အိမ်ဖြူတော်အနီးရှိ အတားအဆီးကို မော်တော်ယာဉ်ဖြင့်ဝင်တိုက်ခဲ့သည့်ယာဉ်မောင်းအား အမေရိကန်ဖမ်းဆီးထိန်းသိမ်း

News Image

  • အိမ်ဖြူတော်အနီးရှိ အတားအဆီးကို မော်တော်ယာဉ်ဖြင့်ဝင်တိုက်ခဲ့သည့်ယာဉ်မောင်းအား အမေရိကန်ဖမ်းဆီးထိန်းသိမ်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်  အိမ်ဖြူတော်အနီးရှိ အတားအဆီးတစ်ခုကို မတ်လ  ၁၁ ရက် နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့် ဝင်တိုက်ခဲ့သည့် ယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း  အမေရိကန်မီဒီယာများက ထုတ်ပြန်သည်။

အဆိုပါ မော်တော်ယာဉ်သည် ကွန်နီတီကပ်ရိပ်သာလမ်းနှင့် အိတ်လမ်းဆုံတွင် ရှိသည့်အိမ်ဖြူတော်ဂိတ်တံခါးကို ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း CBS သတင်းဌာနမှ သတင်းထောက်ဆာရာကွတ်က မြို့တော်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ လူမှုမီဒီယာပေါ်တွင် ရေးသားဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါယာဉ်မောင်းအား ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဆာရာကွတ်က ဆက်လက် ဖော်ပြထားသည်။

အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း အဆိုပါလမ်းအနီးရှိ လမ်းအဝင်အထွက်များနှင့် လမ်းအချို့ကို  ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

Ref: Xinhua

MWD