ကမ္ဘာ့ငြမ်းချမ်းရေးမြို့တော်အဖြစ် တင်စားခံရသည့် GENEVA
ဂျီနီဗာမြို့သည် ဆွစ်ဇာလန်နိုင်ငံတွင်းတွင် ဒုတိယမြောက် လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ် ပြီး သံတမန်ရေး၊ဘဏ္ဍာရေးနှင့် ဇိမ်ခံနာရီထုတ်လုပ်ခြင်းတို့အတွက် နာမည်ကျော်ကြားကာ ငြိမ်းချမ်းရေးမြို့တော်အဖြစ် တင်စားခေါ်ဝေါ်ခံရလေ့ရှိသည့် မြို့တစ်မြို့လည်းဖြစ်သည်။ ဂျီနီဗာမြို့သည် ကမ္ဘာ လုံးဆိုင်ရာမြို့၊ နိုင်ငံတကာဘဏ္ဍာရေးအချက်အချာနှင့် ကမ္ဘာတစ်ဝန်းရှိ သံတမန်ရေးဆိုင်ရာအချက် အချာနေရာတစ်ခုလည်းဖြစ်သည်။ ဂျီနီဗာမြို့သည် ကုလသမဂ္ဂအေဂျင်စီများစွာ၏ ရုံးချုပ်များ၊ နိုင်ငံ တကာကြက်ခြေနီကော်မတီနှင့် နိုင်ငံတကာ ကြက်ခြေနီအသင်းများအဖွဲ့ချုပ်အပါအဝင် ကမ္ဘာပေါ်တွင် နိုင်ငံတကာအဖွဲ့အစည်းအများဆုံးရှိသည့် မြို့တစ်မြို့လည်းဖြစ်သည်။ ဂျီနီဗာမြို့သည် စစ်ပွဲအတွင်း လူသားချင်းစာနာထောက်ထားမှု ဆက်ဆံမှုဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်းများကို လက်မှတ်ရေးထိုးခဲ့သည့်နေရာဖြစ်ပြီး ပထမကမ္ဘာစစ်အပြီးတွင် နိုင်ငံပေါင်းစုံအသင်းကြီးကို လက်ခံကျင်းပခဲ့သည့်နေရာလည်း ဖြစ်သည်။ ထို့ပြင် ဂျီနီဗာမြို့သည် နယူးယောက်စီးတီး၊ ဘွန်း၊ ဘေဆယ်နှင့် စထရာ့စ်ဘော့ဂ်တို့ကဲ့သို့သော မြူနီစီပယ်များနှင့် ထူးခြားသောခြားနားချက်များကိုမျှဝေထားပြီး နိုင်ငံတစ်နိုင်ငံ၏ မြို့တော်မဟုတ်ဘဲ အရေးကြီးသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ ရုံးချုပ်အဖြစ်ဆောင်ရွက်သော မြို့တစ်မြို့ လည်းဖြစ်သည်။
ဂျီနီဗာမြို့တွင် စုစုပေါင်းနေထိုင်သူလူဦးရေမှာ (၂၁၁၇၁၃)ဦးရှိပြီး ဂျီနီဗာမြို့ပြဧရိယာတွင် စုစုပေါင်းနေထိုင်သူဦးရေမှာ (၁၀၅၃၄၃၆) ဦးရှိကြောင်းလည်းသိရသည်။ (၂၀၂၅)ခုနှစ်တွင် ဂျီနီဗာမြို့သည် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစင်တာများ ညွှန်းကိန်းအရ ကမ္ဘာပေါ်တွင် (၁၅)ခုမြောက်အရေး အကြီးဆုံးဘဏ္ဍာရေးစင်တာအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပြီး လန်ဒန်၊ ဖရန့်ဖတ်နှင့် ဒုဗ္ဗလင်မြို့တို့ပြီးလျှင် ဥရောပတွင် လေးခုမြောက် အရေးအကြီးဆုံးဘဏ္ဍာရေးစင်တာအဖြစ်ရပ်တည်ခဲ့ကြောင်းသိရသည်။ (၂၀၂၄) ခုနှစ်တွင် ဂျီနီဗာမြို့သည် ကမ္ဘာပေါ်တွင် (၃)ခုမြောက်နေထိုင်ရန်အသင့်တော်ဆုံးမြို့တစ်မြို့အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာပေါ်တွင် လေးခုမြောက်ဈေးအကြီးဆုံးမြို့အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။ (၂၀၁၈)ခုနှစ်တွင် UBS ၏ ကမ္ဘာလုံးဆိုင်ရာမြို့ကြီးများ၏ အဆင့်သတ်မှတ်ချက်တွင် ဂျီနီဗာမြို့သည် စုစုပေါင်း ဝင်ငွေအတွက် ပထမနေရာနှင့် ဝယ်ယူနိုင်စွမ်းတွင် လေးခုမြောက်နေရာမှာရပ်တည်ခဲ့ကာ ဒုတိယမြောက် ဈေးအကြီးဆုံးမြို့အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။
စီးပွားရေး
ဂျီနီဗာမြို့၏ စီးပွားရေးသည် အဓိကအားဖြင့် ဝန်ဆောင်မှုအပေါ်အခြေခံထားပြီး ဘဏ္ဍာရေးဆိုင်ရာအချက်အချာနေရာများတွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်း လည်းသိရသည်။ ဂျီနီဗာမြို့၏ အဓိကကဏ္ဍသုံးခုကို ဘဏ္ဍာရေးကဏ္ဍကလွှမ်းမိုးထားပြီး အဆိုပါ ကဏ္ဍသုံးခုမှာ ကုန်စည်ရောင်းဝယ်မှု၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ချမ်းသာကြွယ်ဝမှုစီမံခန့်ခွဲမှုကဏ္ဍတို့ဖြစ် သည်။
ကမ္ဘာတစ်ဝန်းတွင် လွတ်လပ်စွာရောင်းဝယ်ဖောက်ကားနိုင်သော ရေနံ၊ သကြား၊ ကောက်ပဲ သီးနှံနှင့် ဆီမျိုးစေ့များ၏ သုံးပုံတစ်ပုံခန့်ကို ဂျီနီဗာမြို့တွင် ရောင်းဝယ်ဖောက်ကားသည်။ ကမ္ဘာလုံးဆိုင် ရာဝါ ဂွမ်း၏ (၂၂)ရာခိုင်နှုန်းခန့်ကို ဂျီနီဗာရေကန် ဒေသတွင် ရောင်းဝယ်ဖောက်ကြားပြီး အခြားရောင်းဝယ်ဖောက်ကားသည့်ပစ္စည်းများမှာ သံမဏိ၊ လျှပ်စစ်ဆိုင်ရာပစ္စည်းများ သို့မဟုတ် ကော်ဖီတို့ဖြစ်ကြောင်း သိရသည်။ ဂျီနီဗာမြို့သည် ကမ္ဘာ့အကြီးဆုံးသင်္ဘောကုမ္ပဏီဖြစ်သော မြေထဲပင်လယ်သင်္ဘောကုမ္ပဏီ၏ အခြေစိုက်ရာနေရာတစ်ခုဖြစ်သည့်အပြင် Bunge ၊ Cargill ၊ Vitol ၊ Gunvor ၊ BNP Paribas ၊ Trafigura သို့မဟုတ် Mercuria Energy Group ကဲ့သို့သော ကြီးမားသောကုန်သွယ်ရေးကုမ္ပဏီများ၏ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာရုံးချုပ်များသည်လည်း မြို့တွင်းတွင် တည်ရှိကြကြောင်းသိရသည်။
ဂျီနီဗာမြို့တွင် ကုန်စည်ရောင်းဝယ်မှုကို ခိုင်မာသောကုန်သွယ်ရေးဘဏ္ဍာရေးကဏ္ဍဖြင့် ထိန်းထားပြီး BCGE၊ BCP၊ BNP Paribas၊ BCV၊ Crédit Agricole ၊ Credit Suisse ၊ ING ၊ Société Générale နှင့် UBS ကဲ့သို့သော ဘဏ်ကြီးများသည်လည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် ဂျီနီဗာမြို့တွင် ရုံးချုပ်များရှိကြကြောင်းသိရသည်။ ထို့ပြင် ချမ်းသာကြွယ်ဝမှုစီမံခန့်ခွဲမှုကို အများပိုင်မဟုတ်သော ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များ အထူးသဖြင့် Pictet ၊ Lombard Odier ၊ Edmond de Rothschild Group ၊ Union Bancaire Privée ၊ Mirabaud Group ၊ Dukascopy Bank ၊ Bordier & Cie ၊ Banque SYZ သို့မဟုတ် REYL ရ Cie ကုမ္ပဏီတို့က လွှမ်းမိုးထားကြောင်းသိရသည်။ ထို့ပြင် ဂျီနီဗာမြို့သည် HSBC Private Bank ၊ JPMorgan Chase သို့မဟုတ် Arab Bank ကဲ့သို့သော ဆွစ်ဇာလန်နိုင်ငံရှိ နိုင်ငံခြားပိုင်ဘဏ်များ၏ အကြီးမားဆုံး စုစည်းမှုရှိသည့်နေရာတစ်ခုလည်းဖြစ်သည်။
ဘဏ္ဍာရေးကဏ္ဍနောက်ကွယ်တွင် နောက်ထပ်အကြီးမားဆုံးသောအဓိကစီးပွားရေးကဏ္ဍမှာ နာရီပြုလုပ်ခြင်းဖြစ်ပြီး Patek Philippe ၊ Vacheron Constantin ၊ Chopard ၊ Piaget ၊ Rolex ၊ Roger Dubuis ၊ Franck Muller နှင့် F. P. Journe တို့ကဲ့သို့သော ဇိမ်ခံကုမ္ပဏီများက လွှမ်းမိုးထားကြောင်း သိရသည်။ အဆိုပါဇိမ်ခံကုမ္ပဏီများ၏ စက်ရုံများသည် Les Acacias ရပ်ကွက်တွင် စုစုစည်းစည်း တည်ရှိ နေသည့်အပြင် အနီးနားရှိ Plan-les-Ouates ၊ Satigny နှင့် Meyrin တို့ကဲ့သို့သော မြူနီစီပယ်များတွင် လည်း စုစုစည်းစည်းတည်ရှိကြကြောင်းသိရသည်။
ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ချမ်းသာ ကြွယ်ဝမှုစီမံခန့်ခွဲမှုနှင့် နာရီပြုလုပ်ခြင်းတို့သည် ဒေသတွင်းတွင်ပေးဆောင်သော ကော်ပိုရိတ်အခွန်၏ သုံးပုံပုံ နှစ်ပုံခန့်ကို ပံ့ပိုးပေးထားသည်။ Firmenich နှင့် Givau dan တို့ကဲ့သို့သော ကမ္ဘာ့အကြီးဆုံး အရသာ၊ ရေမွှေးနှင့် အလှကုန် ပါဝင်ပစ္စည်းများ ထုတ်လုပ်သည့်ကုမ္ပဏီနှစ်ခု၊ ကမ္ဘာ့အကြီးဆုံးစစ်ဆေးခြင်း၊ အတည်ပြုခြင်း၊ စမ်းသပ်ခြင်းနှင့် အသိအမှတ်ပြု လက်မှတ်ဝန်ဆောင်မှုကုမ္ပဏီ SGS ၊ ဘဏ်လုပ်ငန်း ဆော့ဖ်ဝဲလ် ပံ့ပိုးပေးသည့်ကုမ္ပဏီ Temenos တို့ကဲ့သို့သော နိုင်ငံတကာကုမ္ပဏီကြီးများသည်လည်း ဂျီနီဗာမြို့တွင် ရုံးချုပ်ရှိကြောင်းသိရသည်။
ဂျီနီဗာမြို့သည် ကြက်ခြေနီအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အပြည်ပြည် ဆိုင်ရာဆက်သွယ်ရေးသမဂ္ဂ၊ ကမ္ဘာ့ ဉာဏ်ပညာပစ္စည်းဆိုင်ရာအဖွဲ့အစည်း၊ ကမ္ဘာ့မိုးလေဝသအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့တို့ကဲ့သို့သော ကမ္ဘာ့အကြီးဆုံးနိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအေဂျင်စီများထဲမှ တစ်ခုအပြင် ကုလသမဂ္ဂ၏ ဥရောပဌာနချုပ်ကိုလည်း လက်ခံထားသည့် နေရာတစ်ခုဖြစ်သည်။ ထို့ပြင်၎င်း၏ နိုင်ငံတကာအမြင်၊ ကောင်းမွန်စွာ ဆက်သွယ်ထားသောလေဆိပ်နှင့် ဥရောပတိုက်တွင် အချက်အချာကျသည့်နေရာဖြစ်မှုတို့ကြောင့် ဂျီနီဗာမြို့သည် လွှတ်တော်အစည်းအဝေးများနှင့် ကုန်စည်ပြပွဲများအတွက် ကောင်းမွန်သောနေရာတစ်ခုဖြစ်လာခဲ့ကြောင်းလည်း သိရ သည်။
(၂၀၁၉)ခုနှစ်အထိ ဂျီနီဗာမြို့တွင် အလုပ် လက်မဲ့နှုန်း(၃ဒသမ၉)ရာခိုင်နှုန်းရှိပြီး ဒုတိယ ကဏ္ဍ တွင် လူပေါင်း(၉၇၈၃)ဦးအလုပ်လုပ်ကိုင်ခဲ့ကာ အဆိုပါကဏ္ဍတွင် စီးပွားရေးလုပ်ငန်းပေါင်း (၁၂၀ဝ) ရှိခဲ့ ကြောင်းသိရသည်။ တတိယကဏ္ဍတွင် လူပေါင်း(၁၃၄၃၂၉)ဦးအလုပ်လုပ်ကိုင်ခဲ့ပြီး အဆိုပါကဏ္ဍတွင် စီးပွားရေးလုပ်ငန်းမှာ (၁၂၄၈၉) ဦးရှိသည်။ ဂျီနီဗာမြို့သို့ဝင်ရောက်လာသော အလုပ်သမားအင်အား၏ (၁၃ ဒသမ ၈) ရာခိုင်နှုန်းခန့်သည် ဆွစ်ဇာလန်ပြင်ပမှလာကြသူများဖြစ်ပြီး ဒေသခံများ၏ (ဝ ဒသမ ၄) ရာခိုင်နှုန်းခန့်သည် အလုပ်အတွက် ဆွစ်ဇာလန်နိုင်ငံတွင်းမှ ထွက်ခွာကြကြောင်းသိရသည်။ ဂျီနီဗာမြို့ တွင် အလုပ်လုပ်သူဦးရေ၏ (၃၈ ဒသမ ၂) ရာခိုင်နှုန်းသည် အလုပ်သွားရန်အတွက် အများပြည်သူသယ်ယူပို့ဆောင်ရေးကိုအသုံးပြုကြပြီး (၃၀ ဒသမ ၆) ရာခိုင်နှုန်းက ကိုယ်ပိုင်ကားကိုအသုံးပြုကြကြောင်း သိရသည်။
Np News

,