PHEV ကားများက သတ်မှတ်ထားသည်ထက် စက်သုံးဆီပမာဏကို လေးဆပိုမို သုံးစွဲနေကြောင်း တွေ့ရှိရ
ကမ္ဘာတစ်ဝန်းမှ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ လောင်စာဆီသုံးအင်ဂျင်နဲ့ ဘက်ထရီတွဲသုံးထားတဲ့ Plug-in hybrid(PHEV)ကားတွေကို အနာဂတ်အတွက် အကောင်းဆုံးနည်းပညာတစ်ခုအဖြစ် ကြော်ငြာနေပေမယ့် တကယ်တမ်းမှာဒီကားတွေဟာ သတ်မှတ်ထားတာထက် စက်သုံးဆီကိုလေးဆပိုမိုသုံးစွဲနေတယ်လို့ Fraunhofer အဖွဲ့အစည်းရဲ့ လေ့လာမှုအသစ်က ဖော်ပြလိုက်ပါတယ်။ ဥရောပတစ်လွှားရှိကားအစီးရေ တစ်သန်းနီးပါးကို လေ့လာရာမှာ ဒီကားတွေဟာ အစိုးရရဲ့ စစ်ဆေးချက်တွေမှာ ဖော်ပြထားတာထက် ဆီပမာဏ ၃၀၀ ရာခိုင်နှုန်းကျော် ပိုမိုအသုံးပြုနေတာကိုတွေ့ရှိခဲ့ရတာပါ။
WLTP စစ်ဆေးချက်တွေအရ ဒီကားတွေဟာ ကီလိုမီတာ ၁၀၀ ကို ဆီ ၁ ဒသမ ၅၇ လီတာပဲ သုံးစွဲရမှာဖြစ်ပေမယ့် လက်တွေ့မှာတော့ ခြောက်လီတာကျော်အထိအသုံးပြုနေတာကြောင့် ကြော်ငြာထားတာထက် လေးဆနီးပါးပိုများနေတာပါ။ ဒီလိုဖြစ်ရတာဟာ ကားအရှိန်မြှင့်တဲ့အခါ ဒါမှမဟုတ် အပူပေးစက်ဖွင့်တဲ့ အခါမျိုးတွေမှာ အင်ဂျင်ကပိုရုန်းရတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီစွမ်းအင်ကိုရယူ အသုံးပြုသည့်တိုင် ဆီစားနှုန်းက ၁၀၀ ကီလိုမီတာကို သုံးလီတာနီးပါးရှိနေဆဲဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
MWD

,
,