒသမ ၆ သန်းခန့် တီဘီရောဂါ ဖြစ်ပွားခဲ့ရာတွင် HIV ကင်းစင်သူများထဲမှ တီဘီရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၃ သန်းခန့်ရှိခဲ့ပြီး HIV ရှိသူများထဲမှ တီဘီရောဂါကြောင့် သေဆုံးသူ ၁၆၇၀၀၀ ခန့်ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားမှုအများဆုံးနိုင်ငံများမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနှင့် ဘင်္ဂလားဒေ့ရှ်တို့ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီ၊ တီဘီ/ အိတ်ချ်အိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ ၃၀ စာရင်းတွင်ပါဝင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသတွင် ဒုတိယမြောက် တီဘီလူနာသစ်ဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း တီဘီ ရောဂါအမျိုးမျိုးကြောင့် လူ ၂၀၀၀၀ ခန့် သေဆုံးခဲ့သည်ဟုဆိုသည်။
တီဘီရောဂါဖြစ်ပွားရခြင်း၏ အဓိကအကြောင်းများတွင် အာဟာရချို့တဲ့မှု၊ ဆင်းရဲနွမ်းပါးမှု၊ ဆီးချိုရောဂါဖြစ်ပွားမှု၊ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုတို့ပါဝင်သည်။ တီဘီရောဂါသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော ဗက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး လေမှတစ်ဆင့်ကူးစက်ပျံ့နှံ့သည်။ အဆုတ်တွင် အများဆုံးဖြစ်ပွားသည့် ရောဂါဖြစ်ပြီး ဦးနှောက်၊ ကျောရိုး၊ အူလမ်းကြောင်းကဲ့သို့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ဖြစ်ပွားနိုင်သည်။ တီဘီရောဂါ ဖြစ်ပွားသူသည် ဆေးကုသမှု စနစ်တကျမခံယူပါက မိမိမှတစ်ဆင့် မိသားစုနှင့် ပတ်ဝန်းကျင်ရှိလူများကို အလွယ်တကူ ကူးစက်နိုင်သည့်အပြင် မိမိကိုယ်တိုင်လည်း ပထမအဆင့် တီဘီရောဂါကုဆေးများနှင့် မကုသနိုင်တော့သည့် ဆေးယဉ်ပါး တီဘီရောဂါဖြစ်လာနိုင်သည်။
သလိပ်တွင် တီဘီပိုးရှိသည့် ဝေဒနာရှင်များ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်းအားဖြင့် ရောဂါပိုးများ လေထဲသို့ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်ရှိ လူများရှူရှိုက် မိရာမှ ရောဂါပိုးကူးစက်ခံရနိုင်သည်။ အများအားဖြင့် ရောဂါပိုးရှိသူထံမှ အတူနေမိသားစုထံသို့လည်းကောင်း၊ ရုံးခန်း၊ စာသင်ခန်း၊ စက်ရုံ၊ အလုပ်ရုံစသည့်နေရာတို့တွင် ရောဂါရှိသူထံမှ အခြားသူများထံသို့လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်။ ထို့ပြင် လူစုလူဝေး များပြားသည့်နေရာများ၊ အများပြည်သူသွားလာသည့် ယာဉ်၊ ရထားများ စသည်တို့တွင်လည်း ရောဂါရှိသူထံမှ ပတ်ဝန်းကျင်ရှိ လူများထံကူးစက်နိုင်သည်။ မည်သူမဆို တီဘီရောဂါ ကူးစက်ခံရ နိုင်သော်လည်း တီဘီရောဂါပိုး ကူးစက်ခံရသူတိုင်း တီဘီရောဂါဖြစ်ပွားလေ့မရှိဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။
အာဟာရချို့တဲ့သူ၊ ခုခံအားကျဆင်းနေသူ၊ ဆေးလိပ်သောက်သူ၊ အရက်အလွန်အကျွံသောက်သူ၊ အသက်ကြီးသူနှင့် ငါးနှစ်အောက်ကလေးများ၊ ဆီးချိုရှိသူများနှင့် အစာအိမ်ဖြတ်တောက်ထားရသူများ စသည့်သူတို့မှာ တီဘီရောဂါပိုး ကူးစက်ခံရပါက တီဘီရောဂါ ပိုမိုဖြစ်ပွားနိုင်ပြီး နေအိမ်နှင့် အလုပ်နေရာတို့တွင် အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းစွာမရသည့် နေရာ၊ လူမှုစီးပွားရေး နိမ့်ကျသည့် အခြေအနေတို့မှာလည်း တီဘီရောဂါ ဖြစ်ပွားရန် အားပေးသည်။ မိမိကိုယ်တိုင်အပါအဝင် မိသားစုအတွင်း နှစ်ပတ်နှင့်အထက် ချောင်းဆိုးလျှင်၊ ချောင်းဆိုးသည့်အခါ သွေး သို့မဟုတ် သလိပ်ပါလျှင်၊ အစားအသောက်ပျက်လျှင်၊ ကိုယ်အလေးချိန်ကျပြီး တဖြည်းဖြည်းပိန်လာလျှင်၊ တငွေ့ငွေ့ဖျားလျှင် (အထူးသဖြင့် ညနေပိုင်း)၊ ညအခါ ချွေးအလွန်ထွက်လျှင် တီဘီရောဂါ ရှိ မရှိ စစ်ဆေးမှုခံယူရန် လိုအပ်သည်။
မိမိတို့နိုင်ငံတွင် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းများရေးဆွဲပြီး မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးဆောင်ပုဒ်ဖြစ်သည့် ‘‘တီဘီရောဂါ ကင်းဝေးဖို့ နိုင်ငံတော်က ဦးဆောင်လို့ ပြည်သူ့အားဖြင့် ဆောင်ရွက်စို့’’ ဟူသည်နှင့်အညီ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ ကဏ္ဍပေါင်းစုံတို့ပူးပေါင်းကာ ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါမည့်အကြောင်း။ ။
moi

အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ မတ် ၂၅ ရက်)
နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် အသိပညာတစ်ခုတည်းဖြင့် တည်ဆောက်၍ မရနိုင်သကဲ့သို့ အတတ်ပညာတစ်ခုတည်းနှင့်လည်း တည်ဆောက်၍ ရနိုင်မည်မဟုတ်ပေ။ အသိပညာနှင့် အတတ်ပညာနှစ်မျိုးပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ်ကျွမ်းကျင် တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။ အသိပညာကိုအခြေခံပြီး လက်တွေ့နယ်ပယ်တွင် အတတ်ပညာရှင်များအဖြစ် အများအကျိုးကို ဖော်ဆောင်ပေးနိုင်အောင် လူငယ်တိုင်းက ကြိုးစားကြရမည်ဖြစ်သည်။ အသိပညာနှင့် အတတ်ပညာအတွက် အကောင်းဆုံးမိတ်ဆွေမှာစာကောင်းပေကောင်းများ လေ့လာဖတ်ရှုခြင်းဖြစ်သည်။ အလိမ္မာစာမှာ ရှိသည်ဆိုသည့်အတိုင်း မိမိဘဝအတွက်၊ နိုင်ငံတော်အတွက် အကျိုးရှိသည့်စာပေများကို ဖတ်မှတ်ကျင့်ကြံကြရမည်ဖြစ်သည်။
ယနေ့လူငယ်အချို့သည် အတုမြင်လျှင်အတတ်သင်တတ်ကြသည်။ အရာရာကိုစူးစမ်းလိုကြသည်။ ကောင်းသောနေရာတွင် အတုယူသည်မှာကောင်းသည့် ကိစ္စဖြစ်သည်။ မကောင်းသောအရာတွင် စူးစမ်း လျှင်ကား မကောင်းသောကိစ္စဖြစ်လာမည်။ မိမိဘဝ၏ အနာဂတ်ခရီးမှာ ဖြောင့်တန်းသာယာခြင်း ရှိတော့မည်မဟုတ်ပေ။ လက်တွေ့မြင်သာသော ကွမ်းယာ၊ ဆေးလိပ်၊ အရက်မှသည် မူးယစ်ထုံထိုင်း ဘေးဖြစ်တတ်သော ဆေးဝါးများကိုစူးစမ်း သုံးစွဲမိပါက စိတ်တွင်စွဲလမ်းကာ နောက်ဆုံးတွင် တန်ဖိုးမဲ့သော လူငယ်များ ဖြစ်သွားပေလိမ့်မည်။ ထို့အတူ အပေါင်းအသင်းသူငယ်ချင်းတို့ကို ပေါင်းသင်းရာတွင် ကြည့်တတ်၊ မြင်တတ်၊ ပေါင်းတတ်ရမည်ဖြစ်သည်။ အပေါင်းအသင်းကြောင့် ဂုဏ်ပျက်တတ်သကဲ့သို့ အပေါင်းအသင်းကြောင့်လည်း ဂုဏ်မြင့်တတ်ကြပေရာ မိမိကောင်းကျိုးရှိစေမည့် အပေါင်းအသင်းမျိုးကို ပေါင်းသင်းသင့်လှသည်။
ယခုရက်များအတွင်း လမ်းမှားသို့ရောက်ရှိသွားကြသော လူငယ်မောင်မယ်များသည် မိမိတို့၏ အမှားများကိုသိမြင်ပြီး ဥပဒေဘောင်အတွင်းသို့ တဖွဲဖွဲဝင်ရောက်လာလျက်ရှိသည်။ ဝင်ရောက်လာသူများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က နွေးထွေးလှိုက်လှဲစွာကြိုဆိုပြီး ဆုငွေများချီးမြှင့်ခြင်း၊ လက်နက်ခဲယမ်း များအတွက် ဂုဏ်ပြုငွေပေးအပ်ခြင်းတို့ဆောင်ရွက်ပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည် လွှဲပြောင်းအပ်နှံပေးလျက်ရှိသည်။ ဥပဒေဘောင်အတွင်း ဝင်လာသူများ၏ ရင်တွင်းစကားသံများတွင် ကြားသိရသည်မှာလည်း မိမိတို့၏သူငယ်ချင်းများက လိမ်လည်လှည့်ဖြားခေါ်ဆောင်မှုကြောင့် လမ်းမှားရောက်သွားသူများ ပါဝင်လျက်ရှိသည်။
လူငယ်ဆိုသည်မှာ နောင်တစ်ခေတ်တွင် နိုင်ငံတော်၏အနာဂတ်ကိုပြုပြင် ဖန်တီးတည်ဆောက်ကြရမည့်သူများဖြစ်ကြသည်။ လူငယ်များအနေဖြင့် ပထမဆုံးသော သတိပြုရမည့်အချက်မှာ မိမိဘဝတိုးတက်ရေး ဖြစ်သည်။ မိမိဘဝတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရမည်မှာ ကျောင်းနေပျော်၍ စာတော်ရန် ကြိုးစားရေးသာဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ မိမိတို့ကြိုးစားလျှင် ကြိုးစားသလောက် မိမိတို့ဘဝခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြမည်ဖြစ်သည်။ ပညာရေးနှင့်ပတ်သက်လာလျှင် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် မိမိတို့ဝါသနာနှင့် နီးစပ်သည့်ပညာရပ်ကို ရွေးချယ်သင်ယူနိုင်ကြသည်။
ဘက်စုံပညာရေးစနစ်သည် လူငယ်များဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင် ပေးနေသည့်စနစ်ဖြစ်သည်။ ပညာဆိုသည်မှာ ဘောင်အကန့်အသတ်မရှိ နက်ရှိုင်းကျယ်ပြန့်လှသည်။ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်အတိုင်း မျိုးဆက်သစ်တို့အနေဖြင့် အရာရာတွင်တော်နေ၊ တတ်နေ၊ သိနေဖို့လိုပေသည်။ မိမိ၏ကာယအား၊ ဉာဏစွမ်းအားပေါ်မူတည်ပြီး ထူးချွန် ထက်မြက်မည်သာဖြစ်သည်။ လူငယ်များကို ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်အောင် မြှင့်တင်ပေးလျက်ရှိသည့်အတွက် လူငယ်များကိုယ်တိုင်က မိမိအနာဂတ်ကို ကြိုတင်မျှော်မှန်း၍ကြိုးစား သင်ယူနေကြရမည်ဖြစ်သည်။ ပညာအရည်အချင်း တူညီလျှင်သော်လည်း စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေသူက အမြဲသာလွန်နေမည်ဖြစ်သည်။ ထို့ကြောင့် စာကောင်းပေကောင်းများကို ဖတ်ရှုရန်တိုက်တွန်းခြင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိကြသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတများ မည်မျှပင် ပေါကြွယ်ဝစေကာမူ လူသားအရင်းအမြစ်မရှိလျှင် သို့မဟုတ် နည်းပါးနေလျှင် အဆိုပါနိုင်ငံသည် ဖွံ့ဖြိုး တိုးတက်မှုနှင့် အလှမ်းဝေးနေမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကား လာစေရေးကိုရှေးရှုကြိုးပမ်း ဆောင်ရွက်လျက်ရှိပေရာ လူငယ်များအနေဖြင့် မိမိကိုယ်ကိုမိမိ စွမ်းရည်မြင့်မားအောင် ကြိုးစားဖြည့်ဆည်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD

မတ်လ ဒုတိယပတ် ကုန်လွန်ပြီးသည့်နောက်တွင် နေ့အပူချိန်များ တစ်ရက်ထက်တစ်ရက် မြင့်တက်လာပြီဖြစ်သည်။ လာမည့်ဧပြီလနှင့် မေလတို့တွင် အပူချိန်သည် ဆက်လက်၍ မြင့်တက်နေမည်ဖြစ်ရာ အပူဒဏ်အန္တရာယ်ကို သတိပြုကာကွယ်ကြရန်လိုသည်။ ရာသီဥတု ပူပြင်းမှုက ချွေးထွက်လွန်စေပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များကို ပိုမိုဆုံးရှုံးစေသည်။ အပူကြောင့် လေဖြတ်ခြင်း၊ အပူကြောင့် သွေးလန့်ခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း စသည်တို့ကို ခံစားရစေနိုင်သည်။ ရောဂါပိုမိုဆိုးရွားလာပါက အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် မူးမေ့ခြင်းတို့ကို ခံစားရစေနိုင်ကာ ထို့ထက်ပိုမိုပြင်းထန်ဆိုးရွားလာပါက အပူဒဏ်ကြောင့် သတိလစ် သည်အထိ ဖြစ်ပွားနိုင်သည်။
ပြင်ပအပူချိန် မြင့်မားခြင်းသည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး၊ လေထုစိုထိုင်းဆနှင့် လူ၏လှုပ်ရှားမှုအပေါ်မူတည်၍ အန္တရာယ်ရှိနိုင်သည့် အဆင့်မှာ ကွဲပြားခြားနားနိုင်သည်။ ယေဘုယျအားဖြင့် အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်း ကြာရှည်စွာနေထိုင်ရပါက မောပန်းခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက် ခြင်းတို့ဖြစ်နိုင်ပြီး သာမန်သတိထားရမည့် အဆင့်ဖြစ်သည်။ အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်အတွင်းတွင် ကြွက်တက်ခြင်းနှင့် အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) တို့ ဖြစ်နိုင်ပြီး အထူးသတိထားရမည့်အဆင့်ဖြစ်သည်။ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်မှ ၅၄ ဒီဂရီစင်တီဂရိတ်အတွင်း ရောက်ရှိပါက အပူလျှပ်ခြင်း (Heat Stroke) ဖြစ်နိုင်ခြေ အလွန် မြင့်မားပြီး အန္တရာယ်ရှိသော အဆင့်ဖြစ်သည်။ အပူချိန် ၅၄ ဒီဂရီ စင်တီဂရိတ် အထက်ဆိုပါက အသက်အန္တရာယ်ရှိပြီး ပြင်ပလှုပ်ရှားမှုများကို လုံးဝရှောင်ကြဉ်သင့်သည်။
စိုထိုင်းဆများခြင်းက ခန္ဓာကိုယ်မှ ချွေးထွက်၍ အပူပြန်ခြင်းကို အဟန့်အတား ဖြစ်စေရာ မြင့်မားသည့် ပတ်ဝန်းကျင်တွင် အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်သည်ပင်လျှင် လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်ပေါ်နိုင်သည်။ လူ့ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သွားပါက ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးစေပြီး အသက်အန္တရာယ်ကိုဖြစ်ပေါ်စေသည်။ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများသည် အပူဒဏ်ကြောင့် ထိခိုက်လွယ်ကြသူများဖြစ်ရာ ပိုမိုဂရုစိုက်ရန်လိုအပ်သည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ခံစားရပါက ပျို့ခြင်း သို့မဟုတ် ဂနာမငြိမ်ခြင်း၊ ကြွက်တက်ခြင်းနှင့် ကြွက်သားများအားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ မူးမိုက်ခြင်း၊ နုံးချည့်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း စသည့်ရောဂါလက္ခဏာများကို တွေ့ရှိနိုင်သည်။ ၎င်းအခြေအနေမှ ပိုမိုပြင်းထန်ဆိုးရွားလာပြီး အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံ ထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ခန္ဓာကိုယ် အပူချိန်အလွန်အကျွံမြင့်တက်ခြင်း ရောဂါလက္ခဏာများ ခံစားရနိုင်သည်။
အပူဒဏ်အန္တရာယ်ခံစားရသော လူနာကိုတွေ့ရှိပါက အရေးပေါ် ရှေးဦးပြုစုခြင်းများ ဦးစွာဆောင်ရွက်ပေးပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသ ဆေးကုသမှုခံယူရန် လိုသည်။ အပူဒဏ်ခံစားရသည့် လူနာကို အရေးပေါ်ပြုစုရာတွင် လူနာကို အရိပ်ရအေးမြသည့်နေရာ သို့မဟုတ် လေအေးပေးစက်ရှိသည့် အခန်း သို့မဟုတ် လေပန်ကာ ရှိသည့်နေရာသို့ ရွှေ့ပြောင်းပေးခြင်း၊ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ခြင်း၊ ဆေးရုံသို့ ပို့ဆောင်နေစဉ်အတွင်း သို့မဟုတ် ဆရာဝန်နှင့်ပြသရန် စောင့်ဆိုင်းနေစဉ်အတွင်း လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေးပြီး ပက်လက်အနေအထားဖြင့်ထားရန်၊ လူနာ၏ အဝတ်အစားများကို ချွတ်ထားပေးရန်၊ လူနာကောင်းစွာ သတိရနေပါက ရေအေးအေးတိုက်ရန်၊ လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေးဖျန်းပေးရန်၊ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးအေး သို့မဟုတ် ရေခဲရေစိမ်ထားသော အဝတ်များဖြင့် အုပ်ပေးရန်၊ လူနာကို ပန်ကာလေပေးရန် သို့မဟုတ် ယပ်ခပ်ပေးရန် ဟူသည့် အချက်များကိုပြုလုပ်ပေးရန် အသိပညာပေးထားသည်။
သို့ဖြစ်ရာ အပူချိန်မြင့်မားသည့် နေ့အချိန်များတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ နာတာရှည်လူနာများ အရိပ်ရ အေးမြသည့် နေရာတွင်နေရန်၊ ပူပြင်းသည့် နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ကို ရှောင်ရန်၊ ပွပွချောင်ချောင် ချည်ထည်များသာ ဝတ်ဆင်ရန်၊ နေပူမှပြန်လာပြီး ချက်ချင်းရေမချိုးရန်၊ အရက်သေစာရှောင်ကြဉ်ရန်၊ ရေကို လုံလောက်စွာသောက်သုံးရန်ဟူသောအချက်များကို လိုက်နာကျင့်သုံးလျက် အပူဒဏ်အန္တရာယ်မှ ရှောင်ရှားကြပါမည့် အကြောင်း။ ။

(၂ဝ၂၆ ခုနှစ်၊ မတ် ၁၆ ရက်)
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်များ ခိုင်မာလာစေရန် ဦးတည်ချက်များ ချမှတ်ဖော်ဆောင်လျက်ရှိရာတွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး”ဆိုသည့် ဦးတည်ချက်ကို ထည့်သွင်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ပေးလျက်ရှိသည်။
လူ့ဘဝတွင် “ကျန်းမာမှပညာသင်နိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်”ဖြစ်သည့်အတွက် ကျန်းမာရေးသည် ဘဝရှင်သန်ရေးနှင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံး အုတ်မြစ်ပင်ဖြစ်သည်။ ပြည်သူများကျန်းမာသန်စွမ်းရှိကြမှသာ နိုင်ငံတော်၏ထုတ်လုပ်မှုစွမ်းအား လူမှုတည်ငြိမ်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ၏ တိုးတက်ရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများသက်တမ်းစေ့နေနိုင်ရေး၊ ရောဂါဘယ ကင်းရှင်းရေးနှင့် ကျန်းမာကြံ့ခိုင်ရေးတို့ကို ရည်မှန်းချက်ထားပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိ နိုင်ငံတော်အစိုးရ တာဝန်ယူခဲ့သည့် ငါးနှစ်တာကာလအတွင်း ကျန်းမာရေးကဏ္ဍတွင် ကြီးမားသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ကြသည်။ ပထမတစ်နှစ်အတွင်းတွင် တစ်ကမ္ဘာလုံးရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ”ဆိုသည့် မူဝါဒဖြင့် အစိုးရ၊ ဝန်ထမ်းများနှင့်ပြည်သူများစုပေါင်းအားဖြင့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂိမုန်တိုင်းနှင့် ၂၀၂၅ ခုနှစ်မန္တလေးငလျင် စသည့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရချိန်တွင်လည်း ကျန်းမာရေးဝန်ထမ်းများသည် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တက်ညီလက်ညီဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့်လည်း ကျန်းမာရေးပြဿနာများဖြစ်ပွားခြင်း မရှိခဲ့သဖြင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးကဏ္ဍ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းမှုအနေဖြင့်လည်း ငါးနှစ်အတွင်း ပြည်သူ့ဆေးရုံပေါင်း ၂၅ ရုံကိုအဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီး မြို့ပြနှင့်ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်မရှိစေရန်၊ တန်းတူညီမျှရရှိစေရန်အတွက် ကျေးလက်ဒေသများတွင် ၁၆ ခုတင်ဆံ့ ဆေးရုံ ၁၂ ရုံကိုအသစ် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဆေးရုံများတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးမြင့် အဆောက်အအုံကောင်းများကို တည်ဆောက်ပေးခဲ့ရာတွင် ငါးနှစ်အတွင်း ဆေးရုံအဆောက်အအုံသစ် ၄၁ ခုနှင့် ဝန်ထမ်းအိမ်ရာများကိုလည်း တည်ဆောက်ပေးနိုင်ခဲ့သည်။
ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရာတွင် ကျွမ်းကျင်သောကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆိုသည့်ပန်းတိုင်ကိုပြည့်မီစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဆိုသည့် မူဝါဒချမှတ်ပြီး ငါးနှစ်တာကာလအတွင်း ပြည်သူ့ဆေးရုံတိုင်းအတွက် သစ်လွင်ဆရာဝန် ၂၆၄၉ ဦးအပါအဝင် သွားနှင့်ခံတွင်းဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကိုလည်း ခန့်အပ်ပေးနိုင်ခဲ့သည်။
ထို့ပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ပြည်တွင်းပြည်ပဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သူနာပြုများ၏ ရာထူးအဆင့်မြှင့်တင်ခြင်းနှင့် သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၇ ရက်ကကျင်းပသည့် အမျိုးသား ကင်ဆာကုသရေးဗဟိုဌာနဖွင့်ပွဲ အခမ်းအနား၌ အမှာစကားပြောကြားစဉ် “အထူးမှာကြားလိုသည်မှာ ရှိနေသည့်စက်ပစ္စည်းများ မည်မျှပင်ခေတ်မီ ကောင်းမွန်နေပါစေ ကိုင်တွယ်အသုံးပြုသည့်လူသား အရင်းအမြစ်များ၏ ကျွမ်းကျင်မှုနှင့် စေတနာသည်သာလျှင် ကုသမှုအောင်မြင်ရန်အတွက် အရေးကြီး ဆုံးအကြောင်းအရာဖြစ်ကြောင်း၊ ကင်ဆာဝေဒနာရှင်များသည် မိမိတို့ခံစားနေရသည့်ဝေဒနာနှင့် ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ရရှိနိုင်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများတွင်ရှိပြီး ဖြစ်သည့် “စေတနာ၊ ဝါသနာ၊ အနစ်နာ” ဆိုသည့် နာသုံးနာကိုအရင်းခံပြီး လူနာများအပေါ် မိသားစုစိတ်ဓာတ်ဖြင့် မေတ္တာထားပြီး နွေးထွေးကြင်နာစွာ ပြုစုစောင့်ရှောက်ပေးကြရန် အလေးအနက် မှာကြားလိုကြောင်း”ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ရောဂါဖြစ်မှကုသခြင်းထက် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုသည့်အတိုင်း ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံများရှိစေရန်၊ ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်း လျှော့ချရန်နှင့် ရောဂါဖြစ်ပွားသည်ကို စောစီးစွာသိရှိကုသမှု ခံယူနိုင်ရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။

လွန်ခဲ့သည့် ဆယ်နှစ်နှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် သွေးတိုးရောဂါဖြစ်ပွားမှုနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုတို့ အနည်းငယ်လျော့ကျလာပြီး သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီဓာတ်များခြင်းကဲ့သို့ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာကြောင်း သုတေသနတွေ့ရှိချက်များအရ သိရသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPs Survey နည်းလမ်းဖြင့် လေ့လာခြင်းသုတေသနများကို ၂၀၀၃ ခုနှစ်၊ ၂ဝဝ၉ ခုနှစ်၊ ၂၀၁၄ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်ခြင်းကြောင့် ဖြစ်ပေါ်ရခြင်းမဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့်မညီညွတ်သော လူမှုဘဝနေထိုင်မှုပုံစံများ၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များ စသည်တို့ကို ကာလကြာမြင့်စွာ ထိတွေ့နေထိုင်စားသောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါအစုအဝေးကို ခေါ်ဆိုခြင်းဖြစ်သည်။ အဆိုပါရောဂါများသည် နာတာရှည်ရောဂါများလည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးမှာ (၁) နှလုံးသွေးကြောရောဂါ၊ (၂) ဆီးချိုသွေးချိုရောဂါ၊ (၃) ကင်ဆာရောဂါ၊ (၄) နာတာရှည်အဆုတ်ရောဂါတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၀၀ လျှင် ၅၉ ဦးမှာ မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ရာ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံနှင့်အညီ ကျင့်သုံးနေထိုင်ကြခြင်းဖြင့် သက်တမ်းရှည်ကြာ ကျန်းမာစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။
သို့ဖြစ်ရာ လူတိုင်း သက်ရှည်ကျန်းမာကြရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးကြရန်လိုသည်။ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစာများ၊ အသင့်စား ထုပ်ပိုးထားသော အစားအစာများ၊ အမဲဆီ၊ ဝက်ဆီ၊ စားအုန်းဆီ စသည့်ဆီများနှင့် ကွမ်းစားခြင်း စသည်တို့ကို ရှောင်ကြဉ်၍ အမျှင်ဓာတ်ပါသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားသုံးကြရမည်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ကိုယ်ကာယလှုပ်ရှားမှုလေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ရန်လိုသည်။ တစ်ပတ်လျှင် ၅ ရက်၊ နေ့စဉ် နာရီဝက် လမ်းလျှောက်၊ ရေကူး၊ စက်ဘီး စီး၊ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုတို့ကို ပြုလုပ်ရန်၊ အထိုင်များခြင်း၊ လှုပ်ရှားမှုနည်းခြင်းကို ရှောင်ကြဉ်ရန်၊ သွက်လက်တက်ကြွစွာ နေထိုင်ရန်၊ တီဗွီကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက်၊ ကွန်ပျူတာအသုံးပြုခြင်းတို့ကို အချိန်ကြာမြင့်စွာ ဆက်တိုက်ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရန် လိုသည်။
တတိယအချက်အဖြစ် ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ဆေးရွက်ကြီးဟုဆိုရာတွင် ကွမ်းစားရာတွင် နှပ်ဆေးအမျိုးမျိုးထည့်စားခြင်းနှင့် ဆေးငုံခြင်းတို့လည်း ပါဝင်သည်။ စတုတ္ထအချက်အားဖြင့် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ကြရမည်ဖြစ်ပြီး ပဉ္စမအချက်အားဖြင့် မိမိအရပ်အမြင့်အလိုက်ရှိသင့်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်နှင့် ကိုယ်အလေးချိန်များနေပါက လျှော့ချရန် ကြိုးစားကြရမည်ဖြစ်သည်။ ဆဋ္ဌမအချက်အနေဖြင့် နေ့စဉ် ရေဖန်ခွက် ရှစ်ခွက် သို့မဟုတ် ရေသန့်ဘူး နှစ်ဘူး (နှစ်လီတာ) သောက်သုံးကြရမည်ဖြစ်ပြီး သတ္တမအချက်မှာ ကောင်းသောစိတ်ကို မွေး၍ လောကဓံကို သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းဆင်ခြင်ကြရန် ဖြစ်သည်။ အသက် ၄၀ ကျော်လာသည့်အခါ ဆီးချိုသွေးချိုနှင့် သွေးတိုး ရောဂါ ဖြစ်ပွားနေမှု ရှိ မရှိကို ပုံမှန်စစ်ဆေးရန်နှင့် ရောဂါဖြစ်ပွားသည်ကို သိရှိပါက ဆောလျင်စွာ ကုသမှုခံယူကြရမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ် လူ ၄၁ သန်းခန့် သေဆုံးနေရပြီး ကမ္ဘာတစ်ဝန်း သေဆုံးမှုများ၏ ၇၄ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များတွင် ဖော်ပြခဲ့သည်။ မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးမှုစုစုပေါင်း ၏ ၈ဝ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများကြောင့် ဆေးရုံတက်ရောက်ရမှု တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကောက်ခံထားသော အချက်အလက်များအရ ဆေးရုံတက်လူနာသေဆုံးမှုများ၏ ထက်ဝက်ကျော်သည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်သည်ဟု ဆေးရုံအခြေပြု စာရင်းဇယားများအရ သိရသည်ဆိုသည်။ စင်စစ်အားဖြင့် မကူးစက်နိုင်သောရောဂါများဆိုသည်မှာ မိမိတို့၏ နေထိုင်စားသောက်မှုနှင့် အမူအကျင့်တို့ကို ထိန်းချုပ်ပြုပြင်၍ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများနှင့်အညီ ကျင့်သုံးနေထိုင်ကြခြင်းဖြင့် မိမိတွင် ရောဂါစွဲကပ်မလာအောင် ရှောင်လွှဲနိုင်သည်။
သို့ဖြစ်ရာ ကိုယ်မကျန်းမာ၍ စိတ်မချမ်းသာရခြင်း၊ ကျန်းမာရေးအသုံးစရိတ် ဝန်ပိမှုကြောင့် လူမှုစီးပွားဘဝ ထိခိုက်ရခြင်းအဖြစ်တို့မှ ကင်းဝေးကြစေရေး၊ အချိန်မတိုင်မီ နာရသည့် ဘေး၊ သေရသည့်ဘေးတို့မှ ရှောင်ကြဉ်နိုင်ကြရေးတို့အတွက် မိမိကိုယ်ကို ဆင်ခြင်တုံတရားဖြင့် ထိန်းချုပ်ကာ ကျန်းမာရေးစံနှုန်းများနှင့်အညီ စားသောက်နေထိုင်နိုင်ကြပါစေကြောင်း။ ။

မြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းကိုပြန်ကြည့်ပါက အကြောင်းအမျိုးမျိုးဖြင့် အတန်းပညာရေး၊ အတတ်ပညာသင်ကြားရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အတန်းပညာအားနည်းပါက အတတ်ပညာ၊ အသိပညာအားနည်းမှုများဖြစ်ပေါ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှောင့်နှေးမှုများဖြစ်ပေါ်စေသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ရေး အတန်းပညာများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သောကြောင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် အတတ်ပညာရှင်များများစွာလိုအပ်နေသည်။ နိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိကအားထားလုပ်ကိုင်ကြသူများဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် ပညာရေးကိုမြှင့်တင်ပြီး စီးပွားရေးတိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးကောင်းမွန်မှသာ လမ်း၊ တံတား များကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေး မြင့်မားတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ဦးစားပေးဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၆ ရက်ကကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) တွင် “ခိုင်မာတောင့်တင်းသည့် စီးပွားရေးကိုရရှိပိုင်ဆိုင်နိုင်ရန် ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်သည် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏တိုးတက်မှုသည် အဆိုပါနိုင်ငံတွင်ရှိသည့် နိုင်ငံသားများ၏ ပညာအရည်အသွေးပေါ်တွင် တိုက်ရိုက်မူတည်နေခြင်းဖြစ်ကြောင်း၊ ပညာရေးသည် မိမိတို့တိုင်းရင်းသားပြည်သူများ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပေးပြီး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာကိုအခြေခံသည့် လူသားအရင်းအမြစ်များကို တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး နိုင်ငံ၏အနာဂတ် ကောင်းမွန်စေရန်အတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရန်လိုမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍ မြင့်မားတိုးတက်ခြင်းသည် တိုင်းပြည်စီးပွားရေးကို တွန်းအားတစ်ရပ် ဖြစ်စေသည်သာမက ဝေဖန်ပိုင်းခြားသုံးသပ်ဆုံးဖြတ်နိုင်သည့် အသိဉာဏ်ပညာအားကို ကောင်းမွန်စေသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အသိဉာဏ်ပညာဖြင့် သတိတရားလက်ကိုင်ထားပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပေသည်။ ငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အပြည့်အဝဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်။ နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးရေးကိုအခြေခံသော စက်မှုလုပ်ငန်းများတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် အဓိကဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး အနာဂတ်အတွက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များအထိရောက်ရှိစေရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။ အနာဂတ်လူငယ်လူရွယ်များ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဆိုင်ရာ အသိပညာများ၊ အတတ်ပညာများရရှိစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ဆက်လက်၍ အဆင့်မြင့်အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ပိုလီတက္ကနစ်တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အနာဂတ်တွင် နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများ၌ လိုအပ်နေသည့် ကျွမ်းကျင်အတတ်ပညာရှင်များ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် စီးပွားရေးနှင့်ပတ်သက်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းငယ်များရှင်သန်ဖွံ့ဖြိုးရေးနှင့် အစဉ်ရေရှည်ရပ်တည် နိုင်ရေးအတွက် လုပ်ငန်းများ စတင်ချိန်မှစပြီး ဈေးကွက်သို့ ရောက်ရှိသည့်အချိန်အထိ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ကုန်ထုတ်လုပ်ငန်းများတွင် လိုအပ်သည့် ကျွမ်းကျင်အတတ်ပညာရှင်များကို စဉ်ဆက်မပြတ် သင်ကြားမွေးထုတ်ပေးလျက်ရှိသဖြင့် အနာဂတ်တွင် နိုင်ငံ့စီးပွား မြင့်မားတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ ပညာရေးသည် ရေရှည်ရင်းနှီးမြှုပ်နှံ ရသည့်လုပ်ငန်းဖြစ်သဖြင့် နိုင်ငံတော်၏ အားပေးမြှင့်တင်ပေးမှုများနှင့်အတူ အရှိန်အဟုန်မပျက် တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလအတွင်း နိုင်ငံ၏အနာဂတ်တိုးတက်ကောင်းမွန်လာစေရန်အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန်လာစေရေးအတွက် အခြေခံကျသည့် ပညာရေးကဏ္ဍ မြင့်မားတိုးတက်ရေးကို အစွမ်းကုန်မြှင့်တင်ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်း။ ။

ပညာရေးသည် လူတစ်ဦးချင်းစီအတွက်ရော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါသည့်အလျောက် နိုင်ငံတော်အစိုးရက ပညာရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် ဆောင်ရွက်နေသည်။ လက်ရှိ မိမိတို့နိုင်ငံ၏ ပညာရေးအခြေအနေမှာ ဝါယမစိုက်၍ မြှင့်တင်ရန်လိုအပ်လျက်ရှိရာ နိုင်ငံသူ နိုင်ငံသားတို့၏ ပညာရေးအပေါ် အမြင်များကိုလည်း မှန်ကန်စွာရှုမြင်လာကြစေရေးအတွက် တည့်မတ်ပေးရန်လိုအပ်သည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ အခန်း (၅) လူမှုစီးပွားဆိုင်ရာ အညွှန်းကိန်းများတွင် မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို ကိန်းဂဏန်းစာရင်းဇယား အချက်အလက်များနှင့်တကွဖော်ပြထားရာ အဆိုပါအချက်အလက်များအရ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ လူဦးရေစုစုပေါင်း၏ ထက်ဝက်နီးပါးခန့်ဖြစ်သော ၄၆ ရာခိုင်နှုန်းသည် KG သို့မဟုတ် မူလတန်းအဆင့်ကိုသာ ပြီးမြောက်ခဲ့ကြသည်။ ဤအဆင့်တွင် အမျိုးသားများ ၄၃ ဒသမ ၆ ရာခိုင်နှုန်း၊ အမျိုးသမီးများ ၄၈ ဒသမ ဝ ရာခိုင်နှုန်းရှိသည်။ ဒုတိယအများဆုံးအုပ်စုမှာ အလယ်တန်းအဆင့် ပညာရေးပြီးမြောက်သူများဖြစ်ပြီး လူဦးရေ၏ ၂၃ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ ဤအုပ်စုတွင် အမျိုးသမီးများ ၂၁ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး အမျိုးသား ၂၆ ဒသမ ၀ ရာခိုင်နှုန်းရှိရာ ကွာခြားချက် ၄ ဒသမ ၁ ဖြင့် အမျိုးသားများက ပို၍များပြားသည်။ အထက်တန်းအဆင့်ပြီးမြောက်သူသည် လူဦးရေ၏ ၁၄ ဒသမ ဝ ရာခိုင်နှုန်းရှိသည်။ ဤအဆင့်တွင်လည်း အမျိုးသားများက ၁၅ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အမျိုးသမီးများ ၁၂ ဒသမ ၆ ရာခိုင်နှုန်းထက် အမျိုးသားက ပိုမိုများပြားသည်။ နည်းပညာနှင့် သက်မွေးပညာသင်တန်း (TVET) အောင်မြင်သူများ၊ သို့မဟုတ် မဟာဘွဲ့၊ ပါရဂူဘွဲ့ရရှိသူများသည် ဝ ဒသမ ၁ ရာခိုင်နှုန်းမှ ဝ ဒသမ ၂ ရာခိုင်နှုန်းသာရှိခြင်း ကြောင့် ကျား/မ ကွာခြားချက်မရှိသလောက်ဖြစ်သည်။ ဖော်ပြပါကိန်းဂဏန်းအချက်အလက်များအရ မူလတန်းပညာရေးတွင် အမျိုးသမီးများ ပါဝင်မှုမြင့်မားသည်ကို ပြသနေသော်လည်း အလယ်အလတ်အဆင့် ပညာရေးတွင် အမျိုးသားများက ပိုမိုလွှမ်းမိုးနေသည်။ ဘွဲ့ရအဆင့်တွင် အမျိုးသမီးများက ပြန်လည်ဦးဆောင်လာသည်။
အသက် ၂၅ နှစ်အထက် လူဦးရေ၏ အမြင့်ဆုံးအောင်မြင်ခဲ့သည့် အတန်းပညာ/အဆင့်တွင် တက္ကသိုလ်/ကောလိပ်/ဘွဲ့ကြိုဒီပလိုမာရသူ ကျား ၁၆၄၂၇၆ ဦး၊ မ ၁၃၁၀၀၁ ဦးရှိပြီး စုစုပေါင်း ၂၉၅၂၇၇ ဦး ရှိသည်။ ဘွဲ့ရ /ဘွဲ့လွန်ဒီပလိုမာရသူ ကျား ၇၈၉၄၃၈ ဦး၊ မ ၁၃၀၃၈၄၇ ဦးရှိပြီး စုစုပေါင်း ၂၀၉၃၂၈၅ ဦးရှိသည်။ မဟာဘွဲ့/ ပါရဂူဘွဲ့ရသူ စုစုပေါင်း ၄၃၆၅၄ ဦးရှိရာ ကျား ၁၈၅၆၆ ဦးရှိပြီး မ ၂၅၀၈၈ ဦး ရှိသည်။ ကျောင်းသား ကျောင်းသူအများစု ကျောင်းထွက်ရခြင်းသည် မိသားစုကိုကူညီရန်၊ အိမ်အလုပ်လုပ်ကိုင်ရန်၊ မိဘဆွေမျိုးများကို ပြုစုစောင့်ရှောက်ရန်တို့က အဓိကအကြောင်းရင်းဖြစ်ပြီး ၂၇ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်းနှင့် ဒုတိယအကြောင်းရင်းမှာ ပညာရေးအတွက် တိုက်ရိုက်/ သွယ်ဝိုက်စရိတ်များကို မတတ်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ကျောင်း ဆက်မတက်သူများ၏ ၁၇ ဒသမ ၃ ရာခိုင်နှုန်းမှာ ၎င်းတို့မိသားစုများကိုယ်တိုင်ကပင် အလယ်တန်း/ အထက်တန်းအဆင့်ထိသာ မျှော်မှန်းတက်ရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်းများ ပိုမိုတိုးတက်မြင့်မားရေး၊ အခြေခံပညာကျောင်းများ၏ ကျောင်းအင်္ဂါရပ်များပြည့်စုံရေးနှင့် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြစ်အောင် မြှင့်တင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ “အခြေခံပညာ ကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသားကျောင်းသူများ၏ မိဘပြည်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများအား ပုဂ္ဂလိက ကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် သာမန်ဝင်ငွေရှိသူများအများစုသည် အစိုးရကျောင်းများတွင် ၎င်းတို့၏ သားသမီးများကို ပညာသင်ကြားစေကြကြောင်း၊ ထို့ကြောင့် အစိုးရကျောင်းများကို မဖြစ်မနေ အဆင့်မြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ စံချိန်မီသည့် ကျောင်းများဖြစ်စေရေးနှင့် အရည်အချင်းရှိသည့် ဆရာ၊ ဆရာမ များဖြစ်စေရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင်ကျင်းပသည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေးညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်တွင် ပညာရေးကဏ္ဍမြင့်မားမှသာ လူတစ်ဦးချင်း၏ ဘဝများမြင့်မားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည့်အလျောက် နိုင်ငံတော်၏ ပညာရည်မြှင့်တင်ရေး အဘက်ဘက်မှ ဆောင်ရွက်မှုများတွင် နိုင်ငံသားတို့ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တစ်တပ်တစ်အား ပါဝင်ကြရပါမည့်အကြောင်း။ ။

ခွေးရူးပြန်ရောဂါသည် ရာခိုင်နှုန်းပြည့်ကာကွယ်နိုင်သည့် ရောဂါဖြစ်သော်လည်း ပေါ့ဆမှုကြောင့် ရောဂါကူးစက်ခံရပြီး ခွေးရူးရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာပြီဆိုပါက ကုသ၍ မရနိုင်တော့ဘဲ ရာခိုင်နှုန်းပြည့်သေဆုံးနိုင်သည့် ရောဂါဖြစ်သည်။ လူတွင် ခွေးရူးပြန်ရောဂါပိုးကူးစက်ခံရခြင်းသည် အဆိုပါရောဂါပိုးရှိနေသည့် ခွေး၊ ကြောင် စသည့်တိရစ္ဆာန်များ ကုတ်ခံရခြင်း၊ ကိုက်ခံရခြင်း၊ ၎င်းတို့၏ သွားရည်နှင့် မိမိတွင်ရှိသည့် အနာ၊ ဒဏ်ရာများကို ထိမိခြင်း၊ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူထံမှရရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် အစားထိုးကုသမှုခံယူခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။
ရှေးအခါက ခွေးရူးပြန်ရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း မျက်မှောက်ကာလတွင်မူ အာဖရိကနှင့်အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဓိကအားဖြင့် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။ ယင်းသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ခွေးရူးပြန်ရောဂါဆိုင်ရာ အသိပညာဗဟုသုတနည်းပါးခြင်းနှင့် ကာကွယ်ဆေးထိုးနှံနိုင်သည့် အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများမှာ အဆိုပါအကြောင်းရင်းနှစ်ရပ်ကြောင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု စုစုပေါင်း၏ ၈ဝ ရာခိုင်နှုန်းကျော်အထိရှိနေသည်။ မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားခြင်းသည် လေလွင့်ခွေးများ အကိုက်ခံရခြင်းကြောင့် အများဆုံးဖြစ်ရာ ခွေးကောင်ရေတိုးပွားမလာအောင် ထိန်းချုပ်ရေးနှင့် ခွေးရူးရောဂါကာကွယ်ဆေးများထိုးနှံမှု လွှမ်းခြုံနိုင်ရေးတို့မှာလည်း အရေးပါသည့်လုပ်ငန်းများဖြစ်သည်။ ခွေးရူးပြန်ရောဂါသည် ရာနှုန်းပြည့်ကာကွယ်နိုင်သည့် ရောဂါဖြစ်သည့်အလျောက် အိမ်မွေးခွေး၊ ကြောင်စသည့် တိရစ္ဆာန်များအား ခွေးရူးပြန်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးခြင်း၊ ခွေး၊ ကြောင်တိရစ္ဆာန်များနှင့် ထိတွေ့ကိုင်တွယ်နေသူများအား ခွေးရူးပြန်ကာကွယ်ဆေးကြိုတင်ထိုးနှံပေးခြင်းနှင့် လိုအပ်ပါက ထပ်မံထိုးနှံခြင်းအားဖြင့် တိရစ္ဆာန်ရော လူကိုပါကာကွယ်ကြရမည်ဖြစ်သည်။
အိမ်မွေးခွေး၊ ကြောင်များတွင် ခွေးရူးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် တိရစ္ဆာန်ဆရာဝန်များနှင့်တိုင်ပင်၍ မိမိတို့ မွေးမြူထားသော ခွေး၊ ကြောင်များအား တစ်နှစ်တစ်ကြိမ် ပုံမှန်ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံရန်၊ မိမိတို့မွေးမြူထားသော ခွေး၊ ကြောင်များအား လမ်းပေါ်မှ ခွေးလေခွေးလွင့်များနှင့် မရောနှောမိစေရန် ဂရုတစိုက်ဆောင်ရွက်ရန်၊ အပြင်သို့ထွက်လျှင် ခွေးချည်ကြိုးဖြင့် သေချာစွာချည်၍ ထွက်ရန်၊ မိမိအိမ် သို့မဟုတ် ရပ်ကွက်ထဲတွင် ခွေးရူးရောဂါဖြစ်နေသည်ဟု သံသယရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းစစ်ဆေးချက်များအရ ခွေးရူးရောဂါအတည်ပြု ခွေးကောင်ရေတိုးတက်များပြားလာကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံဆေးခန်းများ၏ တရားဝင်သတင်းပို့ စာရင်းများအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါနှင့် သေဆုံးသူ ၁၁၃ ဦးရှိခဲ့ရာ ယခင်နှစ်များထက် ပိုမိုများပြားလာခြင်းကြောင့် ပြည်သူတစ်ရပ်လုံးခွေးရူးရောဂါကို သတိပြုကာကွယ်ကြရန်လည်း မွေး/ကုပညာရှင်တစ်ဦးက သတိပေးထားသည်ကို တွေ့ရသည်။ ခွေး၊ ကြောင်ကိုက်ခံရခြင်း၊ ကုတ်ခြစ်ဒဏ်ရာရခြင်းတို့တွင် ဒဏ်ရာသေးငယ်စေကာမူ မပေါ့ဆသင့်ဘဲ ခွေးရူးပြန်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ကြရမည်ဖြစ်သည်။ အကိုက်ခံရသည့် ဒဏ်ရာကို ရေနှင့်ဆပ်ပြာတို့ဖြင့် အနည်းဆုံး ၁၅ မိနစ်ဆေးရန်၊ အနာကို အရက်ပြန် သို့မဟုတ် ဘီတာဒင်းကဲ့သို့ ပိုးသန့်စင်ဆေးရည်ထည့်ရန်၊ ဦးခေါင်း၊ လည်ပင်းနှင့် လက်ချောင်းထိပ်တို့တွင် အကိုက်ခံရပါက ပိုမိုဂရုစိုက်၍ အရေးပေါ်ချက်ချင်းကုသမှုခံယူရန်၊ ခွေးရူးပြန်ရောဂါမဖြစ်စေရန် တစ်ခုတည်းသော ကာကွယ်ရန်နည်းလမ်းဖြစ်သည့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အမြန်ဆုံးနှင့် အကြိမ်ပြည့်ထိုးနှံရန် (ခွေးရူးပြန်ပိုးသတ်ဆေး - Anti rabies serum ထိုးနိုင်ပါက ပို၍ကောင်းပါသည်။)၊ ခွေးကိုက်ခံရပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပညာပေးထားသည်။
အထူးသတိပြုရန် လိုအပ်သည်မှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အချိန်မီထိုးရန် လိုအပ်ခြင်းကြောင့် အချိန်မဖြုန်းမိကြရန်ပင်ဖြစ်သည်။ လူပြောသူပြော ဆေးမြီးတိုများ၊ ဂါထာမန္တရား မန်းမှုတ်ခြင်းများကို ရှောင်ကြဉ်ကြပြီး တစ်ခုတည်းသော ကာကွယ်နည်းဖြစ်သည့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို နီးစပ်ရာဆေးရုံဆေးခန်း၌ အမြန်ဆုံးထိုးနှံကာကွယ်ကြခြင်းဖြင့် ခွေးရူးပြန်ရောဂါဘေးကင်းဝေးကြပါစေကြောင်း။

ကာဠုဒါယီမထေရ်မြတ်က ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ကပိလဝတ်ရွှေမြို့တော်သို့ ကြွတော်မူရန် လျှောက်ထားသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်း လပြည့်နေ့ဖြစ်သည်။ ပညာဝီမံသနကထာကျမ်းတွင် မန်လည်ဆရာတော်ဘုရားကြီးက မြတ်ဗုဒ္ဓသည်တပေါင်းလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်မှစတင်ထွက်ခွာ၍ ကပိလဝတ်ရွှေမြို့တော်သို့ ကဆုန်လပြည့်နေ့တွင် ဆိုက်ရောက်သည်ဟု ဆိုထားပါသည်။ ကွဲလွဲမှုရှိသော်လည်း တပေါင်းလပြည့်နေ့သည် မြတ်ဗုဒ္ဓပြည်တော်ဝင်ရန်အတွက် အစဦးနေ့ထူးနေ့မြတ်ဟု ဆိုနိုင်သည်။
မြတ်ဗုဒ္ဓဘုရားရှင်ကို ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ဆွေတော်မျိုးတော်အပေါင်းတို့က မျှော်လင့်နေကြသောအချိန်အခါဖြစ်သည်။ တပေါင်းလသည် မပူလွန်း မအေးလွန်းမျှတသော ရာသီဥတုရှိသည့်ကာလဖြစ်သည်။ ဥဒေါင်းငှက်အပေါင်းတို့ ပျော်မြူးတွန်ကျူးသံ၊ တောပန်းတောင်ပန်းတို့ ဖူးပွင့်ဝေဆာရောင်စုံဖြာနေသော သဘာဝအလှတရားများနှင့်ပြည့်စုံသည့် တပေါင်းလသည် ဒေသစာရီကြွချီတော်မူရန် သင့်လျော်ပါကြောင်းဆိုသည်ကို ဂါထာပေါင်း ၆၄ ဂါထာဖြင့် ချီးမွမ်းလျှောက်ထားခဲ့ပါသည်။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်ကို မြတ်စွာဘုရားရှင် လက်ခံတော်မူပြီး တပေါင်းလပြည့်ကျော် တစ်ရက်နေ့တွင် ရဟန္တာနှစ်သောင်းခြံရံလျက် ရာဇဂြိုဟ်မြို့မှ စတင်ထွက်ခွာခဲ့ပါသည်။
ကပိလဝတ်ပြည်နှင့် ရာဇဂြိုဟ်ပြည်သည် ယူဇနာ ၆၀ ကွာဝေးသည်။ မြတ်စွာဘုရားသည် တစ်နေ့လျှင် တစ်ယူဇနာခရီးကြွတော်မူခဲ့ရာ ရက်ပေါင်း ၆၀ ပြည့်သည့် မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်ကျော် တစ်ရက်နေ့တွင် ကပိလဝတ်ရွှေမြို့တော်သို့ ဆိုက်ရောက်တော်မူသည်။ ကပိလဝတ်ရွှေမြို့တော်တွင် မြတ်ဗုဒ္ဓနှင့် ရဟန္တာနှစ်သောင်း ကြွရောက်သီတင်းသုံးတော်မူသဖြင့် သာသနာဝင်သမိုင်းတွင် ကပိလဝတ်ပြည်သည် တတိယမြောက် သာသနာတော်ထွန်းကားရာဒေသဖြစ်လာသည်။ ပထမဆုံး သာသနာတော်ထွန်းကားစည်ပင်ရာဒေသသည် ဗာရာဏသီပြည်ဖြစ်ပြီး ဒုတိယမြောက် သာသနာတော်ထွန်းကားစည်ပင်ရာဒေသသည် ရာဇဂြိုဟ်ပြည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသီတင်းသုံးရာဒေသများသည် သာသနာထွန်းကား စည်ပင်ရာဒေသများဖြစ်သည်။
ရာဇဂြိုဟ်ပြည်တွင် ဝေဠုဝန်ကျောင်းတော်ကြီး ပေါ်ထွန်းသကဲ့သို့ ကပိလဝတ်ပြည်တွင်လည်း နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာသဖြင့် ရဟန်းတော်များ စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံးတော်မူနိုင်သလို ပြည်သူပြည်သားများအတွက်လည်း ဒါန၊ သီလ၊ ဘာဝနာကောင်းမှုအစုစုတို့ကို စိတ်ဆန္ဒရှိတိုင်း ဆောင်ရွက်ခွင့်ရလာသည်။ မြတ်စွာဘုရားရှင်သည် သာကီဝင်မင်းမျိုးမင်းနွယ်တို့၏ ဇာတိမာန်ကို နုတ်ပယ်နိုင်ရန် ပေါက္ခရဝဿမိုးကိုရွာသွန်း၍ တန်ခိုးပြတော်မူသည်။ အမျိုးအနွယ်ထက် သီလ၊ သမာဓိ၊ ပညာအကျင့်မြတ်ကို တန်ဖိုးထားရန်၊ အကျင့်မြတ်နှင့် ပြည့်စုံသော ရဟန်းသံဃာတော်တို့ကို ရိုသေလေးစားရန် ဆုံးမတော်မူခဲ့သည်။ ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားတော်မူသည်။
မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားတော်မူသည့်အခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး အနာဂါမ်ဖြစ်လာသည်။ မိထွေးတော်ဂေါတမီ သောတာပန်ဖြစ်လာသည်။ ယသောဓရာကိုအကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကို ဟောကြားတော်မူခဲ့သည်။ ဇနပဒကလျာဏီ၏ ကြင်ရာလောင်း နန္ဒမင်းသား ရဟန်းဖြစ်လာသည်။ သားတော်ရာဟုလာကို ဓမ္မအမွေခံယူနိုင်ရန် ရှင်သာမဏေပြုစေခဲ့သည်။ သာကီဝင်မင်းသားတစ်ထောင် ရဟန်းဖြစ်လာခဲ့သည်။ အရှင်သာရိပုတ္တရာ လျှောက်ထားသဖြင့် မဟာဗုဒ္ဓဝင်ဒေသနာတော်ကို ဟောတော်မူသည်။ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ကပိလဝတ်ပြည်သူ ပြည်သားတို့၏ မြတ်စွာဘုရားရှင်ကို ဖူးမြော်လိုသောဆန္ဒ ပြည့်ဝအောင်ဆောင်ရွက်ပေးခြင်း၊ ဆွေတော်မျိုးတော်တို့နေရာ ကပိလဝတ်ပြည်တွင် သာသနာတော်ပွင့်ထွန်းစေရန် စွမ်းဆောင်နိုင်ခြင်းတို့ကြောင့် ကာဠုဒါယီမထေရ်မြတ်ကို မြတ်စွာဘုရားက “ကုလပ္ပသာဒဧတဒဂ်”ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။
သို့ဖြစ်ရာ တပေါင်းလပြည့်နေ့နှင့် မြတ်ဗုဒ္ဓပြည်တော်ဝင်ဇာတ်တော်ကို အကြောင်းပြု၍ မြန်မာလူမျိုးတို့အား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စင်ကြယ်ကြံ့ခိုင်ပြီး အဆင့်အတန်းမြင့်၍ ပွဲလယ်တင့်စေရန်၊ လောကီ၊ လောကုတ်နှစ်ဌာနစလုံး၌ ကောင်းကျိုးဖြစ်ထွန်းစေရန် ညွှန်ပြပေးသည့် အဆိုပါဘဝလမ်းပြ မြတ်ဓမ္မသည် မြန်မာတို့၏နှလုံးသားတွင်စီးဝင်ကာ ကောင်းကျိုးအဖြာဖြာ ဖြစ်ထွန်းစေရန်အတွက် ရည်ညွှန်းပါကြောင်း။ ။

တပေါင်းလသည် ဆောင်းမှနွေသို့ ကူး၍ မအေးလွန်း၊ မပူလွန်းသည့် လ၊ ရာသီ ဆယ့်နှစ်လတွင် လတကာတို့ထက် သဘာဝအလှတရားတို့ ပြီးပြည့်စုံသည့်လ၊ ခရီးလမ်းပန်းတို့ သွားလမ်းသာ၍ လာလမ်းဖြောင့်သည့်လဟု ရှေးစာဆိုတို့က ဖွဲ့ဆိုသည်။ အင်းဝခေတ် ရှင်အုန်းညို၏ ဂါထာ ၆၀ ပျို့တွင် “သွားခါတန်စွ၊ ဤကာလကား၊ ချမ်းမြမသန်၊ ပြင်းထန်မပူ၊ လွင်မြူမထောင်း၊ ညွန်ပျောင်းမချင်း၊ လေပြင်းမလာ၊ သည်းစွာထစ်ကြိုး၊ အုံမိုးမစွေ၊ ရေလည်းမကြီး...” ဟူ၍လည်းကောင်း၊ “ဤအခါကား၊ သာသည် ညင်းညင်း၊ မြောက်လေကြွင်းနှင့်၊ ဆီးနှင်းမကုန်၊ ပူဟုန်မသည်း၊ ပျံ့ပျံ့ ပြည်းသား၊ တိမ်မည်းမဆိုင်၊ မြည်အိုင်ရိုက်ကျူး၊ မင်းလွင် မြူးသား၊ နွေဦးသရစ်၊ အခါဖြစ်၍ ...” ဟူ၍လည်းကောင်း တပေါင်းလကို ဖွဲ့ဆိုထားသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ကာဠုဒါယီမထေရ်မြတ်က ဗုဒ္ဓမြတ်စွာဘုရားရှင်အား ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့် ဆွေတော်မျိုးတော်အပေါင်းတို့က ဖူးမြော်ခွင့်ရရန် စောင့်မျှော်နေကြသည့် ကပိလဝတ်ရွှေမြို့တော်သို့ ကြွမြန်းတော်မူပါရန် လျှောက်ထားခဲ့သည်။ ယင်းသို့လျှောက်ထားရာတွင် ခမည်းတော်မင်းကြီး၏ ကျေးဇူးကို ထောက်ထားသောအားဖြင့် မွေးရပ်ဌာနီကပိလဝတ်ရွှေပြည်သို့ ပြန်လည်ကြွမြန်းရန်သင့်သောအခါဖြစ်သည့်အကြောင်းကို ဆောင်းအကုန်၊ နွေအကူး တပေါင်းလ၏ ထူးထူးကဲကဲ သာယာလှပပုံ၊ ရွက်ဟောင်းကြွေ၍ ရွက်သစ်တို့ဝေကာ တောပန်းရနံ့များ သင်းထုံနေသော တောတောင်ရှုခင်းများနှင့် ကျေးငှက်တို့ တွန်ကျူး ပျော်မြူးနေကြပုံ၊ မပူလွန်း မအေးလွန်းသော ရာသီ ဥတုနှင့်အတူ ဖုံမထူ၊ ညွံ့ဗွက်တို့လည်း မရှိတော့ပြီဖြစ်ခြင်းကြောင့် လမ်းခရီးကောင်းမွန်ပုံတို့ကို ဂါထာများဖွဲ့သီ၍ လေးမြတ်စွာ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ကာဠုဒါယီမထေရ်မြတ်၏ လျှောက်ထားမှုကိုလက်ခံ၍ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်း လပြည့်ကျော် ၁ ရက်နေ့တွင် ရဟန္တာပေါင်း နှစ်သောင်းကျော်ခြံရံ လျက် ရာဇဂြိုဟ်ပြည်မှ ယူဇနာ ၆၀ ကွာဝေးသော ကပိလဝတ်ပြည်သို့ စတင်ကြွချီတော်မူသည်။ တစ်နေ့လျှင် တစ်ယူဇနာ (၁၃မိုင်) နှုန်းဖြင့် ရက်ပေါင်း ၆၀ ကြာ ဒေသစာရီကြွချီတော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကပိလဝတ်ပြည်သို့ ရောက်ရှိခဲ့သည်။ ထိုနေ့သည်ကား မြတ်စွာဘုရားရှင်သည် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဘဝဖြင့် မွေးရပ် ဌာနီကပိလဝတ်ပြည်မှထွက်ခွာခဲ့သည့် ခုနစ်နှစ်တင်းတင်း ပြည့်သောနေ့ပင်ဖြစ်သည်။ ကပိလဝတ်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား တရားတော်ဖြင့် ကျေးဇူးဆပ်၍ သားတော် ရာဟုလာကိုလည်း ဓမ္မအမွေပေးတော်မူသည်။ အဖူးအမြော် လာရောက်ကြသည့် ဆွေတော်မျိုးတော်များကိုလည်း သာကီဝင်မင်းမျိုးတို့၏ အမျိုးမာန်ကို ပယ်နုတ်ရန် ပေါက္ခရဝဿမိုးကို ရွာသွန်း၍ တန်ခိုးပြကာ အမျိုးအနွယ်ထက် သီလ၊ သမာဓိ၊ ပညာကို တန်ဖိုးထားရန်၊ အကျင့်မြတ်နှင့်ပြည့်စုံသည့် ရဟန်းသံဃာတို့ကို ရိုသေလေးစားရန် ဆုံးမတော်မူခဲ့သည်။
မြတ်စွာဘုရားရှင်၏ တပေါင်းလ ပြည်တော်ဝင်ခရီးစဉ်မှာ ဖခမည်းတော်သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ဆွေတော်မျိုးတော် အပေါင်းတို့၏ ဖူးမြော်လိုသည့် ဆန္ဒတို့ကို ပြည့်ဝစေခဲ့သည်။ ကပိလဝတ်သို့ မြတ်စွာဘုရားနှင့် ရဟန္တာပေါင်းနှစ်သောင်း ကြွရောက်သီတင်းသုံးတော်မူကြခြင်းကြောင့် ဗာရာဏသီပြည်နှင့် ရာဇဂြိုဟ်ပြည်တို့ပြီးလျှင် ကပိလဝတ်ပြည်သည် တတိယမြောက် ဗုဒ္ဓသာသနာထွန်းကားစည်ပင်သည့်နေရာ ဖြစ်လာသည်။ ဗုဒ္ဓဘုရားရှင်က မဟာဓမ္မပါလဇာတ်ကို ဟောကြားသည့်အခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည် အနာဂါမ်တည်ခဲ့ပြီး မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်ခဲ့သည်။ သာကီဝင်မင်းသား တစ်ထောင်တို့သည်လည်း ရဟန်းအဖြစ်သို့ ရောက်ရှိလာကြသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှစကာ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့အထိ ရက်ပေါင်း ၆၀ ကြွချီခဲ့ရသော မြတ်ဗုဒ္ဓဘုရားရှင်၏ ယူဇနာ ၆၀ ပြည်တော်ဝင်ခရီးသည် သာသနာ့သမိုင်းဝင်ဖြစ်သကဲ့သို့ အဖအမိတို့၏ ကျေးဇူးတရားကို ပေးဆပ်နိုင်ကြစေရန်လည်းကောင်း၊ ပါရမီဖြည့်ဖက်ဇနီးနှင့် သားသမီးမိသားစုတို့၏တန်ဖိုးကို အလေးအနက်ပြုနိုင်ကြရန်လည်းကောင်း၊ အဆွေအမျိုးတို့နှင့်စပ်လျဉ်း၍လည်း ကောင်းရာကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်ကြရန်လည်း ကောင်းမြတ်ဗုဒ္ဓသာသနာ့အနွယ်ဝင်တို့ အား စံနမူနာအဖြစ် လမ်းညွှန်ပြသလျက်ရှိသည်ဟူ၍ နှလုံးသွင်းနိုင်ကြပါစေကြောင်း။ ။