အမေရိကန်နှင့် မည်သည့်နားလည်မှု စာချွန်လွှာမျှ ရရှိထားခြင်းမရှိဟု အီရန်ငြင်းဆို

News Image

  • အမေရိကန်နှင့် မည်သည့်နားလည်မှု စာချွန်လွှာမျှ ရရှိထားခြင်းမရှိဟု အီရန်ငြင်းဆို

         အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြားမည်သည့် နားလည်မှုစာချွန်လွှာမျှ ရရှိထားခြင်းမရှိကြောင်း အီရန်အစိုးရတာဝန်ရှိသူများ၏ ပြောဆိုချက်ကိုကိုးကား၍ Tasnimသတင်းဌာနက ထုတ်ပြန်ထားသည်။ ထိုနှစ်နိုင်ငံကြား အဆိုပြုထားသော နားလည်မှုစာချွန်လွှာကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဘက်က အတည်ပြုမှုတစ်ခုသာ ကျန်တော့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုသတင်းများကို အီရန်ဘက်က ငြင်းဆိုခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါနားလည်မှုစာချွန်လွှာပါ အချက်အလက်များနှင့်   ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် ဆွေးနွေးဆဲဖြစ်ကြောင်းနှင့် အပြီးမသတ်နိုင်သေးကြောင်း အီရန်၏ ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့နှင့် နီးကပ်သော   သတင်းအရင်းအမြစ်တစ်ခုကပြောထားသည်။

အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့က လက်ရှိအသက်ဝင်နေဆဲဖြစ်သော အပစ်အခတ်ရပ်စဲရေးကို နောက်ထပ်ရက်ပေါင်း ၆၀ သက်တမ်းတိုးရန်နှင့် အီရန်နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ စတင်ဆွေးနွေးရန် သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီဖြစ်ကြောင်း၊ သို့သော် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အတည်ပြုမှုကျန်ရှိနေသေးကြောင်း Axio သတင်းဌာနက အမေရိကန် တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကား၍ မေလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ပြင် နားလည်မှု စာချွန်လွှာတွင် ဟော်မုရေလက်ကြားကို မည်သည့်အတားအဆီးမျှမရှိဘဲ ပြန်ဖွင့်ရေး ဆောင်ရွက်ရန် ပါဝင်ကြောင်း သိရသည်။

MWD