ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက် ပုဂံခေတ် တိန်လယ် အလိုတော်ပြည့်ဘုရား (ပဉ္စမအကြိမ်) ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ ကျင်းပ
ကျောက်ဆည်၊ မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ရွာဦးရတနာ သိမ်ကျောင်းတိုက် အတွင်းရှိ ပုဂံခေတ်ကတည်ထားကိုးကွယ်ခဲ့သော တိန်လယ်အလိုတော်ပြည့်ဘုရား (ပဉ္စမအကြိမ်) ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက တိန်လယ် အလိုတော်ပြည့်ဘုရား ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ ဆူးကုန်းရပ်ကွက်၊ မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးနာယက ပဓာန နာယက ဘဒ္ဒန္ဒခေမိန္ဒာစာရ ဆရာတော်ကြီး ကြီးမှူး၍ ပင့်သံဃာ ၇၀ ပါး တို့က ဘုရားအနေကဇာတင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ခုနစ်ရက်သားသမီး ပြည်သူပြည်သားများစုပေါင်း၍ ပင့်သံဃာ ၇၀ ပါးတို့အား အာရုံဆွမ်းများ ဆက်ကပ်ခဲ့ပြီး ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဝတ္ထုငွေများ လောင်းလှူခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆူးကုန်းရပ်ကွက်၊ မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးနာယက ပဓာနနာယက ဘဒ္ဒန္ဒခေမိန္ဒာစာရ ဆရာတော်ကြီးထံမှ ရေစက်သွန်းချ အနုမောဓနာတရား နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

,