မက္ကဆီကိုနိုင်ငံရှိ Puerto Vallarta အပါအဝင် ဒေသအချို့သို့ သွားရောက်မည့် လေကြောင်းခရီးစဉ်များနှင့် ထိုဒေသများမှ ပြန်လာမည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်း

News Image

  • မက္ကဆီကိုနိုင်ငံရှိ Puerto Vallarta အပါအဝင် ဒေသအချို့သို့ သွားရောက်မည့် လေကြောင်းခရီးစဉ်များနှင့် ထိုဒေသများမှ ပြန်လာမည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်း

ဂိုဏ်းခေါင်းဆောင် Nemesio “El Mencho” Oseguera Cervantes ဖေဖော်ဝါရီ ၂၂ ရက်နေ့က သေဆုံးသွားပြီးနောက်ပိုင်း မက္ကဆီကို နိုင်ငံအတွင်း ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများကြောင့် လေကြောင်းလိုင်း အချို့သည် မြို့အချို့သို့ ပြေးဆွဲနေသည့် ခရီးစဉ်များကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ထို့ကြောင့် Puerto Vallarta နှင့် Guadalajara ကဲ့သို့သော နာမည်ကြီးဒေသများသို့ ရောက်ရှိနေသည့် ကမ္ဘာလှည့်ခရီးသွားများသည် ပိတ်မိနေပြီး နေရပ်သို့မပြန်နိုင်ဘဲ ဖြစ်နေကြသည်။

မက္ကဆီကိုသမ္မတ Claudia Sheinbaum က တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) အစောပိုင်းတွင် ပြောကြားရာ၌ လေကြောင်းလိုင်းများသည် ကြိုတင်ကာကွယ်သည့် အစီအစဉ်အနေဖြင့် အထူးသဖြင့် Puerto Vallarta သို့ ပြေးဆွဲသည့် ခရီးစဉ်အချို့ကို ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ဆိုသည်။ “ယနေ့အတွင်းမှာဖြစ်စေ၊ နောက်ဆုံးထားပြီး နံနက်ဖြန်မှာဖြစ်စေ လေကြောင်းခရီးစဉ်အားလုံး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်မည်ဟု ကျွန်မတို့ မျှော်လင့်ထားပါသည်” ဟု သူမက ပြောကြားခဲ့သည်။

Cancun ၊ Los Cabos နှင့် Mexico City အပါအဝင် အခြားသော နေရာများသို့ သွားရောက်မည့် ခရီးစဉ်အများစုမှာမူ ပုံမှန်အတိုင်း ဆက်လက် ပြေးဆွဲနေဆဲဖြစ်ကြောင်း လေကြောင်းလိုင်းများက CNN သို့ ပြောကြားထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂