ရူဘယ် သန်း ၂၀၀ တန်ဖိုးရှိ လိမ်လည်မှုတွင် ပါဝင်သူတစ်ဦးကို အာရပ်စော်ဘွားများပြည်ထောင်စုက ရုရှားနိုင်ငံသို့ လွှဲပြောင်းပေး
ရုရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရူဘယ် သန်း ၂၀၀ တန်ဖိုးရှိ လိမ်လည်မှုတစ်ခုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူတစ်ဦးကို အာရပ်စော်ဘွားများပြည်ထောင်စုက ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ လိမ်လည်မှုတွင် ပါဝင်သူသည် ရုရှားနိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်းအား နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အမျိုးသားလုံခြုံရေးဌာနဝန်ထမ်းများ၏ လိုက်ပါစောင့်ကြပ်မှုနှင့်အတူ အာရပ်စော်ဘွားများပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးကာ ရုရှားနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အိုင်ရီနာ ဗော့ခ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ယခု လွှဲပြောင်းပေးခံရသူသည် ရုရှားနိုင်ငံ ဘက်ရှ်ကော်တိုစတန်ပြည်နယ်တွင် ဖြစ်ပွားသည့် ငွေကြေးအလွန်များပြားသော လိမ်လည်မှုကို ကျူးလွန်ခဲ့သည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုခံထားရသူဖြစ်ကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားထားသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိပေ။
Ref: Iv
MWD
