ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲရလဒ်များကို မတ်လ ၁၆ ရက်တွင် စတင်ထုတ်ယူနိုင်မည်
ရန်ကုန် မတ် ၁၂
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကဖြေဆိုခဲ့ သော ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲရလဒ်များကို မတ်လ ၁၆ ရက် တွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်း အသင်းမှသိရသည်။
သင်တန်းကျောင်းများအနေဖြင့်လည်း ကျောင်းသားများအတွက် စုပေါင်းထုတ်ယူ မည်ဆိုပါက ကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူများကို ပြည့်စုံစွာယူဆောင်လာရမည်ဖြစ်ကြောင်းမည်ဖြစ်ကြောင်း၊ ရန်ကုန်စာဖြေဌာန၌ လျှောက်ထားသူများအနေဖြင့် မတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ(ပိတ်ရက်မရှိ) ရန်ကုန်ပညာရေးတက္ကသိုလ်၌ ထုတ်ယူ နိုင်မည်ဖြစ်ကြောင်းနှင့် မတ်လ ၂၂ ရက် နောက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိJLPT Centre ၌ ထုတ်ယူနိုင်ကြောင်း သိရသည်။
မန္တလေးစာဖြေဌာန၌ လျှောက်ထားသူ များအနေဖြင့် မတ်လ ၁၆ ရက်မှ ၂၂ ရက် အထိ ပိတ်ရက်မရှိ MAJA Office (Mandalay Branch) ၌ ထုတ်ယူနိုင်မည်ဖြစ်ပြီး မတ်လ ၂၂ ရက်နောက်ပိုင်းတွင် တနင်္လာ နေ့မှ သောကြာနေ့အတွင်း ထုတ်ယူနိုင် ကြောင်းသိရသည်။
ဖြူဖြူ
မြဝတီသတင်းစာ
