အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ နေရာများစွာကို တိုက်ခိုက်

News Image

  • အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ နေရာများစွာကို တိုက်ခိုက်

ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များကို ပစ်မှတ်ထားတိုက်ခိုက်မည် ဟူသော နေတန်ယာဟု၏ကြေညာချက် ထွက်ပေါ်လာပြီးနောက်လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေပြီး ဆိုင်ဒွန်ခရိုင် (Sidon district) ရှိ မာဝါနီယာ (Marwaniyeh) မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အယ်လ်ဂျာဇီးယား အာရပ်သတင်းဌာန (Al Jazeera Arabic) ရှိ သတင်းထောက်များက သတင်းပေးပို့ထားသည်။

အလားတူ အယ်လ်ရှာဟာဘီယာ (al-Shahabiya) ရွာနှင့် မဂ်ျဒယ်လ်ဇောင် (Majdal Zoun) မြို့နယ်တို့ကို အစ္စရေးက နှစ်ကြိမ် တိုက်ခိုက်ခဲ့သကဲ့သို့ နာဘာတီးယားခရိုင် (Nabatieh district) ရှိ ကဖာတက်ဘနစ် (Kfar Tebnit) မြို့နယ်နှင့် ဇောတာရ် အာလ်ရှာကီယာ (Zawtar al-Sharqiya) ပတ်ဝန်းကျင် ဧရိယာတို့ကိုလည်း နောက်ထပ်နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် နာဘာတီးယားခရိုင်အတွင်းရှိ အာရပ်ဆလင်း (Arab Salim) မြို့နယ်ကိုလည်း လေကြောင်းမှတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ဘနွန်တောင်ပိုင်း၏ အရှေ့ဘက်စစ်မျက်နှာ ဝေဟင်တွင်မူ အစ္စရေး ကြားဖြတ်ဒုံးကျည်တစ်စင်း ပေါက်ကွဲခဲ့သည်။

ကိုးကား- Al Jazeera

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး