Skip to main content
presoffministry
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • သတင်းများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍသတင်းများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍသတင်းများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ကဏ္ဍများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ဆောင်းပါးများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍအကြောင်းဆောင်းပါးများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆွေးနွေးချက်များ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ
  • အမေးအဖြေကဏ္ဍ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆက်သွယ်ရန်

en-language-menu

  • English

တာဝန်မှ အနားယူခွင့်ပြုခြင်း

yoonpresoff Wed, 03/11/2026 - 11:11

News Image

  • တာဝန်မှ အနားယူခွင့်ပြုခြင်း

တာဝန်မှ အနားယူခွင့်ပြုခြင်း

moi

MM-News-Category
အထွေထွေသတင်း
အထွေထွေ-ပြည်တွင်းသတင်း

ဆက်စပ်သတင်းများ

အင်းစိန်ဂျီတီအိုင်၌ EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ
အင်းစိန်ဂျီတီအိုင်၌ EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ
နေပြည်တော် မတ် ၁၃EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ Hybrid စနစ်ဖြင့်ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။ဦးစွာ ဒုတိယဝန်ကြီးက “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော အမျိုးသားရေး ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်သာယာလှပရေးအတွက် သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းစေသည့် အစိမ်းရောင်စွမ်းအင်သုံးစွဲမှုမြှင့်တင်နိုင်ရေး၊ ပြည်သူများခေတ်မီလျှပ်စစ်ကား (EV) များကို တန်းတူသုံးစွဲနိုင်မှုမှသည် အကျိုးကျေးဇူးများ ရရှိနိုင်ရေးတို့အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ် လမ်းပြမြေပုံနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းကော်မတီငါးခုက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့သင်တန်းဆင်းပွဲသည် ရလဒ်ကောင်းတစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း။သင်တန်းတာဝန်ခံများသည် သင်တန်းဆင်းများ၏ လုပ်ငန်းခွင်၌ ဆက်လက်အသုံးချမှုနှင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မှုများဆိုင်ရာ အချက်အလက်များ မှတ်တမ်းထားရှိရန်နှင့် ပြည်သူများနှင့် EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်၊ တက်ရောက်နိုင်မှုတို့နှင့်အညီ စိတ်ကြိုက်သင်တန်းများကို အရည်အသွေး စံနှုန်းပြည့်မီစွာ ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း။သင်တန်းဆင်းများသည် EV နည်းပညာများကို လုပ်ငန်းခွင်များတွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြရန်နှင့် လုပ်ငန်းတူ မိတ်ဆွေများကို ပြန်လည်မျှဝေရန်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေး EV အသိပညာများကို ပြည်သူများအပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ်ဖြစ်စေရေးအတွက် သင်တန်းမှပို့ချသော နည်းပညာများကို အခြေခံပြီး စဉ်ဆက်မပြတ်လေ့လာသွားရန် လိုအပ်ကြောင်း ပြောကြားသည်။ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) ကျောင်းအုပ်ကြီးက သင်တန်းဆရာများထံ ဂုဏ်ပြုလက်မှတ်များနှင့် သင်တန်းဆင်းများထံ သင်တန်းဆင်း လက်မှတ်များပေးအပ်ရာ သင်တန်းဆင်းတစ်ဦးက သင်တန်းဆင်းများကိုယ်စား သင်တန်းအတွေ့အကြုံနှင့် ကျေးဇူးတင်စကား ပြောကြားသည်။အဆိုပါသင်တန်း၌ EV Mec-hanics လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူ မော်ကျူးများဖြင့် သင်တန်းကာလ ငါးရက်၊ သင်တန်းချိန် နာရီ ၃၀ ပို့ချခဲ့ပြီး သင်တန်းသို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူသုံးဦး၊ ကားဝပ်ရှော့များမှ သင်တန်းသား ၁၇ ဦးနှင့် ဌာနဆိုင်ရာ သင်တန်းသားငါးဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။moi
Sat, 14-Mar-2026
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား လက်ခံတွေ့ဆုံ­
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား လက်ခံတွေ့ဆုံ­
နေပြည်တော် မတ် ၁၃နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးတွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုအတွက် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို အလေးထားဆွေးနွေးခဲ့သည်။ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘောပံ့ပိုးသွားမည့်ကိစ္စရပ်များ၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့သည်။moi
Sat, 14-Mar-2026
နေပြည်တော်၌ မြန်မာ့မျက်နှာစာသစ် ဖိုရမ် ပထမနေ့ကျင်းပ
နေပြည်တော်၌ မြန်မာ့မျက်နှာစာသစ် ဖိုရမ် ပထမနေ့ကျင်းပ
နေပြည်တော် မတ် ၁၃“မြန်မာ့မျက်နှာစာသစ်ဖိုရမ်” (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) “Forum on The Dawn of A New State”(Trust, Stability & Development) ပထမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC I) ၌ ကျင်းပသည်။ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ကိုယ်စားလှယ်ကြီးများအနေဖြင့် ယနေ့ဖိုရမ်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်ပူးပေါင်းမှု၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးမှုနှင့် နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို မည်သို့ဖော်ဆောင်ကြမည်ဆိုသည့် အတွေးအမြင်သစ်များ ရရှိကြမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လယ်ယာစီးပွားမှ စက်မှုစီးပွားရေးဆီကူးပြောင်းမှု၊ အခြေခံအဆောက်အုံနှင့် စွမ်းအင်ကဏ္ဍ၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့်ဆန်းသစ်တီထွင်မှု၊ လူ့စွမ်းအားအရင်းအမြစ် ပြုပြင်ပြောင်းလဲရေးစသည့် ဆွေးနွေးချက်များကိုလည်း ရရှိကြမည်ဖြစ်ပါကြောင်း။ယခုကဲ့သို့ စိန်ခေါ်မှုများပြားသည့် ကမ္ဘာ့အခြေအနေတွင် မိမိတို့၏ အားသာချက်၊ အားနည်းချက်များကို သေချာဆန်းစစ်ပြီး ရေရှည်တည်တံ့မည့် လမ်းပြမြေပုံများ ရေးဆွဲကြရမည်ဖြစ်ပါကြောင်း၊ ပညာရှင်များ၏ အကြံပြုချက်များသည် လက်တွေ့အသုံးချ၍ ရသည့်ဗဟုသုတများဖြစ်သည့်အတွက် အလေးထားမှတ်သားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။မိမိတို့အနေဖြင့် လယ်ယာကဏ္ဍမှ စက်မှုကဏ္ဍကို ကူးပြောင်းသည့်အခါ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို မဖြစ်မနေအသုံးချရမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်စီးပွားရေးသည် ကမ္ဘာ့စံနှုန်း ဖြစ်လာသကဲ့သို့ မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကွင်းဆက်ကိုလည်း ပိုမိုမြန်ဆန်သွက်လက်စေမည် ဖြစ်ပါကြောင်း၊ စွမ်းအင်နှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးသည် စက်မှုကဏ္ဍအတွက် အသက်သွေးကြော ဖြစ်ပါကြောင်း။နှစ်ရက်တာကျင်းပမည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်မှ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် သဘောတရားရေးသာမက လက်တွေ့ကျသည့် သဘောထားအမြင်များ၊ အကြံပြုချက်များ၊ ထောက်ပြချက်များရရှိလာမည်ဟု မျှော်လင့်ပါကြောင်း၊ ပညာရှင်များ၏ အကြံပြုချက်များ၊ ဆွေးနွေးချက်များကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅၇ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆၃ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးအတွက် MRTV DTH အစုံ ၃၀၀ ၊ MRTV DVB T2 Set Top Box ၂၈၆ လုံး၊ Cannal+ DTH အစုံ ၃၀၀ နှင့် Cannal + T2 Set Top Box ၂၈၆ လုံးတို့ကို ပေးအပ်ရာ လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူသည်။ဆွေးနွေးပွဲ(ပထမပိုင်း)အဖြစ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအခွင့်အလမ်းများခေါင်းစဉ်ဖြင့် ဆွေးနွေးရာ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး နိုင်ငံတကာ ပညာရှင်များဖြစ်သည့် Yunnan Academy of Social Sciences မှ Professor Mr. Lei Zhuning ၊ Jawaharlal Nehru University မှ Senior Professor Mr. Mahendra P. Lama ၊ Chiang Mai University မှ Distinguished Economist and Academic Leader Dr. Nisit Panthamit နှင့် Representative of Dale Carnegie & Associates Mr. Luc De Waegh တို့က ပါဝင် ဆွေးနွေးကြသည်။သဘာပတိ ဒေါက်တာဇော်ဦးက နိုင်ငံတစ်နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုအခွင့်အလမ်းများ၊ သမားရိုးကျမဟုတ်သည့် စီးပွားရေးဆိုင်ရာအခြေအနေများကို ကိုင်တွယ်ဆောင်ရွက်မှုများ၊ တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများကို မူဝါဒများချမှတ်၍ တရားဝင်လမ်းကြောင်းပေါ်သို့ ပြောင်းလဲလုပ်ကိုင်စေခြင်း၊ ရွှေ့ပြောင်းလုပ်သားများကို Brain Gain အဖြစ် နိုင်ငံ အပေါ် အကျိုးပြုနိုင်ရန် စီမံဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ လုပ်အားခများကို တရားဝင် ငွေလွှဲလမ်းကြောင်းဖြင့် စီးဝင်စေခြင်း၊ လုံခြုံသောစွမ်းအင်ကဏ္ဍရရှိအောင်စီမံခန့်ခွဲခြင်းနှင့် စီးပွားရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။ထို့နောက် Yunnan Academy of Social Sciences မှ Professor Mr. Lei Zhuning က မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှ ထွက်ပေါ်လာနိုင်သည့် အခွင့်အလမ်းသစ်များ၊ Greater Mekong Sub-Region (GMS) မှတစ်ဆင့် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်မှု၊ မြန်မာနိုင်ငံ၏ ပထဝီစီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ၊ စီးပွားရေးစင်္ကြံများမှ မြန်မာနိုင်ငံအနေဖြင့် ရရှိနိုင်သည့် အခွင့်အလမ်းများနှင့် စီးပွားရေးအကျိုးရလဒ်များ ဖော်ဆောင်နိုင်မည့် အခြေအနေ၊ တရုတ်နိုင်ငံအနေဖြင့် အာရှဒေသတွင်းမှ စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များကို ပိုမိုတင်သွင်းခွင့်ပြုမည့် မူဝါဒ၊ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်မှ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။ယင်းနောက် Jawaharlal Nehru University မှ Senior Professor Mr. Mahendra P. Lama က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဖော်ဆောင်ရာတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရမည့် အစားအစာလုံခြုံရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေး၊ အိန္ဒိယနိုင်ငံသည် ပဲစားသုံးမှု မြင့်မားသည့်အတွက် မြန်မာနိုင်ငံမှ ပဲတင်ပို့နိုင်သည့် ဈေးကွက်အဖြစ်တည်ရှိမှု၊ ပဲတင်ပို့မှုတိုးမြှင့်နိုင်ရေးအတွက် အထွက်နှုန်းမြှင့်တင်‌ရေးအစီအမံများ၊ အော်ဂဲနစ်သီးနှံများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ အာရှဒေသအတွင်း ပဲဈေးကွက်မြှင့်တင်တင်ပို့နိုင်မည့် အစီအမံများ၊ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန်အစိုးရ၊ လွှတ်တော်၊ ပြည်သူအားလုံး နိုင်ငံရေးဆန္ဒရှိရန်လိုအပ်မှု၊ စွမ်းအင်ဆိုင်ရာ မူဝါဒများခိုင်မာရေး၊ မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ရရှိရေး စီမံဆောင်ရွက်ရာတွင် ရေအားလျှပ်စစ်ကဲ့သို့ သန့်ရှင်းသည့် စွမ်းအင်စီမံကိန်းများ၊ ရေရှည်တည်တံ့သည့် စွမ်းအင်ကဏ္ဍဖြစ်ပေါ်ရေး ဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။ဆက်လက်၍ Chiang Mai University Distinguished Economist and Academic Leader Dr. Nisit Panthamit က စီးပွားရေးအခွင့်အလမ်းများဖော်ဆောင်ရန် အခြေခံအုတ်မြစ်များ ခိုင်မာစွာတည်ရှိရေး၊ နိုင်ငံ့စီးပွားရေးအတွက် MSME လုပ်ငန်းများက အထောက်အပံ့ပြုနေမှု၊ တစ်ခါတရံစီးပွားရေးအခွင့် အလမ်းသစ်များအတွက် Back to Basic နည်းလမ်းကို အသုံးပြုရေး၊ အထူးပြု စီးပွားရေးကဏ္ဍများ ဖော်ဆောင်ရန်လိုအပ်မှု၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် အပြန်အလှန် အထောက်အကူပြုစေနိုင်သည့် ငွေကြေးစနစ်ဖော်ဆောင်ရေး၊ ငွေလဲနှုန်းတည်ငြိမ်ရေး၊ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ရာတွင် အတားအဆီးဖြစ်စေမည့်ကန့်သတ်ချက်များ နည်းနိုင်သမျှနည်းအောင် စီမံဆောင်ရွက်ရေး၊ စီးပွားရေးကဏ္ဍအတွက် စဉ်းစားဆောင်ရွက်ရမည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ၊ ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေသည့် မြန်မာလုပ်သားများ၏ အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ထို့နောက် Representative of Dale Carnegie & Associates Mr. Luc De Waegh က အလားအလာ များစွာရှိသည့် နိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံကို နိုင်ငံတကာက ပြောင်းလဲရှုမြင်လာမှု၊ မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှုရရှိလာသည့် စီးပွားရေးအခြေအနေ၊ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအခြေအနေ၊ ခေတ်စနစ်နှင့်အညီ ပြောင်းလဲဖော်ဆောင်လာသည့် မြန်မာနိုင်ငံ၏ Tele Communication အခန်းကဏ္ဍ၊ အိပ်မက်စိတ်ကူးရှိသလောက် မြန်မာနိုင်ငံအနေဖြင့် တိုးချဲ့ဖော်ဆောင်နိုင်မည့် စီးပွားရေးအခွင့်အလမ်းများ၊ Multi National Company များ ဖော်ဆောင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်မည့် အခြေအနေကို ဆွေးနွေးပြောကြားသည်။ထိုသို့ ဆွေးနွေးမှုများအပေါ် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းမှ နိုင်ငံရေးသုတေသီများ၊ မြန်မာနိုင်ငံအရေးစိတ်ဝင်စားကြသူများ၊ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ နိုင်ငံတကာပညာရှင်များက အသေးစိတ်ရှင်းလင်း ဖြေကြားပေးကြသည်။ယင်းနောက် ဆွေးနွေးပွဲ(ဒုတိယပိုင်း)အဖြစ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာအခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ(၁) ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာခင်မောင်လွင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦး၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးတင်နိုင်သိန်း၊ Green Economy Green Group မှ Executive Director ဦးတင်ဝင်းအောင်တို့က ပါဝင်ဆွေးနွေးကြသည်။သဘာပတိ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာခင်မောင်လွင်က စီးပွားရေးဖွံ့ဖြိုးမှု ဖော်ဆောင်ရာတွင် အားလုံးပါဝင်လွှမ်းခြုံနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။ဆက်လက်၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦးက မက်ခရိုစီးပွားရေးအခြေအနေ၊ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီ လှမ်းချီနိုင်ရေး အကြံပြုချက်များ၊ ကုန်ဈေးနှုန်း၊ ငွေလဲနှုန်း၊ ငွေကြေး ဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် စီမံဆောင်ရွက်မှု၊ စက်သုံးဆီ ခြိုးခြံချွေတာရေး အစီအမံများ၊ ဘေးထွက်စရိတ်ကုန်ကျမှု လျှော့ချနိုင်မည့်အခြေအနေ၊ ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှု အကြောင်းရင်းများ၊ ငွေလဲနှုန်းနှင့်ကုန်သွယ်ရေး ကဏ္ဍဆက်စပ်နေမှု၊ မြန်မာနိုင်ငံ၏ GDP တိုးတက်နှုန်း၊ စိန်ခေါ်မှုများပြားလာသော ကမ္ဘာ့စီးပွားရေးစနစ်၊ အခြေခံလုပ်သားရှားပါးလာမှု၊ လုံခြုံစနစ်ကျသော ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖော်ဆောင်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်ရေး၊ တရားမဝင်ကုန်သွယ်ရေးနှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ၊ မြန်မာ့နည်း၊ မြန်မာ့ဟန် စီးပွားရေးမဟာဗျူဟာများ ဖော်ဆောင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးတင်နိုင်သိန်းက Nation Building နှင့် State Building ၊ လွတ်လပ်ရေးမရမီ မြန်မာ့နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးရာအယူဝါဒများနှင့် နိုင်ငံတည်ဆောက်ရေး အခန်းကဏ္ဍ၊ ယနေ့ခေတ် နိုင်ငံတည်ဆောက်ရေး Ideology များ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်၊ ပြည်သူ့မျှော်မှန်းချက်များ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစိုးရ၏ မျှော်မှန်းချက်များ၊ လွှတ်တော်တွင် နေရာအများဆုံးအနိုင်ရပါတီ၏ မျှော်မှန်းချက်များ၊ နိုင်ငံတော်၏ အခြေခံမူများ၊ အမျိုးသားရေး မျှော်မှန်းချက်နှင့် ပန်းတိုင်၊ အမျိုးသားရေးမျှော်မှန်းချက်နှင့်တာဝန်၊ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်မြှင့်တင်မည့်သူများ၏ အခန်းကဏ္ဍ၊ နိုင်ငံတည်ဆောက်ရာတွင် အရေးကြီးသည့် မျှော်မှန်းချက်အမြင် တည့်မတ်မှန်ကန်မှုအပေါ် လေ့လာဆန်းစစ်ခြင်း၊ အမြင်သဘောထား မှန်ကန်တူညီရေး၊ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်မြှင့်တင်ရာတွင် လိုအပ်သည့် အရင်းအနှီးစွမ်းအားများ၊ အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားလိုလားချက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် အာဏာသုံးရပ်အပြန်အလှန်ထိန်းကျောင်းရေးတို့နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။ယင်းနောက် Green Economy Green Group မှ Executive Director ဦးတင်ဝင်းအောင်က အစိမ်းရောင်စီးပွားရေးဖော်ဆောင်မှု ရည်ရွယ်ချက်၊ အစိမ်းရောင် စီးပွားရေး၏ အဓိကအကြောင်းအရာများ၊ အစိမ်းရောင်စီးပွားရေးဖော်ဆောင်မှုမှ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍကို Innovative Idea များဖြင့် ပြောင်းလဲဖော်ဆောင်နိုင်ရေး၊ စားနပ်ရိက္ခာလုံခြုံမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအမံများ၊ မြန်မာနိုင်ငံ လူမှု-စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်စီးပွားရေး၊ အစိုးရက ချမှတ်ဖော်ဆောင်သော မဟာဗျူဟာများတွင် ပုဂ္ဂလိကအခန်းကဏ္ဍအပါအဝင် ဘက်စုံ၊ ကဏ္ဍစုံက ပါဝင်ဖော်ဆောင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ဆွေးနွေးမှုများအပေါ် နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းမှ နိုင်ငံရေးသုတေသီများ၊ မြန်မာနိုင်ငံအရေး စိတ်ဝင်စားကြသူများနှင့် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးပေးကြသူများက အသေးစိတ်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။moi
Sat, 14-Mar-2026
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲရလဒ်များကို မတ်လ ၁၆ ရက်တွင် စတင်ထုတ်ယူနိုင်မည်
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲရလဒ်များကို မတ်လ ၁၆ ရက်တွင် စတင်ထုတ်ယူနိုင်မည်
ရန်ကုန် မတ် ၁၂၂၀၂၅ ခုနှစ် ဒီဇင်ဘာလကဖြေဆိုခဲ့ သော ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲရလဒ်များကို မတ်လ ၁၆ ရက် တွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်း အသင်းမှသိရသည်။သင်တန်းကျောင်းများအနေဖြင့်လည်း ကျောင်းသားများအတွက် စုပေါင်းထုတ်ယူ မည်ဆိုပါက ကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူများကို ပြည့်စုံစွာယူဆောင်လာရမည်ဖြစ်ကြောင်းမည်ဖြစ်ကြောင်း၊ ရန်ကုန်စာဖြေဌာန၌ လျှောက်ထားသူများအနေဖြင့် မတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ(ပိတ်ရက်မရှိ) ရန်ကုန်ပညာရေးတက္ကသိုလ်၌ ထုတ်ယူ နိုင်မည်ဖြစ်ကြောင်းနှင့် မတ်လ ၂၂ ရက် နောက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိJLPT Centre ၌ ထုတ်ယူနိုင်ကြောင်း သိရသည်။မန္တလေးစာဖြေဌာန၌ လျှောက်ထားသူ များအနေဖြင့် မတ်လ ၁၆ ရက်မှ ၂၂ ရက် အထိ ပိတ်ရက်မရှိ MAJA Office (Mandalay Branch) ၌ ထုတ်ယူနိုင်မည်ဖြစ်ပြီး မတ်လ ၂၂ ရက်နောက်ပိုင်းတွင် တနင်္လာ နေ့မှ သောကြာနေ့အတွင်း ထုတ်ယူနိုင် ကြောင်းသိရသည်။ဖြူဖြူမြဝတီသတင်းစာ
Fri, 13-Mar-2026
အိမ်ဖြူတော်အနီးရှိ အတားအဆီးကို မော်တော်ယာဉ်ဖြင့်ဝင်တိုက်ခဲ့သည့်ယာဉ်မောင်းအား အမေရိကန်ဖမ်းဆီးထိန်းသိမ်း
အိမ်ဖြူတော်အနီးရှိ အတားအဆီးကို မော်တော်ယာဉ်ဖြင့်ဝင်တိုက်ခဲ့သည့်ယာဉ်မောင်းအား အမေရိကန်ဖမ်းဆီးထိန်းသိမ်း
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်  အိမ်ဖြူတော်အနီးရှိ အတားအဆီးတစ်ခုကို မတ်လ  ၁၁ ရက် နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့် ဝင်တိုက်ခဲ့သည့် ယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း  အမေရိကန်မီဒီယာများက ထုတ်ပြန်သည်။အဆိုပါ မော်တော်ယာဉ်သည် ကွန်နီတီကပ်ရိပ်သာလမ်းနှင့် အိတ်လမ်းဆုံတွင် ရှိသည့်အိမ်ဖြူတော်ဂိတ်တံခါးကို ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း CBS သတင်းဌာနမှ သတင်းထောက်ဆာရာကွတ်က မြို့တော်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ လူမှုမီဒီယာပေါ်တွင် ရေးသားဖော်ပြထားသည်။လက်ရှိတွင် အဆိုပါယာဉ်မောင်းအား ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဆာရာကွတ်က ဆက်လက် ဖော်ပြထားသည်။အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း အဆိုပါလမ်းအနီးရှိ လမ်းအဝင်အထွက်များနှင့် လမ်းအချို့ကို  ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။Ref: XinhuaMWD
Fri, 13-Mar-2026
အခွန်ဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ
အခွန်ဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ
နေပြည်တော် မတ် ၁၁ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ဆိုင်ရာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးအမှတ် (၄၆)၌ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရာတွင် နိုင်ငံတော်အတွက် ဘဏ္ဍာငွေရရှိမှုသည် အဓိကအသက်သွေးကြောဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေရရှိမှု လမ်းကြောင်းများတွင် “အခွန်မှရငွေ” သည် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုများအတွက် အရေးအကြီးဆုံးနှင့် အခိုင်မာဆုံးသောအရင်းအမြစ်တစ်ခု ဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှရရှိသည့် အခွန်ဆိုင်ရာ အသိပညာများကို အခြေခံပြီး ဆက်လက်လေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများသည် ပြည်သူ့ဝန်ထမ်းများဖြစ်ကြ၍ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံစဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စောင့်ထိန်းရမည့်ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းပြီး တတ်သိကျွမ်းကျင် ရမည့်ပညာရပ်များကို အမြဲလေ့လာဆည်းပူးကာ နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားကို စိတ်စေတနာအရင်းခံဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားများကို သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို ချီးမြှင့်သည်။ ယခုသင်တန်းသို့ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ အရာထမ်းစုစုပေါင်း ၄၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။moi
Thu, 12-Mar-2026

Information

  • Today Visitors: 206
  • Unique Visitor: 51997
  • Total Visitor: 453298

Event & Guidlines

Article
Forum & Discussion
Q&A

Contact

Ministry of the President's Office, Naypyidaw
presoffministry@gmail.com
067-3409722

Quick Link

Myanmar National Portal
Ministry of Information
Findings on the investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election

Archive

  • March 2026 (686)
  • February 2026 (1557)
  • January 2026 (1526)
  • December 2025 (1339)
  • November 2025 (1125)
Suggestion Box
Facebook Instagram Youtube
© Copyright 2024 SAC All Rights Reserved.