မြေအောက်ဈေးဝယ်စင်တာများနှင့် ဘူတာရုံများကို အရေးပေါ်ဘန်ကာများအဖြစ်သုံးရန် ဂျပန်တိုက်တွန်းမည်

News Image

  • မြေအောက်ဈေးဝယ်စင်တာများနှင့် ဘူတာရုံများကို အရေးပေါ်ဘန်ကာများအဖြစ်သုံးရန် ဂျပန်တိုက်တွန်းမည်

ဂျပန်အစိုးရသည် တိုက်ခိုက်ခံရသည့် အခြေအနေ သို့မဟုတ် အရေးပေါ်အခြေအနေများဖြစ်ပေါ်လာပါက မြေအောက် ဈေးဝယ်စင်တာများနှင့် ရထားဘူတာရုံများကို အရေးပေါ်ဘန်ကာများအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက မတ်လ ၂၁ ရက်တွင်ပြောသည်။ 

လက်ရှိသတ်မှတ်ထားသော အရေးပေါ်ခိုလှုံရာနေရာ ၉၀ ရာခိုင်နှုန်းနီးပါးသည် စာသင်ကျောင်းများကဲ့သို့ အစိုးရပိုင်နေရာများ ဖြစ်နေသဖြင့် ပိုမိုဘေးကင်းလုံခြုံသည်ဟု ယူဆရသော မြေအောက်နေရာများကို အသုံးချရန် ဂျပန်အစိုးရက မျှော်လင့်ထားခြင်း ဖြစ်သည်။ ဝန်ကြီးအဖွဲ့သည် အဆိုပါအစီအမံကို မတ်လနှောင်းပိုင်းတွင် အတည်ပြုရန်မျှော်မှန်းထားပြီး ငါးနှစ်လျှင်တစ်ကြိမ် ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။ 

၂၀၂၅ ခုနှစ် ဧပြီလအထိ စာရင်းများအရ ဂျပန်နိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှုဒဏ်ခံနိုင်သော ယာယီခိုလှုံရာနေရာ ၆၁၀၀၀ ခန့်ရှိသော်လည်း မြေအောက်အဆောက်အအုံများမှာ ၄၀၀၀ ခန့်သာရှိသည်။ အဆိုပါအဆိုပြုချက်အရ မြေအောက်ဈေးဝယ် စင်တာများ၊ မြေအောက်ရထားလမ်းများနှင့် ကားပါကင်ပိုင်ရှင်များအနေဖြင့် နာရီအနည်းငယ်မှ ရက်အနည်းငယ်အထိ ကြာမြင့်နိုင်သော အရေးပေါ် အခြေအနေများအတွက် လိုအပ်သောပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများကို ပြင်ဆင်ထားရမည် ဖြစ်ကြောင်း သိရသည်။                                 

Ref: ST

MWD