ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့နှင့် ပလိပ်မြို့နယ်ခွဲ၌ စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

News Image

  • ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့နှင့် ပလိပ်မြို့နယ်ခွဲ၌ စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည်၊ အောက်တိုဘာ-၂၉

ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့နှင့် ပလိပ်မြို့နယ်ခွဲ၌ ယမန်နေ့က ကျောက်ဆည်ခရိုင် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များက ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ဆက်လက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ရောင်းချရာ၌ ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်ပြည်သူများအတွက် စားအုန်းဆီ (၁၁၀) ပိဿာ အား ဒေါ်ဇာဇာခိုင်(ဗိုလ်တစ်ထောင်) စားသုံးဆီလက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှ လည်းကောင်း၊ ညောင်ပင်ဇောက်ကျေးရွာပြည်သူများအတွက် စားအုန်းဆီ(၁၁၀)ပိဿာအား ဦးတင်လင်းအောင် (အမေထွား) စားသုံးဆီလက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှလည်းကောင်း၊ စဉ့်ကိုင်မြို့ တရုတ်စုရပ်ကွက်နှင့် မြို့သစ် ရပ်ကွက်ပြည်သူများအတွက် စားအုန်းဆီ(၃၃၀)ပိဿာအား ဦးစိုးမောင်(အောင်စိုးမိုးဦး) စားသုံးဆီလက်လီ လက်ကား ရောင်းဝယ်ရေးဆိုင်မှလည်းကောင်း၊ မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက်နှင့် ရွှေသူဌေးရပ်ကွက် ပြည်သူ များအတွက် စားအုန်းဆီ(၂၈၈)ပိဿာအား ဒေါ်ဇာဇာအေး(ဒေါ်ဇာ) စားသုံးဆီ လက်လီလက်ကား ရောင်းဝယ်ရေး ဆိုင်မှလည်းကောင်း၊ ပလိပ်မြို့နယ်ခွဲမှ တပတ်ဆွဲကျေးရွာပြည်သူများအတွက် စားအုန်းဆီ(၂၂၀)ပိဿာအား ဦးအောင်ကြိုင်(ကျော်ကျော်မင်း) စားသုံးဆီလက်လီလက်ကား ရောင်းဝယ်ရေးဆိုင်တို့မှ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် မိသားစုတစ်စုလျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား စားအုန်းဆီများ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပေးပို့သူ- သက်မောင်(ကျောက်ဆည်)