အမေရိကန်ရေတပ်သင်္ဘောများက အိန္ဒိယဆိပ်ကမ်းများကို အသုံးပြုနေသည် ဟူသောပြောကြားချက်ကို အိန္ဒိယငြင်းဆို
အရှေ့အလယ်ပိုင်းတွင် အီရန်နှင့်ဖြစ်ပွားနေသောစစ်ပွဲအတွင်း အမေရိကန်ရေတပ်သင်္ဘောများက အိန္ဒိယဆိပ်ကမ်းများကို အသုံးပြုနေသည်ဟူသောပြောကြားချက်ကို အိန္ဒိယနိုင်ငံက ငြင်းဆို လိုက်ကြောင်းသိရသည်။
အမေရိကန်နိုင်ငံအနေဖြင့် အိန္ဒိယအပေါ် မှီခိုအားထားနေရသည်ဟု အမေရိကန်ကြည်းတပ်မတော်မှ အငြိမ်းစားဗိုလ်မှူးကြီး ဒေါက်ဂလပ်မက်ဂရီဂေါ်က ယခုသီတင်းပတ်အစောပိုင်းတွင် One America သတင်းကွန်ရက်သို့ ပြောကြားပြီးနောက် အိန္ဒိယနိုင်ငံ၏ငြင်းဆိုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်တပ်မတော်၏ အခြေစိုက်စခန်းများအားလုံးဖျက်ဆီးခံလိုက်ရသည့်အပြင် ဆိပ်ကမ်းအဆောက်အအုံများလည်း ပျက်စီးသွားပြီဖြစ်သောကြောင့် မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံနှင့် ၎င်းတို့၏ဆိပ်ကမ်းများကိုသာ အားကိုးအားထားပြုပြီး ဆုတ်ခွာနေရကြောင်း၊ အဆိုပါအခြေအနေသည် အကောင်းဆုံးအခြေအနေမဟုတ်သော်လည်း အမေရိကန်ရေတပ်က ယခုကဲ့သို့ ပြောကြားထားကြောင်း မက်ဂရီဂေါ်ကဆက်လက်ပြောကြားသည်။
မက်ဂရီဂေါ်၏ အဆိုပါပြောဆိုချက်များသည် သီရိလင်္ကာနိုင်ငံကမ်းလွန်တွင် အမေရိကန်က အီရန်မှဖရီးဂိတ် စစ်သင်္ဘောတစ်စင်းကို နှစ်မြှုပ်ခြင်း မပြုမီရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ၎င်း၏ မှတ်ချက်ပြု ပြောကြားချက်များကို အိန္ဒိယနိုင်ငံက ပြတ်ပြတ်သားသား ပယ်ချခဲ့ကြောင်း သိရသည်။
Ref: RT
MWD

,
,
,
,
,
,