ဟစ်ဇဘိုလာပြောက်ကျားတပ်ဖွဲ့၏ ထောက်လှမ်းရေးဌာနချုပ် အကြီးအကဲကို ချေမှုန်းသတ်ဖြတ်ခဲ့ဟု အစ္စရေးထုတ်ပြန်
လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာပြောက်ကျားတပ်ဖွဲ့၏ ထောက်လှမ်းရေးဌာနချုပ်မှ အကြီးအကဲ ဟူစိန်မက်လက်ကို လေကြောင်းတိုက်ခိုက်မှုအတွင်း ချေမှုန်းသတ်ဖြတ်ခဲ့ကြောင်း အစ္စရေး တပ်မတော်က မတ်လ ၂ ရက်တွင် ထုတ်ပြန်သည်။
ယခင် ဟစ်ဇဘိုလာပြောက်ကျားတပ်ဖွဲ့ ထောက်လှမ်းရေးဌာနချုပ်အကြီးအကဲ ဟူစိန်ဟာဇီမာသည် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ကြား နယ်စပ်ဖြတ်ကျော်ပဋိပက္ခများအတွင်း လုပ်ကြံခံရပြီးနောက် ၂၀၂၄ ခုနှစ်တွင် မက်လက်က အဆိုပါ ရာထူးခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဟစ်ဇဘိုလာပြောက်ကျား တပ်ဖွဲ့၏ ထောက်လှမ်းရေးဌာနချုပ်သည် အစ္စရေးနိုင်ငံနှင့် သက်ဆိုင်သည့် ထောက်လှမ်းရေး သတင်းများ ရယူစုဆောင်းရန် တာဝန်ယူထားပြီး ဟစ်ဇဘိုလာအဖွဲ့၏ ထောက်လှမ်းရေးလှုပ်ရှားမှုများကို ဦးဆောင်
ညွှန်ကြားခြင်းနှင့် မဟာဗျူဟာမြောက် သတင်းအချက်အလက် စုဆောင်းမှုကို လုပ်ဆောင်သည့်အဖွဲ့အစည်းဖြစ်သည်။
လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံးရသတင်းများအရ လက်ဘနွန်တောင်ပိုင်းနှင့် ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်များအတွင်း မတ်လ ၁ ရက် နံနက်ပိုင်းမှစ၍ လုပ်ဆောင်ခဲ့သည့် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုများအတွင်း အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၄၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Ref: Xinhua
MWD

,
,
,
,
,
,