တရုတ်ကိုတုံ့ပြန်ဖို့အတွက် အမေရိကန်အနေနဲ့ တိုက်လေယာဉ်နဲ့ဗုံးကြဲလေယာဉ် အစင်းရေ ၅၀၀ အထိလိုအပ်နိုင်

News Image

  • တရုတ်ကိုတုံ့ပြန်ဖို့အတွက် အမေရိကန်အနေနဲ့ တိုက်လေယာဉ်နဲ့ဗုံးကြဲလေယာဉ် အစင်းရေ ၅၀၀ အထိလိုအပ်နိုင်

အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားကြီးထွားလာမှုကို တုံ့ပြန်နိုင်ဖို့အတွက် တိုက်လေယာဉ်နဲ့ ဗုံးကြဲလေယာဉ်အစင်းရေ ၅၀၀ ခန့်အထိ လိုအပ်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ခန့်မှန်းပြောဆိုနေပါတယ်။ အထူးသဖြင့် ပစိဖိတ်ဒေသတွင်းမှာ တရုတ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ ဒုံးကျည်စနစ်တွေက ပိုမိုခေတ်မီလာတာကြောင့် အမေရိကန်လေတပ်ဟာ အဆင့်မြင့်နည်းပညာသုံး လေယာဉ်တွေကို ပိုမိုအားကိုးလာရတာပါ။

ဒီအစီအစဉ်ထဲမှာ အဓိကအားဖြင့် မျိုးဆက်သစ်လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်တွေနဲ့ B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေ ပါဝင်ပါတယ်။ အဲဒီလေယာဉ်တွေဟာ ရေဒါရှောင်ကွင်းနိုင်စွမ်း အလွန်မြင့်မားသလို ဒရုန်းတွေနဲ့တွဲဖက်ပြီး တိုက်ပွဲဝင်နိုင်တဲ့ စွမ်းရည်တွေလည်းရှိပါတယ်။

လက်ရှိမှာ ဒီလေယာဉ်တွေရဲ့ဒီဇိုင်းတွေကို အဆင့်မြင့်နည်းပညာတွေပေါင်းစပ်ပြီး တိုးမြှင့်ထုတ်လုပ်ဖို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်နေတာပါ။ ဒါပေမဲ့ဒီလောက်များပြားတဲ့ လေယာဉ်တွေကို ထုတ်လုပ်ဖို့ ကုန်ကျစရိတ်က အလွန်ကြီးမားတဲ့အတွက် လွှတ်တော်မှာလည်း ဘဏ္ဍာငွေနဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုံစရာတွေ ဖြစ်လာနိုင်ပါတယ်။      

Ref: IE

ကိုထက်

MWD