အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသတွင် ငြိမ်းချမ်းရေး ပြန်လည်ဆောင်ကြဉ်းနိုင်ရန်အတွက် တရုတ်နှင့် ပါကစ္စတန်တို့က အချက် ၅ ချက်ပါ အဆိုပြုချက် ထုတ်ပြန်
အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသတွင် ငြိမ်းချမ်းရေးကိုပြန်လည် ဆောင်ကြဉ်းနိုင်ရန်အတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနှင့် ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အီရှက်ဒါးတို့က အချက် ၅ ချက်ပါ အဆိုပြုချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။
နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် အရှေ့အလယ်ပိုင်းဒေသနှင့် ပင်လယ်ကွေ့ဒေသရှိ အခြေအနေများကို ပြန်လည်သုံးသပ်ရန် မတ်လ ၃၁ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ပြီးနောက် အဆိုပါ အဆိုပြုချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပြုချက်တွင် ပါဝင်သည့်အချက်များမှာ (၁)တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်(၂) ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အမြန်ဆုံးစတင်ရန် (၃)အရပ်သားများနှင့် စစ်ဘက်ဆိုင်ရာ မဟုတ်သော ပစ်မှတ်များအပေါ် တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ရန် (၄) သင်္ဘောလမ်းကြောင်းများ၏ လုံခြုံရေးကို အကာအကွယ်ပေးရန်နှင့် ရေလက်ကြားမှ တစ်ဆင့် ပုံမှန်ဖြတ်သန်း သွားလာမှုကို အမြန်ဆုံးပြန်လည်ဖော်ဆောင်ရန်နှင့် (၅) ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အခန်းကဏ္ဍကို ပူးပေါင်းမြှင့်တင်ရန်နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များ၊ အခြေခံမူများနှင့် နိုင်ငံတကာဥပဒေများအပေါ် အခြေခံ၍ ဘက်စုံငြိမ်းချမ်းရေး မူဘောင်တစ်ခု ထူထောင်ရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်တို့ ပါဝင်ကြောင်း သိရသည်။
MWD
