၂၀၃၁ ခုနှစ်မှာ အသံနှုန်းလွန် ဒုံးကျည်အစင်း ၄၅၀၀ အထိ တပ်ဆင်မယ့် အမေရိကန်ရေတပ်
အမေရိကန်ရေတပ်က ၂၀၃၁ ခုနှစ်မှာ အသံနှုန်းလွန်ဒုံးကျည် အစင်း ၄၅၀၀ အထိ တပ်ဆင်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီအစီအစဉ်ဟာ အမေရိကန်ရဲ့ ရေတပ်အင်အားမြှင့်တင်ဖို့နဲ့ အဆင့်မြင့်လက်နက်စနစ်တွေ တပ်ဆင်ရာမှာ အရှိန်အဟုန်မြှင့်တင်လုပ်ဆောင်လာတဲ့ ခြေလှမ်းသစ်တစ်ခုလည်းဖြစ်ပါတယ်။
ဒီစီမံကိန်းအရ အသံနှုန်းလွန်ဒုံးကျည်တွေကို ရေယာဉ်စုအသီးသီးမှာ တပ်ဆင်သွားမှာဖြစ်ပြီး ရန်သူ့ကာကွယ်ရေးစနစ်တွေကို ထိုးဖောက်နိုင်စွမ်းရှိတဲ့ အလွန်မြန်တဲ့အရှိန်နှုန်းနဲ့ပစ်ခတ်နိုင်စွမ်းကိုရရှိစေမှာပါ။ ဒါတင်မကသေးပါဘူး။ တိုးမြှင့်လိုက်တဲ့ဒုံးကျည်အရေအတွက်ဟာ လက်ရှိအခြေအနေထက် သိသိသာသာ ပိုများလာမှာဖြစ်ပြီး ပစ်မှတ်တွေကို တိတိကျကျနဲ့ လျင်လျင်မြန်မြန် တိုက်ခိုက်နိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။
အမေရိကန်ရေတပ်အနေနဲ့ အသံနှုန်းလွန်ဒုံးကျည် အမြောက်အမြား ထုတ်လုပ်တပ်ဆင်တဲ့အဆင့်အထိ ကူးပြောင်းလာတာဟာ ခေတ်မီစစ်ပွဲတွေမှာ အသာစီးရဖို့ ကြိုးပမ်းတာဖြစ်သလို ရေတပ်ရဲ့အဓိကတိုက်ခိုက်ရေး အင်အားစုလည်း ဖြစ်လာမှာဖြစ်ပါတယ်။
MWD
