နိုင်ငံတော်အစိုးရသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများစွာတို့တွင် အားနည်းချက်များကိုပြင်ဆင်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူလူထု၏လိုအပ်ချက်များကို ဆောင်ရွက်ပေးရာတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် အရေးကြီးသည့်ကဏ္ဍဖြစ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအသုံးပြုမှုနှင့်ပတ်သက်၍ အခက်အခဲများရှိပါက ပွင့်လင်းမြင်သာစွာအသိပေးခြင်း၊ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူလူထု လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့်ပတ်သက်၍ ယခုအခါ ယခင်နှင့်မတူ ပုံမှန်သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် အချို့သောစီမံကိန်းများသည် အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှုများကြောင့် အပြည့်အဝအကောင်အထည်ဖော်နိုင်မှုမရှိဘဲ ပြည်သူလူထုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်သည်။ တစ်ဖက်တွင် ပြည်သူလူထု၏ လူမှုဘဝများမြင့်မားတိုးတက်လာမှုနှင့်အတူ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်ဖြစ်ပေါ်လျက်ရှိရာ ဝန်နှင့်အား မမျှတတော့ဘဲ ကြိုးပမ်းရုန်းကန်နေရသည့်အခြေအနေဖြစ်နေသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများတွင် ပြန်လည်အသုံးပြုရပြီး ၄ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ရှည်လျားစွာ သွယ်တန်းထားရသည့် မဟာဓာတ်အားလိုင်းကြီးများတစ်လျှောက် အလိုအလျောက် ဓာတ်အားဆုံးရှုံးသွားသဖြင့် သုံးစွဲသူပြည်သူများထံသို့ ရောက်ရှိချိန်တွင် ထုတ်လုပ်မှု၏ ရှစ်ရာခိုင်နှုန်းခန့်သည် သဘောသဘာဝအရ လျော့နည်းနေလျက်ရှိသည်။ ထို့အပြင် အချို့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအရင်းအမြစ်များ၊ ဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းကြီးများမှာ အကြမ်းဖက်အဖျက်သမားများ၏ ဖျက်ဆီးခြင်းအမျိုးမျိုးခံထားရသဖြင့် လျှပ်စစ်ဓာတ်အား အပြည့်အဝအသုံးပြုနိုင်ရန်ကျန်ရှိသည့် ဓာတ်အားခွဲရုံများနှင့် မဟာဓာတ်အားလိုင်းကြီးများက ဝန်ပိုများထမ်းဆောင်နေရသည်။
တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား လွှမ်းခြုံဖြန့်ဖြူးပေးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် တည်ဆောက်ပေးထားသော ရေအားလျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ၊ ဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းကြီးများကို မြို့ပြများနှင့် အလှမ်းဝေးသည့်နေရာများတွင် တည်ဆောက်ထားရသည်။ အထူးသဖြင့် မဟာဓာတ်အားလိုင်းကြီးများကို တောတောင်လွင်ပြင်များကြားမှ ရှည်လျားစွာဖြတ်ကျော်သွယ်တန်း တည်ဆောက်ထားရသည်။
ပြီးခဲ့သည့်ကာလတစ်လျှောက်နှင့် လက်ရှိတွင် ကျေးလက်တောရွာ၊ တောတောင်လွင်ပြင်များ၌ ခိုအောင်းအခြေချနေသော အကြမ်းဖက်အဖျက်သမားများသည် အများပြည်သူအကျိုးစီးပွားကို ထောက်ထားငဲ့ညှာမှုမရှိဘဲ မဟာဓာတ်အားလိုင်းကြီးများအား မကြာခဏဖျက်ဆီးနေသည်ကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ဖျက်ဆီးခံရမှုများနှင့်ပတ်သက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအကာအကွယ် စောင့်ရှောက်ပေးမှုများ၊ ဒေသခံပြည်သူများ၏ အကူအညီများနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက စွန့်လွှတ်စွန့်စားကာ ဇွဲလုံ့လဝီရိယတို့ဖြင့် ရာသီအချိန်မရွေး တောတောင်လွင်ပြင်များအတွင်း အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ပေးလျက်ရှိသည်။
ထိုသို့ပြင်ဆင်နေချိန်တွင်လည်း ပြင်ဆင်ရေးအဖွဲ့များသွားရောက်ရာ လမ်းတစ်လျှောက်၌ မိုင်းထောင်ထားခြင်း၊ ပြင်ဆင်နေစဉ် နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပြင်ဆင်ပြီး အပြန်ခရီးတွင်လည်း မိုင်းထောင်တိုက်ခိုက်ခြင်းတို့ကြောင့် ဝန်ထမ်းအချို့သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သည်ဟု သိရသည်။ ယင်းသို့ဖြစ်ပေါ်နေသည့် အခက်အခဲအန္တရာယ်များကြားမှပင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နည်းပညာဆိုင်ရာအခက်အခဲများကို ဖြေရှင်းကျော်လွှားခြင်း၊ အဖျက်သမားများအား ဖော်ထုတ်ဖြေရှင်းခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့သဖြင့် ရေလှောင်တမံများ၏ ရေသိုလှောင်မှု အနိမ့်ဆုံးအမှတ်သို့ရောက်ရှိသည့်ကာလများတွင်ပင် လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် တိုးမြှင့်ဖြန့်ဖြူးနိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
သို့ဖြစ်ရာ ပြည်သူလူထုလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့ဝင်များအား အသိအမှတ်ပြုဂုဏ်ပြုရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်အရင်းအမြစ်များဖြစ်သည့် အခြေခံအဆောက်အအုံများကို ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးပြီး အဖျက်သမားအန္တရာယ်များနှင့် လျှပ်စစ်စွမ်းအားတန်ဖိုးများကို သိမြင်နားလည်ကာ နိုင်ငံတော်နှင့် ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
MDN (ကြေးမုံ)

လူတိုင်း ကျန်းမာကြံ့ခိုင်ရေးအတွက် အသားငါး (Protein) စားသုံးရန် လိုသည်။ အရည်အသွေးမြင့်သော အသားဓာတ် (Protein) က ခန္ဓာကိုယ်ကြွက်သားများ ဖွံ့ဖြိုးရန်နှင့် ဆဲလ်အသစ်များ ဖြစ်ပေါ်ရန် အထောက်အပံ့ပြုသည်။ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် လူတစ်ဦးသည် မိမိခန္ဓာကိုယ်အလေးချိန် (ကီလိုဂရမ်) တိုင်းအတွက် နေ့စဉ်အသားဓာတ် (ဝ ဒသမ ၈) ဂရမ်ခန့် စားသုံးရန် လိုအပ်သည်ဟု ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။
အသက် ၆ဝ အထက် သက်ကြီးပုဂ္ဂိုလ်များမှာ တစ်ရက်လျှင် အသား ၁ဝဝ မှ ၁၁ဝ ဂရမ်ခန့် စားသင့်ပြီး ကြီးထွားဖွံ့ဖြိုးရန်အတွက် ပရိုတင်းဓာတ် ပိုမိုလိုအပ်သည့် ကလေးများအတွက်မူ အသက် ၁နှစ်မှ ၃ နှစ်အထိ နေ့စဉ် (၇၅) ဂရမ်၊ အသက် ၄ နှစ်မှ ၆ နှစ်အထိ နေ့စဉ် ဂရမ် (၁၀၀) ၊ အသက် ၇ နှစ်မှ ၁၀ နှစ်အထိ နေ့စဉ် ဂရမ် (၁၂၀) စားသုံးသင့်သည်ဟုလည်း အကြံပြုထားသည်။
မြန်မာနိုင်ငံသားတို့၏ သားငါးစားသုံးမှုဓလေ့ကို ကြည့်လျှင် အသားထက် ငါးကို ပိုမိုစားသုံးကြသည်ဟု ဆိုသည်။ သားငါးထုတ်လုပ်မှုကဏ္ဍတွင်လည်း နှစ်စဉ် အသားထုတ်လုပ်မှုမှာ တန်ချိန် ၂ ဒသမ ၅ သန်းရှိပြီး ငါးထုတ်လုပ်မှုမှာ နှစ်စဉ် တန်ချိန် ၃ သန်းကျော်ခန့် ရှိသည်ဟု သိရသည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြရာတွင် မွေးမြူရေးကိုလည်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်ကြသည်။ မိရိုးဖလာနည်းအတိုင်း တိရစ္ဆာန်များကို လွှတ်ကျောင်းမွေးမြူလေ့ရှိကြပြီး အစာကျွေးချိန်ရောက်မှ ခေါ်ယူကျွေးမွေးကြကာ စီးပွားရေးအကျိုးအမြတ်ရရှိမှုအပေါ်တွင်လည်း စနစ်တကျ တွက်ချက်မှုမရှိခဲ့ကြ။ သို့ဖြစ်ရာ မွေးမြူရေးကို စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်း အများအားဖြင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်မှု အားနည်းကြသည်။
ခေတ်မီမွေးမြူရေး ဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာများနှင့် စီမံခန့်ခွဲမှုများကို စနစ်တကျကျင့်သုံးကာ သွင်းအားစုအနည်းဆုံးနှင့် အထွက်နှုန်းအမြင့်ဆုံးရရှိရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ကြခြင်းဖြစ်သည်။ မွေးမြူရေးခြံများကို အပူချိန်နှင့် စိုထိုင်းဆများ ထိန်းညှိပေးခြင်း၊ လေဝင်လေထွက် ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို စနစ်တကျစုဆောင်း၍ သဘာဝမြေသြဇာ၊ ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း စသည့် နည်းလမ်းများဖြင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးကြသည်။
မွေးမြူရေးခြံများကို တိရစ္ဆာန်ကူးစက်ရောဂါများ ကာကွယ်ရေးအတွက် ပိုးမွှားကင်းစင်စေရန် မွေးမြူရေးခြံအဝင်အထွက်များကို တင်းကျပ်စွာ ကန့်သတ်ခြင်း၊ ခြံထဲသို့ ဝင်ရောက်သည့် လူ၊ ကား စသည်တို့ကို ပိုးသတ်ဆေးဖျန်းခြင်း၊ တိရစ္ဆာန်များကို ရောဂါကာကွယ်ဆေးများ သတ်မှတ်ကာလအလိုက် စနစ်တကျထိုးနှံခြင်းစသည်ဖြင့် ဇီဝလုံခြုံရေးနှင့် ရောဂါကာကွယ်ရေးများ ဆောင်ရွက်ကြရသည်။ တိရစ္ဆာန်များကို စံချိန်စံညွှန်းမီအစာများ ကျွေးမွေးရာတွင် တိရစ္ဆာန် များ၏ အရွယ်နှင့် လိုအပ်ချက်အပေါ်မူတည်၍ အာဟာရဓာတ် မျှတစွာပါဝင်သည့် အစာများကို ရောစပ်ကျွေးမွေးခြင်း၊ အလိုလျောက်ရေတိုက်သည့်စနစ်ဖြင့် ရောဂါကင်းပြီး သန့်ရှင်းသည့်ရေကို အချိန်မရွေးရရှိစေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးထားကြရသည်။ ခေတ်မီနည်းစနစ်ဖြင့် မွေးမြူခြင်းက အရည်အသွေးမြင့် အသားနှင့် ထုတ်ကုန်များကို အချိန်တိုအတွင်း အထွက်နှုန်း အများဆုံးရရှိစေကာ အမြတ်အစွန်းအများဆုံးရရှိနိုင်သည့် စီးပွားရေးလုပ်ငန်းဖြစ်သည်။
မိမိတို့နိုင်ငံရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများအနေဖြင့် သိပ္ပံနည်းကျ ခေတ်မီမွေးမြူရေးစနစ်သို့ မလျှောက်လှမ်းနိုင်မီ စနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဦးစွာကျင့်သုံးဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မွေးမြူရေးတိရစ္ဆာန်များကို ခြံများတွင် လှောင်၍ မွေးမြူကြရာတွင် သန့်ရှင်းသပ်ရပ်သည့် အစာကျွေးမွေးမှုစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကို ဦးစွာအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုသည်။ မွေးမြူရေးအစာများအတွက် ဒေသတွင်း မှ ထွက်ရှိသည့် စိုက်ပျိုးရေးကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာထုတ်လုပ် ကျွေးမွေးခြင်း၊ စားသုံးမှုဖူလုံအောင် မွေးမြူထုတ်လုပ်ပေးခြင်းဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ကျစေမည်လည်းဖြစ်သည်။
မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အားနည်းလျက်ရှိရာ နိုင်ငံ၏ ဂျီဒီပီမှာ နိမ့်ကျလျက်ရှိသကဲ့သို့ စီးပွားရေးတွင်လည်း ဒေသတွင်းနိုင်ငံများတွင် နောက်ကျလျက်ရှိသည်။ ဈေးကွက်ဝယ်လိုအား ဖြည့်ဆည်းနိုင်ရန် လိုအပ်ချက်ကြောင့် ကုန်စျေးနှုန်းများမှာလည်း ကြီးမြင့်လျက်ရှိသည်။ ယခုအခါ မွေးမြူရေးဇုန်များ ဖော်ဆောင်နေခြင်းသည် အသား၊ ငါးနှင့် ဥများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး၊ စားရေရိက္ခာ ဖူလုံပေါများရေးတို့ကို ရည်ရွယ်ခြင်းဖြစ်သည်နှင့်အညီ လုပ်ငန်းရှင်များက လုပ်ငန်းများ အောင်မြင်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
moi
Photo: Gemini

ရာသီဥတုအပူပြင်းဆုံးအချိန်ဖြစ်သည့် ဧပြီလနှင့် မေလတို့မှာ ဓာတ်အားသုံးစွဲမှုအားဖြင့်လည်း အမြင့်ဆုံးအချိန်ဖြစ်သည်။ ယင်းသို့သောအချိန်ကာလတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်၍ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီမှစတင်ကာ အဆင့်ဆင့်တိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့သည်။
ယင်းသို့ ဖြန့်ဖြူးပေးရာတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ် ၁၆ နာရီမှ ၁၈ နာရီ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၈ နာရီမှ နာရီ ၂၀ အထိလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း နေ့စဉ် ၁၄ နာရီမှ ၁၆ နာရီ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၆ နာရီမှ ၁၈ နာရီအထိ လည်းကောင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များအတွက် နေ့စဉ် ၁၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးနေမှုအစား အနည်းဆုံး ၁၄ နာရီအထိ လည်းကောင်း အသီးသီးတိုးမြှင့်ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်သုံးစွဲမှုအမြင့်ဆုံး (Peak Load) ကာလဖြစ်သော ဧပြီလနှင့် မေလတို့အတွင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုကို ယခင်နှစ်အလားတူကာလအတွင်း ဖြန့်ဖြူးပေးနိုင်ခဲ့မှုနှင့် နှိုင်းယှဉ်ကြည့်ပါက သိသာစွာတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်းကို တွေ့ရှိရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ပြည်သူ့ဆေးရုံကြီးများ၊ အရေးကြီးဌာနဆိုင်ရာများ၊ LNG ဖြင့် ဓာတ်အားရယူထားသော စက်မှုဇုန်များ၊ စီးပွားရေးလုပ်ငန်းများသို့ အချိန်ပြည့်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားပြီး ရုံးပိတ်ရက်များတွင် အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနေသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ဆောင်ရွက်နေဆဲဖြစ်သော လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများ အမြန်ဆုံးပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ သို့သော် ယင်းစီမံကိန်းများ အနက် အချို့မှာ အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှု၊ ပယောဂများ စသည်တို့ကြောင့် အကောင်အထည်ဖော်နိုင်ခြင်းမရှိသလို အချို့သောဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်များ၊ ဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းကြီးများမှာလည်း အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသည်။
အကြမ်းဖက်ဖျက်ဆီးခံရသည့် ရေအားလျှပ်စစ်စီမံကိန်းများ၊ ဓာတ်အားပေးစက်ရုံသို့ ပို့လွှတ်သည့် ဓာတ်ငွေ့ပိုက်လိုင်းများ၊ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို မြန်မာ့တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအစောင့်အရှောက်နှင့် ပြည်သူများ၏ အကူအညီများကိုရယူပြီး အမြန်ဆုံးပြန်လည်ပြုပြင်လျက်ရှိရာတွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ထမ်းများ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိသည်။ ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည် စွမ်းအင် ( Solar and RE) မှ ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင် (Gas + LNG+ Coal) မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ပြည်သူလူထုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် စွမ်းအင်အရင်းအမြစ်အမျိုးမျိုး အလုံအလောက်ရှိနေပြီး နှစ်စဉ်တိုးတက်နေသည့် ဓာတ်အားလိုအပ်ချက်ကို ပြည့်မီကျော်လွန်အောင် ထုတ်လုပ်နိုင်သည့် အခြေအနေနှင့်လည်း ပြည့်စုံသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် စီမံကိန်းများ ဆောင်ရွက်ရာတွင် အမှောင့်ပယောဂ ပေါင်းစုံတို့ဖြင့် ဖျက်လိုဖျက်ဆီးနှောင့်ယှက်မှုများရှိနေသကဲ့သို့ တည်ရှိ ပြီးဖြစ်သည့် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အား ခွဲရုံများ စသည်တို့ကို အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများလည်း ရှိနေရာ အဆိုပါအဖျက်လုပ်ရပ်များက နိုင်ငံနှင့်လူမျိုး၏ အကျိုးစီးပွားကို ဖျက်ဆီးနေခြင်းပင်ဖြစ်သည်။ ထိုမျှမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များပျက်စီးစေရန် ယုတ်မာညစ်ထေးသောအကြံဖြင့် ပြုလုပ်ခြင်းဖြစ်သကဲ့သို့ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို နိမ့်ကျစေရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။
လတ်တလောအခြေအနေအရ မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် သုံးစွဲမှုလိုအပ်ချက်ကို ပြည့်မီနိုင်ရေးအတွက် နောက်ထပ်ဖြည့်ဆည်းမှုများစွာ ပြုလုပ်ပေးရန် လိုအပ်နေဦးမည်ဖြစ်သလို အကြမ်းဖက်ဖျက်ဆီးတိုက်ခိုက်မှုများကြောင့်လည်း နောက်ထပ်လိုအပ်ချက်များစွာ ဖြစ်ပေါ်နေသည့်တိုင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အခက်အခဲများစွာကြားမှ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအပေါ်တွင်လည်း ကောင်း၊ ပြည်သူများ လျှပ်စစ်နှင့်စွမ်းအင်ကို ကြောင့်ကြကင်းစွာ အသုံးပြုနိုင်ရေး အသက်နှင့် ခန္ဓာကိုရင်းနှီးကာ ကြိုးပမ်းဆောင်ရွက် နေမှုအပေါ်တွင်လည်းကောင်း အလေးအနက်အသိအမှတ်ပြုကာ အကြမ်းဖက်သောင်းကျန်းသူ ချေမှုန်းတိုက်ဖျက်ရေးတွင် ပြည်သူတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။

ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ် သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များအနေဖြင့် အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်နိုင်သော အခြေအနေရှိနေသည်ဟု ခန့်မှန်းတွက်ချက်ပေးထားသည်။ လက်ရှိ အခြေအနေတွင်လည်း မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၌ အယ်လ်နီညိုသက်ရောက်မှုရှိသည့် ရာသီဥတု မူမမှန်မှုကို ကြုံတွေ့နေရသည်။
နိုင်ငံတကာမိုးလေဝသဌာနများ၏ တိုင်းတာတွက်ချက်လေ့လာမှုများအရ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်တွင် ၂၀၂၆ ခုနှစ် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ပုံမှန် ဖြစ်ပေါ်လေ့ရှိသည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုး သက်ရောက် မှုများမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။
အယ်လ်နီညိုဆိုသည်မှာ အစွန်းရောက်သဘာဝဘေးတစ်ခုဖြစ်ပြီး အလွန်ပူနွေးခြောက်သွေ့သည့် သဘာဝဖြစ်စဉ်တစ်ခုဟု အကြမ်းဖျင်းမှတ်သားနိုင်သည်။ တိတိကျကျဆိုလျှင် တောင်အမေရိက တိုက်၏ အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများဖြစ်သည့် အီကွေဒေါနှင့် ပီရူးနိုင်ငံများဆီသို့ ခရစ္စမတ်ကာလတွင် တိုးဝင်လာကြသော ပင်လယ်ရေပူစီးကြောင်းများကို ဒေသခံတံငါသည်များက ခေါ်ဝေါ်ခဲ့ကြသည့် အမည်ဖြစ်သည်။ ယေဘုယျအားဖြင့် အယ်လ်နီညိုသည် ငါးနှစ်မှ ခုနစ်နှစ်တွင် တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိသော်လည်း နောက်ပိုင်းတွင် နှစ်နှစ်၊ သုံးနှစ်လျှင်တစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ အယ်လ်နီညိုဖြစ်စဉ်သည် အားကောင်းပါက တောင်အမေရိကနိုင်ငံများမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ပျံ့နှံ့ဖြစ်ပေါ်တတ်ပြီး ရာသီဥတုဖောက်ပြန်မှု ပြင်းထန်လာတတ်သည်။
၁၉၈၂-၁၉၈၃ ခုနှစ်တွင် လွန်ကဲပြင်းထန်သော ရာသီဥတုဖောက်ပြန်မှု ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာအနှံ့ စိုးရိမ်ပူပန်မှုများ၊ ဘေးဒုက္ခကျရောက်မှုများ ကြုံတွေ့ခဲ့ရသည်။ ၁၉၇၈ ခုနှစ်မှ ၁၉၉၈ ခုနှစ် ကာလအတွင်းကို ပူပြင်းခြောက်သွေ့သောကာလအဖြစ် မှတ်တမ်းတင်ခဲ့သည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ထပ်မံဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုသည် အဆိုးရွားဆုံး၊ အပြင်းထန်ဆုံးဖြစ်သဖြင့် တစ်ကမ္ဘာလုံး အလူးအလဲ ခံစားကြရသည်။ အဆိုပါအယ်လ်နီညိုကြောင့် အထွေထွေ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၄ ဘီလီယံရှိခဲ့သည်။ သေဆုံးသူ ၂၄၀၀၀၊ ဒဏ်ရာရသူ ၅၃၃၀၀၀၊ ရွှေ့ပြောင်းထွက်ခွာသူ ခြောက်သန်း၊ ထိခိုက်သူစုစုပေါင်း ၁၁၁ သန်းနှင့် ထိခိုက်ခဲ့သည့် မြေဧက ပေါင်း ၅၆ သန်းရှိခဲ့သည်။
၁၉၉၇-၁၉၉၈ ခုနှစ်တွင် ကြုံတွေ့ခဲ့သော အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီး ၁၈ မြို့တွင် အပူချိန်အမြင့်ဆုံး စံချိန်သစ်များတင်ခဲ့သည်။ မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန်အနည်းဆုံးစံချိန်သစ်များ တင်ခဲ့သည်။ ၂၀၁၅-၂၀၁၆ ခုနှစ် ကာလအတွင်းဖြစ်ပေါ်ခဲ့သော အားကောင်းသည့်အယ်လ်နီညိုကြောင့် စံချိန်တင် ပူပြင်းခြောက်သွေ့မှုများကြုံတွေ့ခဲ့ရပြီး ၂၀၁၆ ခုနှစ်အတွင်း စံချိန်တင်မီးလောင်ကျွမ်းမှုများ၊ ပူပြင်းခြောက်သွေ့မှုနှင့် တိုက်ရိုက်သက်ဆိုင်သော ရောဂါဖြစ်ပွားမှုများ၊ သောက်သုံးရေရှားပါးမှုနှင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။
၂၀၂၆ ခုနှစ် နွေအကုန် မိုးဦးကျကာလ၌ ပုံမှန်အတိုင်း မိုးရွာသွန်းမှုများ ဖြစ်ပေါ်ရမည်ဖြစ်သော်လည်း မိုးရွာသွန်းမှုပုံမှန်မဟုတ်ဘဲ မိုးရိပ်မိုးလေအခြေအနေနှင့် ပူလောင်ပြင်းပြမှုများကို ခံစားနေကြရသဖြင့် ခန့်မှန်းထားသည့်အတိုင်း အယ်လ်နီညိုဖြစ်စဉ်နှင့်စတင်ကြုံတွေ့နေရပြီဟု ဆိုနိုင်သည်။ ဆက်လက်၍ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် လာမည့်ကာလများတွင် ဆိုးဆိုးရွားရွားကြုံတွေ့နိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ များသောအားဖြင့် အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်လွန်ခြင်း၊ သောက်သုံးရေ ပြတ်လပ်ခြင်းများနှင့် ကြုံတွေ့နိုင်သဖြင့် ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၆ ခုနှစ်တွင် အယ်လ်နီညိုဖြစ်စဉ် စတင်ပေါ်ပေါက်နေပြီဖြစ်ရာ ထိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ပါသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူအားလုံးအနေဖြင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို သတိပြုပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ဖွယ်ရာရှိသည်များကို အထူးဆောင်ရွက်ကြရန်လိုမည်ဖြစ်ပါကြောင်း။

ရပ်ရွာဒေသများ အပတ်စဉ်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်လျက် ရှိကြရာ သန့်ရှင်းသပ်ရပ်မှုများမှာလည်း တစ်ပတ်ထက်တစ်ပတ် ပိုမိုတိုးတက်လာသည်။ သို့ရာတွင် သန့်ရှင်းရေးပြုလုပ်ကြရုံမျှဖြင့် မလုံလောက်ဘဲ ပြုလုပ်ပြီးသမျှ သန့်ရှင်းမှုတို့တည်စေ၊ မြဲစေဖို့ ရပ်ရွာနေသူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်လိုသည်။ အပတ်စဉ် ရုံးပိတ်ရက် တစ်ရက်တွင် ဝိုင်းဝန်းစုပေါင်းသန့်ရှင်းရေးလုပ်လိုက်ကြပြီး ကျန်ရက်သတ္တတစ်ပတ်လုံး စည်းကမ်းမဲ့စွာ စွန့်မြဲ၊ ပစ်မြဲ၊ ရှုပ်မြဲ၊ ဖွမြဲ လုပ်ကြမည်ဆိုလျှင် တစ်ရက်ခံ သန့်ရှင်းရေးမျှသာ ဖြစ်မည်။
မြို့ရွာများ သန့်ရှင်းမှုသည် ဇာတိ ပဝတ္တိ နေထိုင်ကြသူတိုင်း၏ ကိုယ်ရောစိတ်ပါ နှစ်ဖြာသော ကျန်းမာချမ်းသာမှုတို့အပေါ် များစွာအကျိုးသက်ရောက်မှုရှိသည်။ သန့်ရှင်းမှုအပေါ်တွင် သပ်ရပ်မှုကိုပါ ထပ်ဆင့်မည်ဆိုလျှင် ထိုအရပ်ဒေသသည် စိတ်နှလုံးမွေ့လျော်ဖွယ် ဖြစ်လာသည်။ လမ်းများ၊ လူသွားစင်္ကြံများ၊ ရေနုတ်မြောင်းများ၊ တူးမြောင်းများ၊ ရေကန်များ၊ လူနေအိမ်ရာ အဆောက်အအုံများ၊ နေအိမ်ဥပစာ ခြံစည်းရိုးများနှင့် ဥယျာဉ်ငယ်များ၊ အရိပ်ရပင်များနှင့် ရာသီအလိုက် ဖူးပွင့်ကြသည့် အပင်များ၊ ဈေးများ၊ ဆိုင်များ၊ အများပြည်သူဆိုင်ရာ နေရာများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များ စသည်ဖြင့် မြို့ပြနှင့် သက်ဆိုင်သည့်အရာများအားလုံး သူ့နေရာ နှင့်သူ သန့်ရှင်းသပ်ရပ်နေသည့် ကမ္ဘာကျော်မြို့များ၏ မြို့ပြရှုခင်း မြင်ကွင်းများကို တွေ့မြင်ကြရသူတိုင်းက ရင်သပ်ရှုမောကြသည်။ စိတ်ကြည်နူးပျော်မွေ့ဖွယ်ရာ ထိုနေရာ၊ ထိုဒေသများသို့ အရောက်သွား၍ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လိုကြသည်။
စင်စစ်အားဖြင့် မိမိတို့နိုင်ငံရှိ မြို့ရွာဒေသအားလုံးတို့မှာလည်း ကိုယ်ပိုင်အလှတရားနှင့် ထူးခြားချက် ကိုယ်စီ ရှိကြသည်ချည်းသာဖြစ်သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှသည် တိုင်းဒေသ ကြီးများနှင့် ပြည်နယ်များ၏ မြို့တော်များ၊ ဒေသအလိုက် ကွဲပြား ခြားနားသည့် ပထဝီအနေအထားနှင့် ဂုဏ်တင်လောက်စရာ အလှ ကိုယ်စီ ပိုင်ဆိုင်ထားသည့် မြို့များ၊ ရွာများ များစွာတို့မှာ မိမိတို့ ဖော်ထုတ်နိုင်ကြမည်ဆိုလျှင် ကမ္ဘာကျော်နိုင်မည့် နေရာများပင်ဖြစ် သည်။ သို့ရာတွင် မိမိတို့ မြို့ရွာများစွာတို့၏ ပကတိအလှတရားတို့မှာ ဖော်ထုတ်မှု၊ ထိန်းသိမ်းမှုတို့အားနည်းနေသလို ချုံနွယ်ပိတ်ပေါင်းများ၊ ကျူးကျော် အဆောက်အအုံများ၊ အမှိုက်သရိုက်များ၏ ဖုံးကွယ်မှု နောက်သို့ ရောက်ရှိနေသည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ၊ ကိုလိုနီခေတ် လက်ကျန် သမိုင်းဝင် အဆောက် အအုံများ၊ ဒေသ၏ ထင်ရှားသော အထိမ်းအမှတ် ( Landmark )အရာဝတ္ထုများ၊ ထင်ရှားသောပုဂ္ဂိုလ်များနှင့် ဆက်နွှယ်နေသည့် အဆောက်အအုံများ၊ ရာဇဝင် ပုံဝတ္ထုများ စသည်တို့နှင့် သက်ဆိုင် သည့် နေရာများ စသည်တို့မှာ မြို့ရွာဒေသများစွာတို့မှာ ကိုယ်စီ ရှိနေကြသည်။ ထိုကဲ့သို့သော အဆောက်အအုံ၊ အရာဝတ္ထု၊ အထိမ်း အမှတ်နေရာ စသည်တို့ကို ကမ္ပည်းထိုး၍ ဖော်ထုတ်ထိန်းသိမ်းကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ မုတ်သုံလေ ဝင်ရောက်ခဲ့ပြီဖြစ်ရာ မကြာမီ မိုးရာသီ ရောက်ရှိလာတော့မည်ဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွင် မိုးလေတို့သည် အစိုးမရ။ အစွန်းရောက် မိုးလေ၀သ ဖြစ်စဉ်တို့ ချိန်ခါမရွေး ဖြစ်ပေါ်နိုင်သည်ဟု မျှော်လင့်ထားကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့နေထိုင်ရာ ရပ်ရွာများအတွင်း အမှိုက်သရိုက်များနှင့် ချုံနွယ်ပိတ်ပေါင်းများ ကင်းစင်နေစေရန် ရှင်းလင်းထားကြရမည်ဖြစ်သကဲ့သို့ လမ်းများပေါ်တွင် ရေမတင်စေရန်၊ ရေနုတ်မြောင်းများ ရေဆင်းကောင်းစေရန်လည်း ရှင်းလင်းထားကြရမည်ဖြစ်သည်။ မြို့တွင်းလမ်းများတွင် သစ်ပင်များ အုပ်မိုးခြင်းသည် အရိပ်ရခြင်းထက်ပို၍ မှောင်နေစေမည်၊ လမ်းပေါ်တွင် စိုစွတ်နေစေမည်ဆိုပါက သစ်ကိုင်းများကို လိုအပ်သလောက် ဖယ်ရှားရှင်းလင်းကာ အလင်းဖွင့်ပေးရမည်ဖြစ်သည်။
ထို့အပြင် မြင်ကွင်းညစ်ညမ်းမှုကိုဖြစ်စေသည့် ကြော်ငြာဆိုင်းဘုတ် အဟောင်းအပျက်များ၊ လျှပ်စစ်ကြိုး၊ ဖုန်းကြိုး၊ အင်တာနက်ကြိုးအရှုပ်အထွေးများ၊ နံရံကပ်ကြော်ငြာများ အပါအဝင် အသုံးပြုခြင်းမရှိသည့် အရာဝတ္ထုများ အားလုံးကိုလည်း အများပြည်သူမြင်ကွင်းမှ ဖယ်ရှားပစ်ရန် လိုမည်ဖြစ်သည်။ သို့ရာတွင် အချို့သော အပျက်အစီး အဟောင်းအနွမ်းတို့သည် သမိုင်းတန်ဖိုးရှိသော ဒေသ၏ အမွေအနှစ်ဖြစ်နေပါက စနစ်တကျထိန်းသိမ်းစောင့်ရှောက်ကြရမည်လည်းဖြစ်သည်။ မိမိတို့နေထိုင်ရာ လုံးချင်းအိမ်များ၊ စုပေါင်းအိမ်ရာများနှင့် ရုံးဌာနဆိုင်ရာ အဆောက်အအုံ မျက်နှာစာများ စသည်တို့ကို အမြဲထာဝစဉ် သပ်ရပ်တင့်တယ်စွာ ထိန်းသိမ်းထားကြရန်နှင့် မိမိတို့နေထိုင်ရာ မြို့ပြရပ်ရွာများ လှပတင့်တယ်မှုသည် မိမိတို့၏ ဂုဏ်သိက္ခာတစ်ရပ်အဖြစ် ဂုဏ်ယူ လိုစိတ် မွေးကြရန်လည်းလိုသည်။
မြန်မာစကားတွင် “အိမ်သာလျှင် ဧည့်လာသည်” ဟူ၍ ဆိုရိုးရှိရာ ကိုယ့်အိမ်ကိုယ့်ရာသဖွယ်ဖြစ်သော ကိုယ့်မြို့ကိုယ့်ရွာသို့ ဧည့်ကောင်းဆောင်ကောင်းတို့ လာရောက်ကြခြင်းဖြင့် ဒေသအကျိုး၊ မိမိတို့အကျိုး ဖြစ်ထွန်းစေနိုင်မည်ဖြစ်သည့်အလျောက် ရပ်ရွာများသန့်ရှင်းသာယာလှပစေရန် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား ပါဝင်ကြရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။
MDN (မြန်မာ့အလင်း)

ရေသည် လူတိုင်းနေ့စဉ်သုံးစွဲရန်လိုအပ်သည့် မရှိမဖြစ်သယံဇာတဖြစ်သည်။ ရေသည်လွန်စွာအဖိုးတန်သည့် အရင်းအမြစ်တစ်ခု ဖြစ်သည့်အလျောက် ရေအရင်းအမြစ်များ ပျက်စီးပျောက်ကွယ်ဆုံးရှုံးမှုမဖြစ်စေရန် စနစ်တကျထိန်းသိမ်း၍ အကျိုးရှိရှိအသုံးပြုကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝသောနိုင်ငံဖြစ်ပြီး အဓိကမြစ်ကြီးလေးသွယ်နှင့် မြစ်ချောင်းများမှ နှစ်စဉ်ရေချိုဧက ပေ သန်း ၈၀၀ ကျော်စီးဆင်းလျက်ရှိသည်။ သဘာဝမြစ်ချောင်းများမှ ရေကောင်းရေသန့်ရရှိနိုင်မှုပမာဏသည် အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားပြီးလျှင် ဒုတိယအများဆုံးဖြစ်ပြီး အာရှနိုင်ငံများထဲတွင် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်ပြီးလျှင် ပဉ္စမအဆင့်တွင်ရှိသည်။ တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိခြင်းကြောင့် ရေချိုပေါများသည့်နိုင်ငံဖြစ်သည်။ သို့ရာတွင် မြစ်ချောင်းများမှ စီးဆင်းလျက်ရှိသည့် ရေချိုပမာဏ၏ ၅ ရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးရေ၊ အိမ်သုံးရေနှင့် စက်မှုသုံးရေအဖြစ် သုံးစွဲနိုင်သေးခြင်းကြောင့် နိုင်ငံ၏ရေသယံဇာတကို အကျိုးရှိစွာသုံးစွဲနိုင်ရန် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံသည် သဘာဝရေအရင်းအမြစ် ကြွယ်ဝသည်ဟုဆိုသော်လည်း ခြောက်သွေ့ရာသီသို့ရောက်ရှိသည်နှင့် သောက်သုံးရေ မလုံလောက်သည့် ရပ်ရွာဒေသများ ရှိနေသည်။ အထူးသဖြင့် မိုးနည်းရေရှား အပူပိုင်းရပ်ဝန်းဒေသများတွင် ရေအခက်အခဲများ ရှိနေကြသည်။ ရေရှားပါးမှုဖြစ်စေသည့် အကြောင်းအရာများမှာ ရာသီဥတုပြောင်းလဲမှုနှင့် လူတို့၏မဆင်မခြင်ပြုလုပ်မှုတို့ကြောင့် ရေထွက်များ၊ မြစ်ချောင်းအင်းအိုင်များ စသည့်ရေအရင်းအမြစ်များ ပျက်စီးပျောက်ကွယ်သွားခြင်း၊ ရေဝေရေလဲဒေသရှိ သစ်ပင် သစ်တောများနှင့် သဘာဝသစ်တောများ ပြုန်းတီးခြင်း၊ ဒေသစိမ်းလန်းစိုပြည်မှုကင်းမဲ့ခြင်း စသည့်သဘာဝပတ်ဝန်းကျင်ပျက်စီး ယိုယွင်းမှုများနှင့် ဆက်စပ်လျက်ရှိသည်။
ရေအရင်းအမြစ်များ တစ်နည်းနည်းဖြင့် လျော့နည်းလာခြင်းက ၎င်းရေအရင်းအမြစ်ကို မှီခိုနေကြရသည့် ဒေသခံပြည်သူတို့၏ ရှင်သန်နေထိုင်ရေးနှင့်ကျန်းမာရေးတို့အပေါ်တွင် တိုက်ရိုက်ထိခိုက်မှုဖြစ်ပေါ်စေပြီး စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်လူမှုစီးပွားဘဝများကိုလည်း ဆိုးကျိုးများ သက်ရောက်စေသည်။ နိုင်ငံတော်အစိုးရသည် ရေရှားပါးသည့် ဒေသများတွင် သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်တန်းပေးခြင်း၊ အဝီစိတွင်းများ တူးဖော်ပေးခြင်း၊ ဆည်တာတမံများဆောက်လုပ်၍ ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင် စီမံကိန်းများဆောင်ရွက်ပေးခြင်း၊ မြေအောက်ရေထိန်းတမံများ ဆောက်လုပ်ပေးခြင်း စသည်ဖြင့် ရေရရှိရေးနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ရေအရင်းအမြစ်များလျော့နည်းလာခြင်းက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတို့ကိုအကြောင်းခံ၍ ဖြစ်ပေါ်လာရခြင်းဖြစ်ရာ သဘာဝသစ်တောများ စဉ်ဆက်မပြတ် ရှင်သန်တည်ရှိနေစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရေဝေရေလဲဒေသများ စိမ်းလန်းစိုပြည်စေရန် သစ်ပင်သစ်တောများ စိုက်ပျိုးပြုစုခြင်း၊ သဘာဝပတ်ဝန်းကျင်မပျက်စီးစေရန် ကာကွယ်ထိန်းသိမ်းခြင်း စသည့်နည်းလမ်းများဖြင့် ရေရှည်ပြန်လည်ကုစားကြရမည်ဖြစ်သည်။
ယခုနှစ်သည် ကမ္ဘာတစ်ဝန်းတွင် ပြင်းထန်သည့်အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မည့်အလားအလာများ မြင့်မားလျက်ရှိရာ မကြုံစဖူး ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ကြရန်လိုသည်။ အထူးသဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေတို့အတွက် ရေကိုစနစ်တကျ သုံးစွဲခြင်း၊ မိုးရေကို ရသမျှစုဆောင်းသိုလှောင်ခြင်း၊ မြေအောက်ရေကို လိုသလောက်သာထုတ်ယူခြင်း၊ စိုက်ပျိုးရေကို အစက်ချစနစ်၊ ရေပိုက်သွယ်တန်း အသုံးပြုသည့်စနစ်တို့ဖြင့် အကျိုးရှိစွာသုံးစွဲခြင်း စသည်ဖြင့် ရေကိုစနစ်တကျ စီမံခန့်ခွဲကြရမည်ဖြစ်သည်။ ပူပြင်းသည့်နွေကာလတွင် ဖြစ်ပေါ်လေ့ရှိသည့် ရေအခက်အခဲအပြင် အယ်လ်နီညို ရာသီဥတုအခြေအနေ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပူပြင်းခြောက်သွေ့မှုနှင့် မိုးနည်းရေရှားမှုတို့အတွက်ပါ ကြိုတင်ပြင်ဆင်ကြရာတွင် စုပေါင်းဆောင်ရွက်ကြရန်လိုသည်။
ရေသည် မရှိမဖြစ် အလွန်အရေးကြီးပြီး အဖိုးတန်သည့် သယံဇာတဖြစ်သော်လည်း လူအများက ပေါများသည်ဟု ထင်မြင်ယူဆခံရသည့် သဘာဝအရင်းအမြစ်ဖြစ်သည်။ ရေကိုအကျိုးရှိစွာ သုံးစွဲမှုမပြုဘဲ လေလွင့်ပြုန်းတီးစေခြင်း၊ မဆင်မခြင်သုံးစွဲခြင်းတို့ကိုရှောင်ကြဉ်ရန် လိုအပ်သည့်အပြင် နောင်လာမည့် အနာဂတ်သားစဉ်မြေးဆက်အထိ မတောင့်မတမကြောင့်မကြ သုံးစွဲနိုင်ကြစေရန် ရေအရင်းအမြစ်များကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ကြရမည်လည်းဖြစ်သည်။ တောတောင်ရေမြေ စိမ်းလန်းစိုပြည်စေရန် ပြန်လည်စိုက်ပျိုးဖန်တီးခြင်းဖြင့် ခန်းခြောက်သွားသည့် သဘာဝရေထွက်များ ပြန်လည်စီးဆင်းလာသည့် သာဓကများလည်းရှိပြီးဖြစ်ရာ သစ်ပင်သစ်တောများ ပြုစုပျိုးထောင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ရေချိုအရင်းအမြစ်များကို အနာဂတ်မျိုးဆက်များအတွက် ကောင်းသောအမွေပေးကြရပါမည့်အကြောင်း။ ။

ဂျီနီဗာမြို့သည် ဆွစ်ဇာလန်နိုင်ငံတွင်းတွင် ဒုတိယမြောက် လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ် ပြီး သံတမန်ရေး၊ဘဏ္ဍာရေးနှင့် ဇိမ်ခံနာရီထုတ်လုပ်ခြင်းတို့အတွက် နာမည်ကျော်ကြားကာ ငြိမ်းချမ်းရေးမြို့တော်အဖြစ် တင်စားခေါ်ဝေါ်ခံရလေ့ရှိသည့် မြို့တစ်မြို့လည်းဖြစ်သည်။ ဂျီနီဗာမြို့သည် ကမ္ဘာ လုံးဆိုင်ရာမြို့၊ နိုင်ငံတကာဘဏ္ဍာရေးအချက်အချာနှင့် ကမ္ဘာတစ်ဝန်းရှိ သံတမန်ရေးဆိုင်ရာအချက် အချာနေရာတစ်ခုလည်းဖြစ်သည်။ ဂျီနီဗာမြို့သည် ကုလသမဂ္ဂအေဂျင်စီများစွာ၏ ရုံးချုပ်များ၊ နိုင်ငံ တကာကြက်ခြေနီကော်မတီနှင့် နိုင်ငံတကာ ကြက်ခြေနီအသင်းများအဖွဲ့ချုပ်အပါအဝင် ကမ္ဘာပေါ်တွင် နိုင်ငံတကာအဖွဲ့အစည်းအများဆုံးရှိသည့် မြို့တစ်မြို့လည်းဖြစ်သည်။ ဂျီနီဗာမြို့သည် စစ်ပွဲအတွင်း လူသားချင်းစာနာထောက်ထားမှု ဆက်ဆံမှုဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်းများကို လက်မှတ်ရေးထိုးခဲ့သည့်နေရာဖြစ်ပြီး ပထမကမ္ဘာစစ်အပြီးတွင် နိုင်ငံပေါင်းစုံအသင်းကြီးကို လက်ခံကျင်းပခဲ့သည့်နေရာလည်း ဖြစ်သည်။ ထို့ပြင် ဂျီနီဗာမြို့သည် နယူးယောက်စီးတီး၊ ဘွန်း၊ ဘေဆယ်နှင့် စထရာ့စ်ဘော့ဂ်တို့ကဲ့သို့သော မြူနီစီပယ်များနှင့် ထူးခြားသောခြားနားချက်များကိုမျှဝေထားပြီး နိုင်ငံတစ်နိုင်ငံ၏ မြို့တော်မဟုတ်ဘဲ အရေးကြီးသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ ရုံးချုပ်အဖြစ်ဆောင်ရွက်သော မြို့တစ်မြို့ လည်းဖြစ်သည်။
ဂျီနီဗာမြို့တွင် စုစုပေါင်းနေထိုင်သူလူဦးရေမှာ (၂၁၁၇၁၃)ဦးရှိပြီး ဂျီနီဗာမြို့ပြဧရိယာတွင် စုစုပေါင်းနေထိုင်သူဦးရေမှာ (၁၀၅၃၄၃၆) ဦးရှိကြောင်းလည်းသိရသည်။ (၂၀၂၅)ခုနှစ်တွင် ဂျီနီဗာမြို့သည် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစင်တာများ ညွှန်းကိန်းအရ ကမ္ဘာပေါ်တွင် (၁၅)ခုမြောက်အရေး အကြီးဆုံးဘဏ္ဍာရေးစင်တာအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပြီး လန်ဒန်၊ ဖရန့်ဖတ်နှင့် ဒုဗ္ဗလင်မြို့တို့ပြီးလျှင် ဥရောပတွင် လေးခုမြောက် အရေးအကြီးဆုံးဘဏ္ဍာရေးစင်တာအဖြစ်ရပ်တည်ခဲ့ကြောင်းသိရသည်။ (၂၀၂၄) ခုနှစ်တွင် ဂျီနီဗာမြို့သည် ကမ္ဘာပေါ်တွင် (၃)ခုမြောက်နေထိုင်ရန်အသင့်တော်ဆုံးမြို့တစ်မြို့အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာပေါ်တွင် လေးခုမြောက်ဈေးအကြီးဆုံးမြို့အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။ (၂၀၁၈)ခုနှစ်တွင် UBS ၏ ကမ္ဘာလုံးဆိုင်ရာမြို့ကြီးများ၏ အဆင့်သတ်မှတ်ချက်တွင် ဂျီနီဗာမြို့သည် စုစုပေါင်း ဝင်ငွေအတွက် ပထမနေရာနှင့် ဝယ်ယူနိုင်စွမ်းတွင် လေးခုမြောက်နေရာမှာရပ်တည်ခဲ့ကာ ဒုတိယမြောက် ဈေးအကြီးဆုံးမြို့အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။
စီးပွားရေး
ဂျီနီဗာမြို့၏ စီးပွားရေးသည် အဓိကအားဖြင့် ဝန်ဆောင်မှုအပေါ်အခြေခံထားပြီး ဘဏ္ဍာရေးဆိုင်ရာအချက်အချာနေရာများတွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်း လည်းသိရသည်။ ဂျီနီဗာမြို့၏ အဓိကကဏ္ဍသုံးခုကို ဘဏ္ဍာရေးကဏ္ဍကလွှမ်းမိုးထားပြီး အဆိုပါ ကဏ္ဍသုံးခုမှာ ကုန်စည်ရောင်းဝယ်မှု၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ချမ်းသာကြွယ်ဝမှုစီမံခန့်ခွဲမှုကဏ္ဍတို့ဖြစ် သည်။
ကမ္ဘာတစ်ဝန်းတွင် လွတ်လပ်စွာရောင်းဝယ်ဖောက်ကားနိုင်သော ရေနံ၊ သကြား၊ ကောက်ပဲ သီးနှံနှင့် ဆီမျိုးစေ့များ၏ သုံးပုံတစ်ပုံခန့်ကို ဂျီနီဗာမြို့တွင် ရောင်းဝယ်ဖောက်ကားသည်။ ကမ္ဘာလုံးဆိုင် ရာဝါ ဂွမ်း၏ (၂၂)ရာခိုင်နှုန်းခန့်ကို ဂျီနီဗာရေကန် ဒေသတွင် ရောင်းဝယ်ဖောက်ကြားပြီး အခြားရောင်းဝယ်ဖောက်ကားသည့်ပစ္စည်းများမှာ သံမဏိ၊ လျှပ်စစ်ဆိုင်ရာပစ္စည်းများ သို့မဟုတ် ကော်ဖီတို့ဖြစ်ကြောင်း သိရသည်။ ဂျီနီဗာမြို့သည် ကမ္ဘာ့အကြီးဆုံးသင်္ဘောကုမ္ပဏီဖြစ်သော မြေထဲပင်လယ်သင်္ဘောကုမ္ပဏီ၏ အခြေစိုက်ရာနေရာတစ်ခုဖြစ်သည့်အပြင် Bunge ၊ Cargill ၊ Vitol ၊ Gunvor ၊ BNP Paribas ၊ Trafigura သို့မဟုတ် Mercuria Energy Group ကဲ့သို့သော ကြီးမားသောကုန်သွယ်ရေးကုမ္ပဏီများ၏ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာရုံးချုပ်များသည်လည်း မြို့တွင်းတွင် တည်ရှိကြကြောင်းသိရသည်။
ဂျီနီဗာမြို့တွင် ကုန်စည်ရောင်းဝယ်မှုကို ခိုင်မာသောကုန်သွယ်ရေးဘဏ္ဍာရေးကဏ္ဍဖြင့် ထိန်းထားပြီး BCGE၊ BCP၊ BNP Paribas၊ BCV၊ Crédit Agricole ၊ Credit Suisse ၊ ING ၊ Société Générale နှင့် UBS ကဲ့သို့သော ဘဏ်ကြီးများသည်လည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် ဂျီနီဗာမြို့တွင် ရုံးချုပ်များရှိကြကြောင်းသိရသည်။ ထို့ပြင် ချမ်းသာကြွယ်ဝမှုစီမံခန့်ခွဲမှုကို အများပိုင်မဟုတ်သော ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များ အထူးသဖြင့် Pictet ၊ Lombard Odier ၊ Edmond de Rothschild Group ၊ Union Bancaire Privée ၊ Mirabaud Group ၊ Dukascopy Bank ၊ Bordier & Cie ၊ Banque SYZ သို့မဟုတ် REYL ရ Cie ကုမ္ပဏီတို့က လွှမ်းမိုးထားကြောင်းသိရသည်။ ထို့ပြင် ဂျီနီဗာမြို့သည် HSBC Private Bank ၊ JPMorgan Chase သို့မဟုတ် Arab Bank ကဲ့သို့သော ဆွစ်ဇာလန်နိုင်ငံရှိ နိုင်ငံခြားပိုင်ဘဏ်များ၏ အကြီးမားဆုံး စုစည်းမှုရှိသည့်နေရာတစ်ခုလည်းဖြစ်သည်။
ဘဏ္ဍာရေးကဏ္ဍနောက်ကွယ်တွင် နောက်ထပ်အကြီးမားဆုံးသောအဓိကစီးပွားရေးကဏ္ဍမှာ နာရီပြုလုပ်ခြင်းဖြစ်ပြီး Patek Philippe ၊ Vacheron Constantin ၊ Chopard ၊ Piaget ၊ Rolex ၊ Roger Dubuis ၊ Franck Muller နှင့် F. P. Journe တို့ကဲ့သို့သော ဇိမ်ခံကုမ္ပဏီများက လွှမ်းမိုးထားကြောင်း သိရသည်။ အဆိုပါဇိမ်ခံကုမ္ပဏီများ၏ စက်ရုံများသည် Les Acacias ရပ်ကွက်တွင် စုစုစည်းစည်း တည်ရှိ နေသည့်အပြင် အနီးနားရှိ Plan-les-Ouates ၊ Satigny နှင့် Meyrin တို့ကဲ့သို့သော မြူနီစီပယ်များတွင် လည်း စုစုစည်းစည်းတည်ရှိကြကြောင်းသိရသည်။
ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ချမ်းသာ ကြွယ်ဝမှုစီမံခန့်ခွဲမှုနှင့် နာရီပြုလုပ်ခြင်းတို့သည် ဒေသတွင်းတွင်ပေးဆောင်သော ကော်ပိုရိတ်အခွန်၏ သုံးပုံပုံ နှစ်ပုံခန့်ကို ပံ့ပိုးပေးထားသည်။ Firmenich နှင့် Givau dan တို့ကဲ့သို့သော ကမ္ဘာ့အကြီးဆုံး အရသာ၊ ရေမွှေးနှင့် အလှကုန် ပါဝင်ပစ္စည်းများ ထုတ်လုပ်သည့်ကုမ္ပဏီနှစ်ခု၊ ကမ္ဘာ့အကြီးဆုံးစစ်ဆေးခြင်း၊ အတည်ပြုခြင်း၊ စမ်းသပ်ခြင်းနှင့် အသိအမှတ်ပြု လက်မှတ်ဝန်ဆောင်မှုကုမ္ပဏီ SGS ၊ ဘဏ်လုပ်ငန်း ဆော့ဖ်ဝဲလ် ပံ့ပိုးပေးသည့်ကုမ္ပဏီ Temenos တို့ကဲ့သို့သော နိုင်ငံတကာကုမ္ပဏီကြီးများသည်လည်း ဂျီနီဗာမြို့တွင် ရုံးချုပ်ရှိကြောင်းသိရသည်။
ဂျီနီဗာမြို့သည် ကြက်ခြေနီအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အပြည်ပြည် ဆိုင်ရာဆက်သွယ်ရေးသမဂ္ဂ၊ ကမ္ဘာ့ ဉာဏ်ပညာပစ္စည်းဆိုင်ရာအဖွဲ့အစည်း၊ ကမ္ဘာ့မိုးလေဝသအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့တို့ကဲ့သို့သော ကမ္ဘာ့အကြီးဆုံးနိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအေဂျင်စီများထဲမှ တစ်ခုအပြင် ကုလသမဂ္ဂ၏ ဥရောပဌာနချုပ်ကိုလည်း လက်ခံထားသည့် နေရာတစ်ခုဖြစ်သည်။ ထို့ပြင်၎င်း၏ နိုင်ငံတကာအမြင်၊ ကောင်းမွန်စွာ ဆက်သွယ်ထားသောလေဆိပ်နှင့် ဥရောပတိုက်တွင် အချက်အချာကျသည့်နေရာဖြစ်မှုတို့ကြောင့် ဂျီနီဗာမြို့သည် လွှတ်တော်အစည်းအဝေးများနှင့် ကုန်စည်ပြပွဲများအတွက် ကောင်းမွန်သောနေရာတစ်ခုဖြစ်လာခဲ့ကြောင်းလည်း သိရ သည်။
(၂၀၁၉)ခုနှစ်အထိ ဂျီနီဗာမြို့တွင် အလုပ် လက်မဲ့နှုန်း(၃ဒသမ၉)ရာခိုင်နှုန်းရှိပြီး ဒုတိယ ကဏ္ဍ တွင် လူပေါင်း(၉၇၈၃)ဦးအလုပ်လုပ်ကိုင်ခဲ့ကာ အဆိုပါကဏ္ဍတွင် စီးပွားရေးလုပ်ငန်းပေါင်း (၁၂၀ဝ) ရှိခဲ့ ကြောင်းသိရသည်။ တတိယကဏ္ဍတွင် လူပေါင်း(၁၃၄၃၂၉)ဦးအလုပ်လုပ်ကိုင်ခဲ့ပြီး အဆိုပါကဏ္ဍတွင် စီးပွားရေးလုပ်ငန်းမှာ (၁၂၄၈၉) ဦးရှိသည်။ ဂျီနီဗာမြို့သို့ဝင်ရောက်လာသော အလုပ်သမားအင်အား၏ (၁၃ ဒသမ ၈) ရာခိုင်နှုန်းခန့်သည် ဆွစ်ဇာလန်ပြင်ပမှလာကြသူများဖြစ်ပြီး ဒေသခံများ၏ (ဝ ဒသမ ၄) ရာခိုင်နှုန်းခန့်သည် အလုပ်အတွက် ဆွစ်ဇာလန်နိုင်ငံတွင်းမှ ထွက်ခွာကြကြောင်းသိရသည်။ ဂျီနီဗာမြို့ တွင် အလုပ်လုပ်သူဦးရေ၏ (၃၈ ဒသမ ၂) ရာခိုင်နှုန်းသည် အလုပ်သွားရန်အတွက် အများပြည်သူသယ်ယူပို့ဆောင်ရေးကိုအသုံးပြုကြပြီး (၃၀ ဒသမ ၆) ရာခိုင်နှုန်းက ကိုယ်ပိုင်ကားကိုအသုံးပြုကြကြောင်း သိရသည်။
Np News

တနင်္သာရီတိုင်းဒေသကြီးအတွင်းတည်ရှိပြီး ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည့် နယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တပ်မတော်က အလုံးစုံပြန်လည် သိမ်းပိုက်ထိန်းချုပ်လိုက်ရာ ဒေသခံပြည်သူများက တပ်မတော်စစ်ကြောင်းများအား အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကြိုဆိုခဲ့ကြသည်။ မောတောင်အောင်ပွဲသည် စစ်ပွဲ၏အနိဋ္ဌာရုံများကို တွေ့ကြုံခံစားခဲ့ကြရသော၊ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးကာ နေရပ်ကိုစွန့်ခွာခဲ့ရသော ဒေသခံပြည်သူများအတွက် တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုတို့ကို ယူဆောင်ပေးကာ ပုံမှန်လူမှုစီးပွားဘဝများ ပြန်လည်ရရှိစေခြင်း ဖြစ်သည့်အတွက်လည်း ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။
မောတောင်သည် တနင်္သာရီတိုင်းဒေသကြီးမှထွက်ရှိသည့် ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တရားဝင်တင်ပို့ပြီး ထိုင်းနိုင်ငံမှ ကုန်စည်များတင်သွင်းသည့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းရှိသော မြို့ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးအတွက် အချိန်(၇)နာရီခန့်သာကြာသည့် အနီးဆုံးလမ်းကြောင်းဖြစ်ပြီး စီးပွားရေးအရအရေးပါသည့် နယ်စပ်မြို့ဖြစ်ခြင်းကြောင့်လည်း အကြမ်းဖက်အဖွဲ့တို့က ၎င်းတို့၏ ကိုယ်ကျိုးစီးပွားရရှိရေးအတွက် အင်အားအလုံးအရင်းအသုံးပြု၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ CRPH ၊ NUG အကြမ်းဖက်အဖွဲ့တို့က သွေးထိုးမြှောက်ပင့်ပေးပြီး KNU ၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ဒီမိုကရေစီအရေးနှင့် ဒေသကောင်းစားရေးဟူသော နိုင်ငံရေးမက်လုံးများပေး၍ ဒေသခံပြည်သူများကို လှည့်ဖြားသိမ်းသွင်းကာ အကြမ်းဖက်သင်တန်းများပို့ချပေးပြီး အကြမ်းဖက်သမားများအဖြစ် မွေးထုတ်ခဲ့ကြသည်။ မောတောင်မြို့ကို လုံခြုံရေးဆောင်ရွက်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားသုံး၍ အလစ်အငိုက်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ကြသည်။
KNU ၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှ ယခုနှစ် မေလအထိ (၅)လကျော်ခန့် မောတောင်ကို ယာယီစိုးမိုးထားစဉ်ကာလအတွင်း မသမာဝိသမလောဘသမားများနှင့်ပူးပေါင်း၍ နိုင်ငံတော်၏ သဘာဝသယံဇာတပစ္စည်းများကို ကိုယ်ကျိုးအတွက် ခိုးထုတ် ရောင်းချခြင်းအပြင် နယ်စပ်ဒေသမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း၊ လက်နက်မှောင်ခိုလုပ်ခြင်း၊ အွန်လိုင်းလိမ်လည်မှုကဲ့သို့သော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ ကျူးလွန်ခြင်းအားဖြင့် နှစ်နိုင်ငံ၏ တရားဝင်အခွန်ဘဏ္ဍာနှင့် စီးပွားရေးအဆောက်အအုံများကို တိုက်ရိုက်ပျက်စီးစေသည်။ နှစ်နိုင်ငံအကြား နှစ်ကာလရှည်ကြာခိုင်မြဲသည့် ချစ်ကြည်ရေးနှင့် အိမ်နီးချင်းကောင်းဆက်ဆံရေးကိုပါ များစွာထိခိုက်စေသည်။
အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များက နှစ်နိုင်ငံနယ်စပ်ကုန်စည်စီးဆင်းမှုကို ရပ်တန့်စေခဲ့ခြင်း၊ အဓိကကုန်သွယ်မှုစီးပွားရေးဇုန်များ၊ လမ်းတံတားများ၊ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးခြင်းစသည်တို့ကြောင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ ကြီးမားစွာဆုံးရှုံးနစ်နာခဲ့ကြရသည်။ တပ်မတော်သည် မောတောင်မြို့နှင့် မောတောင်ဒေသတစ်ဝိုက် ပြန်လည်သိမ်းပိုက်ရရှိရေး၊ တနင်္သာရီ-ရေဖြူ-သိန်းခွန်-သဲဖြူ-မောတောင်လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် စုစုပေါင်း ၂၀၇ ကြိမ် စွန့်လွှတ်စွန့်စားဆင်နွှဲခဲ့ရသည်။
အကြမ်းဖက်အဖျက်သမားဆိုသည်မှာ အပျက်မြင်အပျက်သဘောဖြင့် ဖျက်ဆီးသူသက်သက်သာလျှင်ဖြစ်ရာ ၎င်းတို့စိုးမိုးစဉ် ကာလတိုအတွင်းမှာပင် ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ပြည်သူများ၏ နေအိမ်များကို ခံစစ်တံတိုင်းသဖွယ် ပြုလုပ်ခဲ့ကြသည်။ ဤသည်မှာ တစ်နည်းအားဖြင့် ဖျက်ဆီးခြင်းဖြစ်ပြီး ပြည်သူကိုအကာအကွယ်ယူခြင်းလည်းဖြစ်သည်။ သောင်းကျန်းသူအဖျက်သမား ဝင်ရောက်သွားသည့် မြို့ရွာဟူသမျှ ပျက်စီးကြရစမြဲသာ ဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ယာယီနေရပ်စွန့်ခွာခဲ့ရသည့် ဒေသခံပြည်သူများ မောတောင်သို့ အန္တရာယ်ကင်းစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး၊ အဖျက်သမားတို့ ဖျက်ခဲ့သမျှ ပြန်လည်ပြုပြင်တည်ဆောက်ရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူ လုံးဝကင်းစင်ပပျောက်ရေး ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ပြည်သူအားလုံးက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်”ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံ့သားကောင်းများသည် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းပေးသွင်းပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁)ကို ၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၄) အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားများသည် ပြည်သူ့စစ်မှုထမ်းတာဝန်ကို နှစ်နှစ်ထမ်းဆောင်ရမည်ဖြစ်ပြီး တာဝန်ကျေပွန်စွာထမ်းဆောင်ပြီးခဲ့သည့် နိုင်ငံ့သားကောင်းစစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ကို ဂုဏ်ပြုချီးမြှင့်ပေးမည်ဖြစ်သည်။ ယခုအခါ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁)နှင့် အမှတ်စဉ်(၂)မှ နိုင်ငံ့သားကောင်းများအနေဖြင့် သတ်မှတ်စစ်မှုထမ်းကာလကို တာဝန်ကျေပွန်စွာထမ်းဆောင်ပြီးမြောက်ပြီးဖြစ်၍ အသိအမှတ်ပြုလက်မှတ်၊ ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများလက်ခံပြီး မိဘရင်ခွင်သို့ ပြန်လည်ရောက်ရှိကြပြီဖြစ်သည်။
သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် နိုင်ငံနှင့် လူမျိုးကိုချစ်မြတ်နိုးသောစိတ်၊ ကာကွယ်စောင့်ရှောက်လိုသောစိတ်၊ နိုင်ငံကြီးသားပီသသည့်စိတ်များဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေပါ တာဝန်များကို ကျေပွန်စွာထမ်းဆောင်သူအဖြစ် သမိုင်းဝင်ကမ္ပည်းမော်ကွန်းထိုး မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ စနစ်တကျ စီမံဆောင်ရွက်ပေးခဲ့သည်။
အထူးသဖြင့် တိုင်းပြည်အတွက် လိုအပ်နေသည့်အချိန်တွင် အသက်ကိုပဓာနမထားဘဲ နိုင်ငံတော်အကျိုးအတွက် တပ်မတော်၏ အရန်အင်အားအဖြစ် ဖြည့်ဆည်းဆောင်ရွက်ပေးမှုအပေါ် နိုင်ငံတော်နှင့် တပ်မတော်က တန်ဖိုးထားလေးစားဂုဏ်ပြုလျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလပြီးဆုံးပါက မိဘရပ်ထံသို့ စိတ်အေးချမ်းသာစွာပြန်နိုင်ပြီး အကယ်၍ မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင် သို့မဟုတ် အလားတူရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်ကပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သောအကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။
ထို့အပြင် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီးသူများအနေဖြင့် အရပ်ဘက်တွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ၎င်းတို့ဆန္ဒအလျောက် သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်ထားသော အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုသို့လုပ်ကိုင်နိုင်ရန်အတွက် “စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ”အနေဖြင့် လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းအချို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည်ကို မြင်တွေ့ရသဖြင့် ဂုဏ်ယူဝမ်းမြောက်မိသည်။ နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် နိုင်ငံ့သားကောင်းများနှင့် နိုင်ငံတော်က ဂုဏ်ပြုအလေးထားဆောင်ရွက်ပေးမှုများသည် တပ်မတော်နှင့် ပြည်သူယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ ကိုယ်ချင်းစာနားလည်မှုနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်း၏ တာဝန်သိမှု၊ တာဝန်ရှိမှုကိုဖော်ပြသည့် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းများ၊ သင်တန်းတက်ရောက်နေဆဲ ပြည်သူ့စစ်မှုထမ်းများနှင့် နောင်လာမည့်မျိုးဆက်သစ်လူငယ်လူရွယ်များအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် တပ်မတော်နှင့် ပြည်သူတစ်သားတည်းဖြစ်တည်နေမှုကို အပြည့်အဝသက်သေထူနိုင်သည့် သမိုင်းမှတ်တိုင်ကို မြန်မာနိုင်ငံတွင် စိုက်ထူနိုင်ပြီဖြစ်ပါကြောင်း။ ။

မြန်မာနိုင်ငံတွင် ယခုအချိန်အခါကာလ၌ ပူပြင်းသောနွေရာသီမှ စွတ်စိုသည့် မိုးဦးကျကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ထိုကာလ ရာသီဥတုပြောင်းလဲမှု စပ်ကူးမပ်ကူးအချိန်၌ ပူပြင်းသည့်အပူရှိန်ကို ဆက်လက်ခံစားရသလို အပူရှိန်မှဖြစ်ပေါ်လာသည့် လေပွေလှိုင်းများနှင့်အတူ မိုးတိမ်တောင်များကြောင့် မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်၌ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ ယခုအခါ လေပြင်းတိုက်ခတ်သည့် သဘာဝဘေးငယ်များကြုံတွေ့လျက်ရှိစဉ် ငလျင်လှုပ်ခတ်မှုကိုပါ တွေ့ကြုံလာသည်။
မေ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၏ တောင်ဘက်ကိုးမိုင်ခန့်အကွာကို ဗဟိုပြု၍ ပမာဏ ၅ ဒသမ ၂ အဆင့် အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့သည်။ တစ်ဆက်တည်း မိနစ်အနည်းငယ်အကြာ၌ အဆိုပါနေရာနှင့် မနီးမဝေးတွင် ပမာဏ ၃ ဒသမ ၂ အဆင့်ရှိသော အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟုဆိုသည်။ ထိုနေ့တွင်ပင် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာကိုဗဟိုပြု၍ ပမာဏ ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး ယင်းမာပင်မြို့ အနောက်ဘက်တွင်လည်း ငလျင်ငယ်တစ်ခု လှုပ်ခတ်သွားသည်။ ယခုကာလတွင် ငလျင်လှုပ်ခတ်မှုမကြာခဏဖြစ်သဖြင့် မဖြစ်ခင်က ကြိုတင်သတိပြု ဆောင်ရွက်ထားကြရမည်ဖြစ်သည်။
အဆိုပါ ၅ ဒသမ ၂ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်လှုပ်ရှားသည့် အချိန်တွင် ရန်ကုန်မြို့နေ ပြည်သူအများစုမှာ စိုးရိမ်ထိတ်လန့်မှုများဖြစ်ခဲ့ကြသည်။ တိုက်တာအဆောက်အအုံများပေါ်မှ ပြည်သူများ လမ်းမများပေါ်သို့ဆင်း၍ သတိပြုနေကြရသည်။ ရန်ကုန်မြို့အနေဖြင့် မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ငလျင်ငယ်များနှင့် ကြုံတွေ့ဖူးလျက်ရှိသည့်အနက် ယခုလှုပ်ခတ်သောငလျင်သည် အင်အားအပြင်းဆုံးဟုဆိုကြသည်။ ယမန်နှစ် မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မြို့ကြီးများရှိအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုများရှိခဲ့သည်။ အဆိုပါဖြစ်ရပ်ဆိုးသည် ငလျင်နှင့်ပတ်သက်၍ ပြတ်ရွေ့ကြောပေါ်ရှိ မြို့ကြီးများအတွက် အဆောက်အအုံများခိုင်ခံ့မှုနှင့် ငလျင်လှုပ်ခတ်ပါက သတိပြုရမည့်အချက်များကို သတိပေးထားသလိုဖြစ်သည်။
စစ်ကိုင်းပြတ်ရွေ့ကြောဟုခေါ်ဆိုသည့် မြန်မာနိုင်ငံမြောက်မှတောင်သို့ ဖြတ်သန်းလျက်ရှိသော ငလျင်ပြတ်ရွေ့ကြောကြီးသည် စစ်ကိုင်း-မန္တလေး-ဖြူး-ပဲခူး-ရန်ကုန်-မုတ္တမကွေ့အထိ ဖြတ်သန်းလျက်ရှိသည်။ အဆိုပါငလျင်ကြောပေါ်ရှိ နေရာဒေသများအလိုက် ငလျင်ပမာဏအဆင့်ဆင့်ကို သက်ဆိုင်ရာပညာရှင်များက တိုင်းတာသတ်မှတ်ကြရာတွင် ရန်ကုန်မြို့အနေဖြင့် အင်အားပမာဏ အလယ်အလတ်အဆင့်တွင်ရှိနေသည်ဟု သိရသည်။ ရန်ကုန်မြို့သည် လူဦးရေ ခုနစ်သန်းကျော်နေထိုင်လျက်ရှိပြီး နေထိုင်ကြသည့် အဆောက်အအုံအများစုသည် အထပ်မြင့်များဖြစ်ကြသည်။ အဆောက်အအုံများမှာ အသစ်များရှိသလို သက်တမ်းလွန် အဟောင်းများလည်းရှိရာ အရည်အသွေးပြည့်ဝမှုမရှိ၊ ခိုင်ခံ့မှုမရှိသော အဆောက်အအုံများအတွက် သတိပြုစရာဖြစ်သည်။ ယခုရန်ကုန်မြို့တွင် လှုပ်ခတ်ခဲ့သည့်ငလျင်နှင့်ပတ်သက်၍မူ ငလျင်ပညာရှင်များ လေ့လာသုံးသပ်ချက်အရ စစ်ကိုင်းပြတ်ရွေ့မှ ဖြစ်ပေါ်သည့်ငလျင်မဟုတ်ဘဲ ၎င်းပြတ်ရွေ့အနီး ပြတ်ရွေ့ခွဲလေးမှ လှုပ်ရှားမှုဖြစ်၍ အထူးစိုးရိမ်ဖွယ်ရာမရှိပေ။ သို့သော် သတိဟူသည် ပိုသည်မရှိ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံအနေဖြင့် သင်ခန်းစာ ယူစရာများနှင့် အတွေ့အကြုံကောင်းများ ရရှိခဲ့ပြီးဖြစ်သည်။ အဆောက်အအုံများနှင့်ပတ်သက်၍ ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများဆောက်လုပ်နိုင်မှု အားနည်းချက်များကိုလည်း တွေ့ရသည်။ ပြည်သူများအနေဖြင့် ငလျင်မလှုပ်ခတ်မီ၊ လှုပ်ခတ်စဉ်၊ လှုပ်ခတ်ပြီးအခြေအနေသုံးရပ်၌ လိုက်နာဆောင်ရွက်ရမည့်အချက်များ အားနည်းခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် လူအသေအပျောက်များခဲ့သည်ကို သင်ခန်းစာယူဖွယ်တွေ့ရှိခဲ့ရပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်ကိုင်းပြတ်ရွေ့ကြောကြီးရှိသည်ကို သတိပြုရမည်ဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့ကြောမှ ငလျင်လှုပ်ခတ်ခြင်းမရှိသေးသော်လည်း အကယ်၍ဖြစ်ပေါ်လာပါက ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးပျက်စီးမှု အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်ထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့ခံစားနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုကာလရာသီဥတုအနေအထားအရ ဖြစ်ပေါ်လာတတ်သည့် ရေကြီးရေလျှံမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ ငလျင်လှုပ်ခတ်မှုစသည့် သဘာဝဘေးအန္တရာယ်များကို သတိမမေ့မလျော့ဘဲ ပြုလုပ်သင့်ပြုလုပ်ထိုက်သည့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိရေး၊ ကြိုတင်ကာကွယ်ရေးတို့ကို ဆောင်ရွက်ထားကြ ရမည်ဖြစ်ပါကြောင်း။ ။