အီရန်တိုက်ခိုက်မှုကြောင့် ပါရှန်းပင်လယ်ကွေ့အတွင်းရှိ အမေရိကန်ရေနံတင်သင်္ဘောတစ်စင်း  မီးလောင်ပျက်စီး

News Image

  • အီရန်တိုက်ခိုက်မှုကြောင့် ပါရှန်းပင်လယ်ကွေ့အတွင်းရှိ အမေရိကန်ရေနံတင်သင်္ဘောတစ်စင်း  မီးလောင်ပျက်စီး

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် ပါရှန်းပင်လယ်ကွေ့အတွင်းရှိ   အမေရိကန်ရေနံတင်သင်္ဘောတစ်စင်းကို   ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

အီရန်အစ္စလာမ်မစ်   တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် အဆိုပါ အမေရိကန်ရေနံတင်သင်္ဘောမှာ မီးလောင် ပျက်စီးသွားကြောင်း   အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က မတ်လ ၅ ရက်တွင် ပြောကြားသည်။

ထို့ပြင် လက်ရှိတွင် ဟော်မုဇ်ရေလက်ကြားသည်      အီရန်နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး အမေရိကန်၊ အစ္စရေးနှင့် ဥရောပနိုင်ငံများမှ  သင်္ဘောများကို ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရသည်။                         

  Ref: Sputnik

MWD