ထရမ့်အစိုးရသည် ဗင်နီဇွဲလားအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ဖြစ်နိုင်ခြေကို တက်ကြွစွာ ဆွေးနွေး

News Image

  • ထရမ့်အစိုးရသည် ဗင်နီဇွဲလားအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ဖြစ်နိုင်ခြေကို တက်ကြွစွာ ဆွေးနွေး

ထရမ့်အစိုးရသည် ဗင်နီဇွဲလားအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ဖြစ်နိုင်ခြေကို တက်ကြွစွာ ဆွေးနွေးနေကြောင်း The Washington Post သတင်းစာတွင် ဖော်ပြထားသည်။

"ပင်တဂွန်အကြီးအကဲ Pete Hegseth၊ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Kain နှင့် အခြားအကြီးတန်းအရာရှိများသည် ဒေသ တွင်းရှိ အမေရိကန်တပ်ဖွဲ့များသည် ဖြစ်နိုင်ချေရှိသော တိုက်ခိုက်မှုအမိန့် များအတွက် တိတ်တဆိတ်ပြင်ဆင်နေချိန်တွင် အိမ်ဖြူတော်တွင် နှစ်ကြိမ် တွေ့ဆုံခဲ့ကြသည်" ဟု စာစောင်တွင် ဖော်ပြထားသည်။

နောက်ဆုံးဆုံးဖြတ်ချက်ကို မချရသေးသော်လည်း ရွေးချယ်စရာများတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် Delta Force စစ်ဆင်ရေးများ ပါဝင်သည်။

မိမိအနေဖြင့် ဆုံးဖြတ်ချက်ချပြီးဖြစ်ပြီး အကြောင်းရင်းကိုမူ မပြောနိုင်သေး ပါဟု ဗင်နီဇွဲလားအကြောင်းကို သမ္မတ ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုးကား - The Washington Post

News Video