ကျောက်ကပ်မပျက်စီးစေရန် သိထားသင့်သောအချက်များ

Posted_Date

Image

ကျောက်ကပ်မပျက်စီးစေရန် သိထားသင့်သောအချက်များ

Body

    ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်း ရှိ အညစ်အကြေးများကို စစ်ထုတ်ပေးပြီး သွေးပေါင်ချိန်၊    ပိုတက်ဆီယမ်နှင့်   pH အဆင့်များကိုထိန်းညှိပေးသည့်    အရေးကြီးသော   အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည်။     ကျောက်ကပ်မပျက်စီးစေရန် အောက်ပါအချက်များကို  သိထားသင့် သည်။

ရေလုံလောက်စွာသောက်သင့်

ပုံမှန်လူတစ်ယောက်အနေဖြင့် တစ်ရက် လျှင် ရေ(၈-၁၀)ဖန်ခွက်၊ သောက်ရေသန့် (၂-၃)လီတာသောက်ပေးခြင်းဖြင့် ကျောက် ကပ်ကို ကျန်းမာစေသည်။

အငန်လျှော့စားသင့်

အငန်များများစားခြင်းက သွေးဖိအား တက်စေပြီး    ကျောက်ကပ်ကိုထိခိုက်စေ နိုင်သည်။

ဆီးချိုနှင့်သွေးတိုးထိန်းချုပ်သင့် 

ကျောက်ကပ်ကို အများဆုံးထိခိုက်စေသည့် အကြောင်းရင်းမှာ    ဆီးချိုနှင့်သွေးတိုး ရောဂါဖြစ်သည်။ ထို့ကြောင့် ကျောက် ကပ်မပျက်စီးရန်   ဆီးချိုနှင့်သွေးတိုးကို ထိန်းသင့်သည်။

ဆေးဝါးများသတိပြုသင့်

အကိုက်အခဲပျောက်ဆေးများကို  ရေရှည်စွဲသောက်ခြင်းသည် ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။

ကျန်းမာရေးပုံမှန်စစ်ဆေးသင့်

ကျောက်ကပ်ရောဂါ    မျိုးရိုးရှိသူများနှင့် အသက်အရွယ်ကြီးသူများအနေဖြင့်   ကျောက်ကပ်လုပ်ဆောင်ချက်ကို    ပုံမှန် စစ်ဆေးသင့်သည်။

အဝလွန်ခြင်း၊  ဆေးလိပ်နှင့်  အရက်အလွန်အကျွံသောက်သုံးခြင်းဖြင့် ကျောက် ကပ်ပျက်စီးစေနိုင်သည်။  ကျောက်ကပ် ကောင်းမွန်စွာ    အလုပ်မလုပ်ပါက   ခန္ဓာ ကိုယ်တွင်းအဆိပ်အတောက်များ   စုပုံလာနိုင်သဖြင့်   အောက်ပါအချက်များကိုသတိပြုသင့်သည်။

ရေသောက်နည်းခြင်းက ကျောက်ကပ်ကို   အမြန်ဆုံးဒုက္ခပေးနိုင်သောကြောင့်   ရေများများသောက်သင့်သည်။

သွေးတိုးရောဂါနှင့် ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးမှု        ဖြစ်နိုင်သော အကြောင်းရင်းများဖြစ်သောကြောင့်  သတိ ပြုသင့်သည်။

အကိုက်အခဲ   ပျောက်ဆေးများကို အလွန်အကျွံသုံးစွဲခြင်းက  ကျောက်ကပ် ကို   ဖြည်းဖြည်းချင်းအဆိပ်ဖြစ်စေသည့် အတွက် ရှောင်ကြဉ်သင့်သည်။

ဆီးအမြှုပ်ထခြင်း၊ ခြေထောက်ဖော ရောင်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်နေ ခြင်းမှာ စောစောသတိပေးသောလက္ခဏာများဖြစ်သည်။

အငန်(ဆား)စားသုံးမှု   များလွန်း၍ ကျောက်ကပ်အလုပ်ဒဏ်ပိနိုင်သည်။

ဆီးသွားချင်သည်ကို   အောင့်ထား၍ အချိန်ကြာမြင့်သောအခါ  ကျောက်ကပ်လုပ်ငန်း အားနည်းနိုင်သည်။

တိုင်းရင်းဆေး  သို့မဟုတ် တချို့ဆေး ဝါးများကို   အသုံးပြုနည်းမမှန်ကန်သောကြောင့် ကျောက်ကပ်ပျက်စီးနိုင်သည်။

ဆီးစစ်ခြင်းနှင့်    ခရီတီနင်းကိုပုံမှန် စစ်ဆေးမှုပြုလုပ်ခြင်းဖြင့်    ကျောက်ကပ် ရောဂါဖြစ်ပွားမှုကို   စောစီးစွာကာကွယ် နိုင်သည်။

ကျောက်ကပ်၏တာဝန်

ကျောက်ကပ်က   အရွယ်အစားသေး ငယ်သော်လည်း  ခန္ဓာကိုယ်၏အရေး ပါသော     လုပ်ငန်းဆောင်တာ အများစုကိုတာဝန်ယူထားသည်။   ကျောက်ကပ်က စားသုံးလိုက်သော  အစားအစာများထဲမှပါဝင်သောအဆိပ်အတောက်နှင့် အကျိုး မပြုသည့်ပစ္စည်းများကို    စွန့်ထုတ်ပေး သည်။

သွေးပေါင်ချိန်ထိန်းညှိရန်လိုအပ်သောဟော်မုန်းကိုထုတ်ပေးသည်။ ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးသည်။ ဆီးသွားစေသည်။ ထို့ပြင် တခြားသော ခန္ဓာ ကိုယ်အတွက်     အရေးပါသောလုပ်ငန်း ဆောင်တာများကိုလည်း လုပ်ဆောင်ပေးသည်။

ကျောက်ကပ်ထိခိုက်စေနိုင်သော အချက်များ

ကျောက်ကပ်ထိခိုက်စေနိုင်သောအချက် များစွာရှိသည်။ ကျောက်ကပ်ကို အများဆုံးထိခိုက်စေသည့် အကြောင်းရင်းမှာ ဆီးချိုရောဂါနှင့်သွေးတိုးရောဂါဖြစ်သည်။ မျိုးရိုးလိုက်ခြင်း၊ အမျိုးသား၊ အမျိုးသမီး ကွာခြားခြင်း၊      အသက်အရွယ်ကြောင့် လည်း ကျောက်ကပ်ထိခိုက်နိုင်သည်။

သွေးချိုကို သေချာမထိန်းခြင်း၊  သွေးတိုးကိုသေချာထိန်းညှိမှုမရှိခြင်း တို့ကြောင့် ကျောက်ကပ်အတွင်း    သွေးကြောများ ထိခိုက်လာပြီး   ကျောက်ကပ်ပျက်စီးနိုင်သည်။    ကျောက်ကပ်က    ကောင်းစွာအလုပ်မလုပ်နိုင်တော့သည့်အခါ   သွေးအတွင်း  အနည်အနှစ်များလာပြီး    ခန္ဓာကိုယ်တွင် ရောဂါများဝင်လာနိုင်သည်။

ကျောက်ကပ်ကျန်းမာနေစေရန် အဓိကလိုက်နာရမည့်အချက်များ

နေ့စဉ်စားသုံးသည့်အစားအစာများကကျောက်ကပ်ကျန်းမာရေးအပေါ်  သက် ရောက်မှုရှိသည်။ ကျောက်ကပ်ကျန်းမာ နေစေရန် အောက်ပါအချက်များကို သတိပြုဆင်ခြင်သင့်သည်။

အငန်လျှော့စားသင့်သည်။ အငန်ဓာတ်က    ကျောက်ကပ်ပျက်စီးရခြင်း၏  အဓိက  အကြောင်းရင်းတစ်ခုဖြစ်သည်။    အငန်စားသုံးမှုများခြင်းက ကျောက်ကပ် ကို   ထိခိုက်စေနိုင်သည်။   ကျောက်ကပ် ထိခိုက်သွားသောအခါ ကိုယ်တွင်းဆိုဒီယမ် များ မစစ်ထုတ်နိုင်တော့ဘဲ သွေးတိုးရောဂါ ထပ်ဝင်လာနိုင်သည်။

ပိုတက်ဆီယမ်ကခန္ဓာကိုယ်အတွက်အရေးပါသောဓာတ်တစ်ခုဖြစ်သည်။ သို့သော် ကျောက်ကပ်ရောဂါရှိသူများအနေ ဖြင့် ပိုတက်ဆီယမ်ကို အကန့်အသတ်သာလိုအပ်သည်။ ထို့ကြောင့် တစ်နေ့တာကို ပိုတက်ဆီယမ်   ၂၀၀၀  မီလီဂရမ်သာ စားသုံးသင့်သည်။ ပိုတက်ဆီယမ်ကြွယ်ဝ သော  အစားအစာမှာ ဖီးကြမ်းငှက်ပျော သီးဖြစ်သည်။

ကျောက်ကပ်    ထိခိုက်ထားသူသည် ကိုယ်တွင်းပိုလျှံနေသော ဖော့စဖရပ်များကိုမစစ်ထုတ်နိုင်တော့ပါ။   ဖော့စဖရပ်ဓာတ်ကလည်း နေ့စဉ်စားသုံးသည့်အစားအစာများထဲ၌ပါဝင်သော ဓာတ်တစ်ခုဖြစ် သည်။ ဖော့စဖရပ်များပြားမှုက ခန္ဓာကိုယ် ကိုထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဖော့ စဖရပ်ကိုလည်း တတ်နိုင်သမျှလျှော့သင့် သည်။

ကျောက်ကပ်ရောဂါရှိသူများ အနေဖြင့်  နောက်ထပ်  သတိထားရမည့်အချက်မှာ ပရိုတင်းများစွာ မစားမိစေရန်နှင့် ကယ်လ် စီယမ်ကိုလျှော့စားသင့်သည်။   ကျောက် ကပ်ရောဂါရှိသူများ      စားသုံးသင့်သော အစားအစာများစွာရှိသည်။

ပန်းဂေါ်ဖီတွင် ဗီတာမင်- C၊ ဗီတာမင်-K၊ ဗီတာမင်- တို့အပါအဝင် အာဟာရ ဓာတ်များစွာပါဝင်နေသည်။ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သကဲ့သို့  ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်သည့် ဒြပ်ပေါင်းများလည်း ပါဝင်သည့်အတွက် စားသင့်သည်။

စပျစ်သီးက      အရသာရှိရုံသာမကအာဟာရလည်းကြွယ်ဝသည်။ ဗီတာမင်- နှင့်ရောင်ရမ်းမှုကို သက်သာစေနိုင်သောဖလေဗိုနွိုက်ကဲ့သို့    ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်သည်။ နှလုံးကျန်းမာစေ နိုင်သကဲ့သို့    ဆီးချိုရောဂါကာကွယ်ပေးပြီးတည်ငြိမ်မှုစွမ်းရည်ကျဆင်းခြင်းကို ကာကွယ်ပေးနိုင်သည့်အတွက်  စားသင့်သည်။

 ကြက်ဥအနှစ်က    အာဟာရဓာတ် ကြွယ်ဝသော်လည်း ဖော့စဖရပ်ပါဝင်မှုများ သောကြောင့် ကျောက်ကပ်ရောဂါရှိသူများအတွက် ကြက်ဥအကာက အကောင်းဆုံး ဖြစ်သည်။ ပရိုတင်းဓာတ်ရနိုင်သော်လည်း ကျောက်ကပ်ကို    မထိခိုက်စေနိုင်သောအဆာပြေစားစရာတစ်ခုအဖြစ်    စားနိုင်သည်။

ကြက်သွန်ဖြူက ဟင်းလျာများနှင့် အရသာကိုပိုကောင်းနိုင်သည်။ အာဟာရ ကြွယ်ဝသကဲ့သို့  မဂ္ဂနီဆီယမ်၊ ဗီတာမင်- နှင့်  ဗီတာမင်- B6   တို့ပါဝင်နေပြီး နာကျင်ရောင်ရမ်းမှုကို     လျော့ကျစေနိုင် သော ဆာလဖာဒြပ်ပေါင်းပါဝင်နေသည်။

ကျောက်ကပ်ကောင်းလိုလျှင် တစ်ရက်ကို အနည်းဆုံး     ကြက်သွန်ဖြူသုံးမြွှာခန့် စားသင့်သည်။

ဂေါ်ဖီထုပ်တွင် မီတာမင်- K၊ ဗီတာမင်- နှင့် ဗီတာမင်- တို့အများအပြားပါဝင် နေသည်။ အမျှင်ဓာတ်ကြွယ်ဝမှုက အစာ ခြေစနစ်ကိုကျန်းမာစေသကဲ့သို့   ဝမ်းမှန် စေနိုင်သည်။ ပိုတက်ဆီယမ်၊ ဖော့စဖရပ် နှင့်ဆိုဒီယမ်ပါဝင်မှုနည်းသောကြောင့် ကျောက်ကပ်ရောဂါရှိသူများအတွက် သင့်လျော်သော  ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည်။

ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် ပရိုတင်းလျှော့စားရမည်ဆိုသော်လည်း ခန္ဓာကိုယ်ကျန်းမာရန် လိုအပ်သောပရိုတင်း ဓာတ်ကိုပြည့်ဝစွာစားသင့်သည်။     ထို့ ကြောင့် ကျောက်ကပ်သမားများရှောင်ရ မည့် ပိုတက်ဆီယမ်၊ ဆိုဒီယမ်ပါဝင်မှုနည်း သည့်အရေခွံမပါသော ကြက်ရင်ပုံသားကို စားသုံးပေးသင့်သည်။

ငရုတ်ပွသည် အာဟာရကြွယ်ဝသော်လည်း တခြားဟင်းသီးဟင်းရွက်နှင့်မတူဘဲ ပိုတက်ဆီယမ်ပါဝင်မှုနည်းသည်။ ငရုတ်ပွအရောင်တောက်တောက်က ဗီတာမင်- K၊ ဗီတာမင်-ကြွယ်ဝစွာပါဝင်ပြီး ကျောက် ကပ်ရောဂါရှိသူများစားသုံးပေးသင့်သည့် အစားအစာဖြစ်သည်။

ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် အနီရောင်အသား၊ ဘဲသား၊ ငါးခြောက်၊ နို့ထွက်ပစ္စည်း၊ ငါးပိ၊ ပဲအမျိုးမျိုး၊ ဆီသွတ် ဘူး၊ သစ်သီးခြောက်၊ အာလူး၊ ခရမ်းချဉ် သီး၊ ကြက်ဥအနှစ်၊  လိမ္မော်သီး၊ ငှက်ပျော သီး၊ အချိုရည်၊ အရက်၊ ဆေးလိပ်၊ ဆော်ဒါနှင့်  ပေါင်မုန့်တို့စားသုံးခြင်းမှ   ရှောင်သင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

MWD