လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကကတစ်ငါးပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့

News Image

  • လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကကတစ်ငါးပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့

လပွတ္တာ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကကတစ်ငါး ပိဿာချိန် အများအပြားတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်နွယ် က ပြောပြ၍ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကကတစ်ငါးပိဿာချိန် ၄၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလတစ်လအတွင်း ကကတစ်ငါးပိဿာချိန် ၄၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

"လပွတ္တာမြို့နယ်ကနေ ပြီးခဲ့တဲ့ဧပြီလအတွင်း ကကတစ်ငါးပိဿာချိန် ၄၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေလို့ တင်ပို့အားတက်ခဲ့တာပါ။ ကကတစ်ငါးတင်ပို့ရောင်းချအားတက်လာတော့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေ၊ ပွဲရုံပိုင်ရှင်တွေနဲ့ ရေလုပ်သားတွေ အလုပ်အကိုင်အဆင်ပြေနေပါတယ်"ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်နွယ်က ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ကကတစ်ငါး တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ မှ ၄၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ကကတစ်ငါးအပါအဝင် ရေထွက်ကုန်ပစ္စည်း အများအပြား တင်ပို့ရောင်းချနေရခြင်းကြောင့် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ပွဲရုံပိုင်ရှင်များ၊ ရေလုပ်သားများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လင်း

ရတနာပုံ