အယ်ဘေးနီးယားနိုင်ငံ၌ AI စနစ်က ဝန်ကြီးတစ်ဦးဖြစ်လာ
အယ်ဘေးနီးယားနိုင်ငံ၌ AI စနစ်တစ်ခုက အစိုးရအဖွဲ့ဝင်ဝန်ကြီး တစ်ဦးဖြစ်လာပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ်အက်ဒီရာမာက ထုတ်ပြန်ကြေညာသည်။ အဆိုပါ AI ၏အမည်ကို ဒီယဲလာဟုခေါ်ပြီး ထိုဝန်ကြီးအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများသို့ အစိုးရအတွက်စီမံကိန်းများ တင်ဒါချပေးခြင်းနှင့် ရွေးချယ်ခြင်းတို့ကို ကြီးကြပ်ကွပ်ကဲမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။
ဒီယဲလာသည် ရုပ်ပိုင်းဆိုင်ရာအရ တည်ရှိမှုမရှိသော်လည်း AI ဖြင့်ဖန်တီးပေးထားသည့် ဝန်ကြီးတစ်ဦးဖြစ်ကြောင်း၊ အဆိုပါဝန်ကြီးအနေဖြင့် ပုဂ္ဂလိကတင်ဒါများနှင့် ပတ်သက်လာလျှင် အယ်ဘေးနီးယားနိုင်ငံကို လာဘ်စားမှု ရာနှုန်းပြည့်ကင်းစင်သည့် နိုင်ငံဖြစ်လာစေရေး ကူညီပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။
အယ်ဘေးနီးယားနိုင်ငံ၌ ပုဂ္ဂလိက တင်ဒါများသည် ငွေကြေးခဝါချမှုအတွက် အဓိကနေရာ တစ်ခုဖြစ်နေကြောင်း ကျွမ်းကျင်သူများက ပြောထားသည်။
MWD
MM-News-Category

,
,