တာမွေမြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ

News Image

  • တာမွေမြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် မေ ၁၈

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်း)တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာနုဂ္ဂဟအသင်း ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးအောင်လင်းနှင့် ဦးမင်းနိုင်တို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းနည်းပြများအား လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ သင်တန်းသား သင်တန်းသူများအား ထူးချွန်ဆုများ၊ သင်တန်းဆင်း လက်မှတ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီလှူဒါန်းပေးခဲ့ကြသူ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)

MDN