ကျန်းမာရေးအတွက် ပန်းသီး ရှလကာရည်နှင့် ပျားရည်အစွမ်း
Posted_Date
Image
Body
ပန်းသီးရှလကာရည်လို့ခေါ်တဲ့ Apple Cider Vinegar (ACV) က ကျန်းမာရေးအတွက် ဆေးစွမ်း ထက်မြက်သလို သဘာ၀ပျားရည်ကလည်း လွန်စွာဆေးဖက်၀င်ပါတယ်။ အဲဒီပစ္စည်း တစ်မျိုးချင်းစီမှာ ပင်ကိုသဘာ၀ဆေးစွမ်း သတ္တိတွေပါရှိနေပြီး အဲဒီ နှစ်မျိုးကိုပေါင်းစပ်လိုက်တဲ့အခါ ကျန်းမာရေးအတွက် အံ့မခန်းအစွမ်းထက်တာကို တွေ့ရမှာဖြစ်ပါတယ်။
ပန်းသီးရှလကာရည်
ပန်းသီးရှလကာရည်ဆိုတာ ပန်းသီးကိုကြိတ်ခြေ၊ ပေါင်းခံပြီး အချဉ်ဖောက်ထားတာကြောင့် အက်စီတစ် အက်စစ် (Acetic acid) မြင့်မားစွာပါရှိနေပါတယ်။ အဲဒီအက်စစ်ကို ဓာတ်ခွဲစမ်းသပ်ကြည့်တဲ့အခါ လူကို ဘေးဖြစ်စေတဲ့ ဗက်တီးရီးယားပိုးတွေကို သေစေနိုင်ခြင်း၊ အရေပြားကူးစက်ရောဂါ အမျိုးမျိုးတို့မှ ကာကွယ် ပေးနိုင်ခြင်းကို တွေ့ရပါတယ်။ လက်သည်းမှိုစွဲခြင်းနဲ့ ကြွက်နို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့ပြင် အက်စီတစ်အက်စစ်က Antiseptic (ခေါ်) ပိုးသတ် ဆေးတစ်မျိုးဖြစ်လို့ ကိုယ်တွင်းကိုယ်ပနာတာရှည်ရောဂါ ကူးစက်မှုဝေဒနာတွေကို ကောင်းစွာကုသ ပေးနိုင်ပါတယ်။ ပန်းသီးရှလကာရည်က သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ အင်ဆူလင်ရဲ့ လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး အစာစားပြီး နောက် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင် တာကြောင့် ဆီးချိုရောဂါရှိသူတွေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိသူတွေအတွက် ကောင်းကျိုးပြုပါတယ်။ ဗိုက်ပြည့်အင့်တဲ့ ခံစားချက်ကိုဖြစ်စေပြီး အစာစားချင်စိတ်ကိုလျော့ကျစေတဲ့အတွက် ကယ်လိုရီစားသုံး မှုကိုနည်းစေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အတွက် အစာချေဖျက်ရာမှာ အထောက်အကူပြုပြီး အူလမ်းကြောင်း ကျန်းမာရေး အတွက် ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။ သွေးတွင်းမကောင်း တဲ့ကိုလက်စထရောကို လျှော့ချပေးနိုင်ပြီး နှလုံးသွေးကြောရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
သဘာ၀ပျားရည်
ပျားရည်က သဘာဝကပေးတဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပြီး နှစ်ပေါင်းများစွာကတည်းက ကျန်းမာရေးအတွက် အသုံးပြုခဲ့ကြပါတယ်။ ပျားရည် မှာ သကြားဓာတ်၊ အမိုင်နိုအက်စစ်၊ ဗီတာမင်၊သတ္တုဓာတ်၊ သံဓာတ်၊ ဇင့်နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဒါ့ပြင် ပျား ရည်ထဲမှာ ဖီနိုလစ်ဓာတ်ပေါင်းစုပါရှိနေပြီး အဲဒီဓာတ် ပေါင်းစုက ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် စွမ်းဆောင်ပေးနိုင် ပါတယ်။ ဒါကြောင့် ပျားရည်က ကျန်းမာရေးကိုကောင်းမွန်စေပြီး ရောဂါဝေဒနာတွေနဲ့ ကိုယ်တွင်း ကိုယ်ပရောင်ရမ်းနာတို့ကို ကာကွယ်ပေးပါတယ်။ ပျားရည်က ချောင်းဆိုးခြင်း၊ လည်ချောင်းယားခြင်း၊ လည်ချောင်းနာခြင်းတို့ကိုသက်သာစေနိုင်ပြီး ညဘက် အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသေ၊ မှိုသေစေနိုင်တဲ့အစွမ်းတွေ ပါရှိပါတယ်။ ဒါ့ပြင် ဒဏ်ရာတွေ၊ အပူလောင်တာတွေနဲ့ အနာ တွေကို မြန်မြန်ကျက်စေဖို့အတွက် လိမ်းပေး နိုင်ပါတယ်။ ပျားရည်မှာပါဝင်တဲ့ Flavonoids လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆဲလ်တွေကိုပျက်စီးစေတဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာနဲ့နှလုံးရောဂါလိုရောဂါတွေကို ကာကွယ်ရာမှာ အရေးပါပါတယ်။ ပျားရည်က အစာခြေစနစ်ကိုကောင်းမွန်စေတဲ့ အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ(ဥပမာ-ဝမ်းလျှောခြင်း)ကို ကုသရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။ ပျားရည်က သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောနဲ့ Triglycerides ကိုလျှော့ချပေးနိုင်ပြီး ကောင်းတဲ့ ကိုလက်စထရောကို တိုးစေနိုင်တဲ့အတွက် နှလုံးကျန်းမာရေးကိုအထောက် အကူပြုပါတယ်။ အရက်နာကျတဲ့အခါ ပျားရည်ကို ရေနဲ့ရောစပ်ပြီး သောက်သုံးပေးခြင်းက အစာအိမ် ကိုသက်သာစေပြီး ပျားရည်မှာပါတဲ့ ဖရက်တို့စ်ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အထောက် အကူပြုပါတယ်။ ပျားရည်က ကောင်းကျိုးများစွာရှိ ပေမယ့် သဘာဝသကြားဓာတ်ဖြစ်လို့ အလွန်အကျွံ စားသုံးခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် အသက်တစ်နှစ်အောက် ကလေးငယ်တွေကို မတိုက်သင့်ပါဘူး။
ပန်းသီးရှလကာရည်နှင့်ပျားရည်
ဆေးသုတေသီတွေရဲ့ လေ့လာမှုမှတ်တမ်းတွေအရ ပန်းသီးရှလကာရည်က နာတာရှည်အဆစ် အမျက်ရောင်ရမ်းနာကျင်ခြင်းကို ထိန်းချုပ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ထို့အတူ ပျားရည်က အဆစ်ရောင်ရောဂါတွေကို ကောင်းစွာကုသပေး နိုင်ကြောင်း သိရပါတယ်။
အိန္ဒိယဆေးသုတေသီတွေရဲ့ လေ့လာမှုအရ ပန်းသီးရှလကာရည်နှင့် ပျားရည်တို့ကိုရောစပ်၍ ဖျော်သောက်ခြင်းက အစာအိမ်ထဲမှာရှိတဲ့ အက်စစ် ထွက်ရှိမှုကို မျှတစေကြောင်း၊ ဒါကြောင့် အစာစားပြီး နောက် လေချဉ်တက်လေ့ရှိသူတွေနဲ့ ရင်ပူ၊ နှလုံး ပူတတ်သူတွေအနေနဲ့ ပန်းသီးရှလကာရည်နဲ့ ပျားရည်ကိုရောစပ်ပြီး သောက်သင့်ကြောင်း အကြံပြုထားပါတယ်။
ပန်းသီးရှလကာရည်မှာပါတဲ့ အက်စီတစ်အက်စစ် က အစာထဲမှာရှိတဲ့ ပရိုတင်းဓာတ်ကို ဖြိုခွဲပေးပါတယ်။ ဒါ့ပြင် အစာအိမ်ထဲမှာရှိတဲ့ အစားအစာတွေ ကို ကောင်းစွာကြေညက်စေဖို့ အင်ဇိုင်းဓာတ်တစ်မျိုးကို ထောက်ပံ့ပေးပါတယ်။ ပျားရည်က လေထိုး၊ လေပွ၊ ဗိုက်နာခြင်းတွေကို ပြေပျောက်စေပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်တစ်ခုမှလေ့လာမှုအရ ပန်းသီးရှလကာရည် ၃၀ မီလီလီတာ ကို ရေသန့် ၅၀၀ မီလီလီတာနဲ့ သောက်ခြင်းက ခန္ဓာကိုယ်ထဲရှိအဆီခဲတွေကို ဖြိုခွင်းပေးပြီး အ၀လွန် ခြင်းကိုလျှော့ချပေးနိုင်ကြောင်း၊ ပန်းသီးရှလကာရည်ကို ပျားရည်နဲ့သောက်ခြင်းက သွေးထဲရှိသကြား ဓာတ်ပမာဏကိုထိန်းညှိပေးခြင်း၊ သွေးကြောထဲရှိအဆီအနည်ကျမှုကိုကာကွယ်ပေးခြင်း၊ ခန္ဓာကိုယ် ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း စသည်ဖြင့် ကောင်းကျိုးပြု နိုင်ကြောင်း သိရပါတယ်။
အက်စီတစ်အက်စစ်က အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးပြီး သည်းခြေရည်ကိုကောင်းစွာထွက် ရှိစေတာကြောင့် ကိုလက်စထရောကျဆင်းစေ ကြောင်း၊ ပျားရည်ကို မှန်မှန်စားပေးခြင်းက မကောင်း တဲ့ကိုလက်စထရောကို လျှော့ချပေးပြီး ကောင်းတဲ့ ကိုလက်စထရောကို တိုးမြှင့်ပေးနိုင်ကြောင်း၊ ယင်း နှစ်မျိုးဖျော်ရည်က ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီး သွေးသန့်စေကြောင်း အကြံပြုထား ပါတယ်။
ပျားရည်ထဲရှိ စွမ်းအားပြည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက နှလုံးသွေးကြောပြဿနာနဲ့ နှလုံးရောဂါအမျိုးမျိုးကို ကာကွယ်ပေးပြီး လေဖြတ်ခြင်း ကို ဟန့်တားပေးနိုင်ပါတယ်။ ပန်းသီးရှလကာရည်က ကိုလက်ထစရောကျပြီး သွေးဖိအားကိုလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ပန်းသီးရှလကာရည်နဲ့ပျားရည် နှစ်မျိုးပေါင်းက နှလုံးကိုကျန်းမာစေပါတယ်။
ပျားရည်နှင့် ပန်းသီးရှလကာရည်တို့ဓာတ်ပြုမှုက သွေးဖိအားတက်ခြင်းကို လျှော့ချပေးနိုင်တာကြောင့် သွေးတိုးရောဂါဝေဒနာရှင်တွေကို ကောင်း ကျိုးပြုပါတယ်။
အမေရိကန်နိုင်ငံလုံးဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ အစည်းတစ်ခုမှထုတ်ပြန်ချက်အရ အမျိုးအစား -၂ ဆီးချိုရောဂါအတွက် သောက်သုံးရတဲ့ ဆီးချိုကျ ဆေးတွေရဲ့ အင်ဆူလင်ပြဿနာကို ပန်းသီးရှလကာရည်က ကောင်းကျိုးပြုပေးနိုင်ကြောင်း၊ အထူးသဖြင့် ရောဂါဖြစ်သူများအနေဖြင့် ညအိပ်ခါနီး ပန်းသီးရှလကာရည် သောက်ပေးခြင်းက ဆီး၊ သွေးထဲရှိ ဂလူးကို့စ်ပမာဏကို မှန်မှန်ကန်ကန် ဖော်ပြပေးနိုင်ကြောင်း၊ ပျားရည်က သွေးရည်ကြည်ကိုကောင်းကျိုး ပြုပြီး ဆီးချိုသွေးချိုရောဂါသည်တွေရဲ့ သွေးထဲရှိ Fatty Acid ကိုကောင်းကျိုးပြုစေကြောင်း၊ ဒါကြောင့် ပန်းသီးရှလကာရည်နဲ့ ပျားရည်နှစ်မျိုးဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် သွေးထဲရှိသကြားဓာတ် ပမာဏကို လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။
နံနက်ပိုင်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီး နောက် ပန်းသီးရှလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း သို့မဟုတ် နှစ်ဇွန်းခန့်ကို ပျားရည်လက်ဖက် ရည်ဇွန်းတစ်ဇွန်းနဲ့ ဖျော်စပ်သောက်ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအား တိုးတက်မြင့်မားစေပါတယ်။ အသည်း ကိုလည်း သန့်စင်စေပါတယ်။
ချောင်းဆိုးနေသူများ ပျားရည်အသင့်အတင့် သောက်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုး လုံး၀မဖြစ်စေပါဘူး။ ပန်းသီးရှလကာရည်က ချောင်းဆိုးပြီး လည်ချောင်းနာခြင်းအတွက် အသုံး၀င်ပါတယ်။ ပန်းသီးရှလကာရည်နဲ့ ပျားရည်နှစ်မျိုးက ရာသီဖျား၊ ကူးစက်ရောဂါ၊ အအေးမိနှာစေးချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတို့အတွက် ကောင်းကျိုးပြုပါ တယ်။
ပန်းသီးရှလကာရည်နဲ့ သဘာ၀ပျားရည်တို့ရဲ့ ပေါင်းစပ်ဓာတ်ပြုမှုက အရေပြားကိုကျန်းမာစေတာကြောင့် ဝဲနှင်းခူရောဂါနဲ့ အရေပြားအနီကွက်ဖြစ်ပြီး ယားယံခြင်းတို့အတွက် အသုံး၀င်ပါတယ်။ ဒါ့ပြင် အရေပြားပေါ်ရှိ ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး ကျန်းမာသန့်စင်တဲ့ အရေပြားအသစ်ကို ဖြစ်တည်ပေး နိုင်ပါတယ်။
MWD
ကုသိုလ်ထပ်ထပ် ကထိန်မြတ်
Posted_Date
Image
Body
ကထိန်၏အဓိပ္ပာယ်
ကထိန်ဟူသည် ကထိနဟူသော ပါဠိပုဒ်မှသက်ဆင်းလာသော ပါဠိသက်ဝေါဟာရဖြစ်သည်။ အဓိပ္ပာယ်မှာ မြဲမြံခိုင်ခံ့ခြင်းဟုဆိုလိုသည်။ တစ်နည်းအားဖြင့် အကျိုးအာနိသင် (၅)မျိုးကို ပေါင်းရုံး၍ ယူတတ်သောကြောင့်လည်းကောင်း၊ တစ်ပြိုင်နက်သိမ်းကျုံး ရရှိစေနိုင်သောကြောင့် လည်းကောင်း၊ ဘုရား အစရှိသော ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် လည်းကောင်း၊ သစ်ပင်ကြီးကဲ့သို့ မြဲမြံခိုင်ခံ့ခြင်း သဘောရှိသောကြောင့်လည်းကောင်း ကထိန်ဟုခေါ်ဆိုကြောင်း တိပိဋကပါဠိ-မြန်မာအဘိဓာန်၌ ဖော်ပြထားပေသည်။
ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံ
ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ အနည်းငယ်ဖော်ပြရလျှင် မြတ်စွာဘုရားရှင် လက်ထက်ပါဝေယျကတိုင်းသား ရဟန်းတော် ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် ပါဝါမြို့မှ သာဝတ္ထိမြို့သို့ မြတ်စွာဘုရားရှင်အားဖူးမြော်ရန် လာရောက်စဉ် ဝါဆိုအမီ မြတ်စွာဘုရားထံ မရောက်နိုင်ကြသဖြင့် သာကေတမြို့၌သာ ဝါဆိုဝါကပ်တော်မူကြသည်။
ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် သီတင်းဝါလကျွတ်၍ ပဝါရဏာပြုပြီးလျှင် သာဝတ္ထိမြို့သို့ ဆက်လက်ထွက်ခွာလာရာ လမ်းခရီး၌ မိုးသည်းထန်စွာရွာသွန်း၍ ရေ၊ ရွှံ့ညွန်တို့ဖြင့် စိုစွတ်လိမ်းကျံလျက်သာ မြတ်စွာဘုရားရှင်အား ဖူးမြော်ကြလေသည်။ ထိုဖြစ်စဉ်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က ပုရိမဝါကျွတ်ပြီးသော ရဟန်းတော်တို့အား အကျိုး(၅)ပါးကို ဟောကြား၍ ကထိန်ခင်းခွင့်ပြုတော်မူခဲ့သဖြင့် ကထိန်သင်္ကန်းဖြစ်ပေါ်လာပေသည်။
ကထိန်သင်္ကန်းလှူဒါန်းခြင်း
ကထိန်ခင်းခြင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားရှင်က ပုရိမဝါဆိုပြီးမြောက်တော် မူကြသည့် ရဟန်းတော်များကိုသာ ကထိန်ခင်း ခွင့်ပြုတော်မူခဲ့သည်။ ကထိန်ခင်းရာ၌ ဝိနည်းကံနှင့်လျော်ညီစွာ ကထိန်ခင်းသူ (ရဟန်းတော်)အပါအဝင် အနည်းဆုံးသံဃာငါးပါးရှိမှသာ သိမ်အတွင်းကထိန်ခင်းခွင့်ပြုတော်မူသည်။
ကထိန်ခင်းသည့်ကာလကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသာ မြတ်စွာဘုရားရှင်ခွင့်ပြုတော်မူခဲ့ပေသည်။ ရဟန်းတော်များအနေဖြင့် ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ်မြွက်၍ဖြစ်စေ မတောင်းအပ်၊ အလှူမခံအပ်ပါ။ ယုတ်စွအဆုံး မိဘနှစ်ပါးကိုပင် ကထိန်သင်္ကန်းလှူဒါန်းရန် မပြောအပ်၊ မတောင်းအပ်ပါ။ အလှူရှင်၏ ကထိန်သင်္ကန်းလှူဒါန်းလိုသော သဒ္ဓါတရား ဖြစ်ပေါ်လာမှသာ ကထိန်ခင်းရသည်။ အလှူရှင်က သင်္ကန်းကို လှူသောအခါလည်း ပုဂ္ဂိုလ်ကိုမရည်ညွှန်းဘဲ “ဣမံကထိနစီဝရံ သံဃဿ ဒေမ” ဟုဆို၍ သံဃာကိုရည်ညွှန်း လှူဒါန်းမှသာ ကထိန်အရာမြောက်ပေသည်။
ကထိန်ခင်းပုံအစီအစဉ်
ရဟန်းတော်များသည် လက်ခံရရှိသည့် ကထိန်သင်္ကန်းကို သိမ်အတွင်း၌ သံဃာစုရုံး၍ သင်္ကန်းရှားပါးသူကိုရွေးချယ်ကာ ကထိန်သင်္ကန်းကို ထိုသူအား ခံယူစေရသည်။ ထိုပုဂ္ဂိုလ်မျိုးမရှိလျှင် သို့မဟုတ် သင်္ကန်းရှားပါးသူချည်းဖြစ်လျှင် သီတင်းကြီး(ဝါကြီး)မထေရ်အား ခံယူစေရသည်။ ကထိန်သင်္ကန်းခံယူ၍ ကထိန်ခင်းမည့်ပုဂ္ဂိုလ်သည် ကထိန်နှင့်ဆက်စပ်သော အောက်ပါအင်္ဂါရပ်(၈)ပါးကိုလည်း နားလည်ထားရန် လိုအပ်မည်ဖြစ်ပေသည်-
(က) ကထိန်အလှူရှင်များ လှူသည့်သင်္ကန်းကို သံဃာက ခံယူရခြင်း၊
(ခ) ကထိန်ခင်းထိုက်သည့်ရဟန်းတော် ရွေးချယ်ရခြင်း၊
(ဂ) ထိုရွေးချယ်သည့်ရဟန်းကို သံဃာတော်က သိမ်ထဲတွင် ဉတ္တိဒုတိယ ကမ္မဝါစာဖတ်ပြီး ကထိန်သင်္ကန်းပေးရခြင်း၊
(ဃ) ကထိန်သင်္ကန်းရပြီးသည့် ရဟန်းသည် မိမိတွင် မူလက တိစီဝရိတ်အဓိဋ္ဌာန်တင်ထားသည့် သင်္ကန်းကို အဓိဋ္ဌာန်ချ၍ ထိုသင်္ကန်းကိုစွန့်ရခြင်း၊
(င) ကထိန်ခင်းမည့် သင်္ကန်း၏ထောင့်၌ အညိုရောင်ဖြစ်စေ၊ ရွှံ့ရောင်ဖြစ်စေ အစက်အပြောက် ထိုးခြင်းဟုဆိုသည့် ကပ္ပဗိန္ဒုထိုးရခြင်း၊
(စ) ထိုကပ္ပဗိန္ဒုထိုးပြီးသော သင်္ကန်းကို အဓိဋ္ဌာန်တင်ရခြင်း၊
(ဆ) ထိုအဓိဋ္ဌာန်တင်ပြီးသော (ဒုကုဋ်၊ ဧကသီ၊ သင်းပိုင်) သင်္ကန်းကို ကထိန်ခင်းရခြင်း၊
(ဇ) ကထိန်ခင်းပြီးသောအခါ သိမ်အတွင်း၌ရှိကြသည့် သံဃာတော်များနှင့် ကထိန်ခံရဟန်းတော်တို့က ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုရခြင်း။
ပုရိမဝါဆိုပြီးမြောက်သည့် ကထိန်ခံသည့်ကျောင်းတိုက်မှ သံဃာတော်များက အထက်ပါအင်္ဂါရပ်များနှင့် အညီကထိန်သင်္ကန်း အလှူခံသည့်နေ့အတွင်း ရက်မကူးစေဘဲ ကထိန်ခင်းခြင်းကိစ္စများ နေ့ချင်းပြီး ဆောင်ရွက်သည်ကို “ကထိန်ခင်းသည်”ဟုဆိုသည်။
ကထိန်အကျိုးအာနိသင် (၅)ပါး
ကထိန်ခင်းပြီးသော ရဟန်းတော်များအတွက် ကထိန်အကျိုးအာနိသင် (၅)ပါးကို ကထိန်ခင်းသည့်နေ့မှ စ၍ တပေါင်းလပြည့်နေ့အထိ ရရှိတော်မူကြသည်။
ယင်းကထိန်အကျိုးအာနိသင်(၅)ပါးမှာ-
(က) အနာမန္တစာရ-ဒါယကာက ရဟန်းတို့အားမအပ်စပ်သော အသုံးအနှုန်းဖြင့် ဆွမ်းဖိတ်သော်လည်း အနီးရှိ ရဟန်းတို့ကိုမပန်ကြား၊ မပြောဆိုဘဲ ရွာတွင်းသို့သွားလာနိုင်ခြင်း (စာရိတ္တသိက္ခာပုဒ်အရပါစိတ်အာပတ်မသင့်ခြင်း)အကျိုး၊
(ခ) အသမာဒါနစာရ-တိစီဝရိတ်အဓိဋ္ဌာန်တင်သောသင်္ကန်းကို မယူဆောင်ဘဲ(ညစဉ် အနီးအနား၌ မဆောင်ထားဘဲ)သွားလိုရာ လှည့်လည်သွားလာနိုင်ခြင်း (ဒုတိယကထိနသိက္ခာပုဒ်အရ နိဿဂ္ဂိယ ပါစိတ်အာပတ်မသင့်ခြင်း)အကျိုး၊
(ဂ) ယာဝဒတ္ထစီဝရ-ရသမျှသင်္ကန်းတို့ကိုအဓိဋ္ဌာန်၊ ဝိကပ္ပနာမပြုဘဲ အလိုရှိသလောက် ထားရှိသုံးဆောင်နိုင်ခြင်း(ပထမကထိနသိက္ခာပုဒ်အရ ၁၀ ရက်ထက်ကျော်လွန်သော်လည်း နိဿဂ္ဂိယပါစိတ် အာပတ်မသင့်ခြင်း)အကျိုး၊
(ဃ) ဂဏဘောဇန-မအပ်စပ်သော တောင်းခံ ခြင်း၊ပင့်ဖိတ်ခြင်းမျိုးဖြင့် ောင်းခံပင့်ဖိတ်အပ်သောဆွမ်းကို လေးပါး၊ လေးပါးထက်အလွန် စုပေါင်းခံယူစားနိုင်ခြင်း(ဘောဇနဝဂ် ဒုတိယသိက္ခာပုဒ်နှင့် တတိယသိက္ခာပုဒ်တို့အရ ပါစိတ်အာပတ်မသင့်ခြင်း)အကျိုး၊
(င) ယော စ တတ္ထ စီဝရုပ္ပါဒ-ကထိန်ခင်းရာကျောင်းတိုက်၌ ရရှိလာသမျှ သင်္ကန်းတို့ကို ကထိန်ခင်းသော ရဟန်းတို့သာ သုံးစွဲခွင့် ရရှိနိုင်ခြင်းအကျိုး။
ကထိန်သင်္ကန်းအလှူအကျိုး (၅)ပါး
ကထိန်ခင်းတော်မူကြသည့် ရဟန်းတော်များအတွက် ကထိန်အာနိသင်အကျိုး (၅)ပါးရှိသကဲ့သို့ ကထိန်အလှူရှင်များအတွက်လည်း ကထိန်ခင်းသည့်နေ့မှစ၍ နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဘဝ အဆက်ဆက် ကထိန်လှူဒါန်းရသည့် အကျိုး (၅) မျိုးကို ရရှိနိုင်သည်။ ယင်းအကျိုး (၅) ပါးမှာ-
(က) ပိတ်ပင်တားဆီးမှုမရှိ မိမိလိုရာအရပ်သို့သွားနိုင်ခြင်းအကျိုး၊
(ခ) ကိစ္စအဝဝတွင်ဝန်လေးခြင်းမရှိ၊ ပေါ့ပေါ့ပါးပါးချမ်းချမ်းသာသာရှိခြင်းအကျိုး၊
(ဂ) အစားအစာများပေါများ၍ အစားအသောက်ကြောင့် ဘေးအန္တရာယ် မဖြစ်ခြင်းအကျိုး၊
(ဃ) မိမိစည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါးမဖျက်ဆီးနိုင်ခြင်းအကျိုး၊
(င) အဝတ်အထည်နှင့် ပစ္စည်းဥစ္စာများပေါများ၍ မိမိပိုင်ပစ္စည်းများကို မိမိကမပေးလျှင် မည်သူမျှမယူနိုင်ခြင်းအကျိုး။
စုပေါင်းဆင်နွှဲ ကထိန်ပွဲ
ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် ဝါလကင်းလွတ် သီတင်းကျွတ်ကာလသို့ ရောက်ပြီဆိုလျှင် “ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်” ဆိုသည့်အတိုင်း ဘုရားတည်ထားရာတွင် ရတနာစိန်ဖူးတော်လှူဒါန်းရခြင်းသည် အမြတ်ဆုံးဖြစ်ကြောင်း၊ ကျောင်းဆောက်လှူဒါန်းရာတွင် သိမ်ကျောင်းဆောက်လုပ် လှူဒါန်းခြင်းသည် အမြတ်ဆုံးဖြစ်ကြောင်း၊ သင်္ကန်းများလှူဒါန်းရာတွင် ကထိန်သင်္ကန်းသည် အမြတ်ဆုံးဖြစ်ကြောင်း၊ ဆွမ်းလှူဒါန်းရာတွင်နေ့စဉ်လှူဒါန်းရသည့် ပိဏ္ဍပါတ်ဆွမ်းသည် အမြတ်ဆုံးဖြစ်ကြောင်း ယုံကြည်ကြသဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ရွာများတွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ပုရိမဝါဆိုပြီးမြောက်တော်မူကြသည့် သံဃာတော်များအား လှူဒါန်းရန် ကထိန်သင်္ကန်းများအပြင် ကျောင်းအသုံးအဆောင်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများပါဝင်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ချိတ်ဆွဲထားသော ပဒေသာပင်အမျိုးမျိုးကို ကထိန်ခင်းမည့် ကျောင်းတိုက်များသို့ မြန်မာ့ရိုးရာယဉ်ကျေးမှုအကများဖြင့် ပျော်ရွှင်ကြည်နူးစွာ ပို့ဆောင်ကြလျက် ဒါန၊ သီလ ဘာဝနာကုသိုလ်ကောင်းမှုများ စုပေါင်းပြုလုပ်ကြပေသည်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးများက အခြားသောနေ့ထူးနေ့မြတ်များနှင့်မတူဘဲ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဆင်ယင်ကျင်းပသည့် အခါသမယတွင် မြတ်စွာဘုရားရှင်အား မသိုးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးရှူးမီးပန်းများဖြင့်ပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်း၊ သာမညဖလအခါတော်နေ့ ကျင်းပခြင်း၊ မည်သည့်ပုဂ္ဂိုလ်မျှ ရည်ရွယ်မှုမပြုဘဲ ပံ့သကူပစ်လှူဒါန်းခြင်း၊ မြန်မာ့ရိုးရာ အစားအစာများဖြင့် စတုဒိသာကျွေးမွေး လှူဒါန်းခြင်း စသည့်ကုသိုလ်ကောင်းမှုအမျိုးမျိုးကို စည်းလုံးညီညွတ် ပျော်ရွှင်စွာဖြင့် စုပေါင်းကုသိုလ်ပြုကြခြင်းဖြစ်၍ “ကုသိုလ်ထပ်ထပ် ကထိန်မြတ်”ဟု ခေါ်ဆိုရမည်ဖြစ်ပေသည်။ ။
MWD
လေထဲမှာ ရက် ၉၀ ပျံဝဲပြီး စစ်သည်များကို 5G ကွန်ရက်ပေးမယ့် နေစွမ်းအင်သုံးဒရုန်း
News Image
အမေရိကန်ရေတပ်က သူတို့ရဲ့စစ်သည်များကို မြန်နှုန်းမြင့်အင်တာနက်ကွန်ရက်ဖြစ်တဲ့ 5G ကွန်ရက်
