အမေရိကန်၏ ကျူးကျော်မှုကို ကာကွယ်ရန် ကျူးဘားအသင့်ရှိဟုဆို

News Image

  • အမေရိကန်၏ ကျူးကျော်မှုကို ကာကွယ်ရန် ကျူးဘားအသင့်ရှိဟုဆို

အမေရိကန်၏ ကျူးကျော်လာနိုင်သည့် အန္တရာယ်ကိုခုခံကာကွယ်ရန် အသင့်ပြင်ဆင်ထားသည်ဟု ကျူးဘားဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကားလို့ဖာနန်ဒက်ဒီကိုစီယိုက မတ်လ ၂၂ ရက်တွင် ပြောသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကျူးဘားကျွန်းကို သိမ်းပိုက်မည့်အရေး ပြောဆိုပြီးနောက် ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ထရမ့်သည် ဇန်နဝါရီလတွင် ကျူးဘားအပေါ် ရေနံပိတ်ဆို့မှုများ ချမှတ်ခဲ့သဖြင့် ကျူးဘား၌ စီးပွားရေး အကျပ်အတည်းနှင့် လောင်စာဆီ ပြတ်လပ်မှုများကို ပြင်းထန်စွာ ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်သီတင်းပတ်ကလည်း ထရမ့်က ကျူးဘားကို တစ်နည်းနည်းဖြင့် သိမ်းပိုက်နိုင်ကြောင်းနှင့် ၎င်းအလိုရှိရာ လုပ်ဆောင်နိုင်ကြောင်း ထပ်မံပြောထားသည်။

အမေရိကန်က ကျူးကျော်မှုလုပ်ဆောင်ရန် အလားအလာနည်းပါးသော်လည်း ကြိုတင်ပြင်ဆင်မှုမရှိဘဲ နေခြင်းမှာ ညံ့ဖျင်းရာကျမည် ဖြစ်ကြောင်း ကားလို့ဖာနန်ဒက်ဒီကိုစီယိုကဆိုသည်။ ထို့ပြင် အမေရိကန်က ကုန်သွယ်ရေးကန့်သတ်ချက်များ လျှော့ချပေးမည့်အစား ကျူးဘားသမ္မတကို ရာထူးမှဖယ်ရှားပေးရန် ကမ်းလှမ်းမှုများကိုလည်း ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။ 

လက်ရှိတွင် ဗင်နီဇွဲလားမှ ရေနံတင်ပို့မှု ရပ်တန့်သွားခြင်းနှင့် အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် ကျူးဘားတစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။             

Ref: RT

MWD