အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ရန်နှင့် အခြေအနေများ ပုံမှန်ပြန်ဖြစ်လာစေရေး အစွမ်းကုန် ကူညီရန်အသင့်ရှိဟု ပူတင်ပြော

News Image

  • အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ရန်နှင့် အခြေအနေများ ပုံမှန်ပြန်ဖြစ်လာစေရေး အစွမ်းကုန် ကူညီရန်အသင့်ရှိဟု ပူတင်ပြော

    ရုရှားနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ  ပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်သွားရန် မျှော်လင့်လျက်ရှိနေပြီး အခြေအနေများကို ပုံမှန်ပြန်ဖြစ်လာစေရေးအတွက် အစွမ်းကုန်ကူညီ ဆောင်ရွက်ရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ကြောင်း သိရသည်။ 

 ရုရှားနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့်  အခြေအနေအားလုံးကို  အမြန်ဆုံးပြီးဆုံးသွားစေရန် မျှော်လင့်လျက်ရှိကြောင်း သမ္မတပူတင်က အီဂျစ်နိုင်ငံခြားရေးဝန်ကြီး  ဘေဒါ အဗ္ဗဒယ်တီနှင့်  မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အရှေ့အလယ်ပိုင်း အခြေအနေများနှင့်စပ်လျဉ်း၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မိမိအားပြောကြားခဲ့ကြောင်း၊ ရုရှားနိုင်ငံဘက်မှလည်း အခြေအနေအားလုံးကို ပုံမှန်ပြန်ဖြစ်လာစေရေးအတွက် အစွမ်းကုန်လုပ်ဆောင်ရန် အသင့်ရှိကြောင်း ပူတင်က ဆက်လက်ပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသတွင်း အခြေအနေများသည် တစ်ကမ္ဘာလုံးက စိုးရိမ်ရသည့်ကိစ္စရပ်ဖြစ်ကြောင်း  ပူတင်ကဆက်လက်ပြောကြားခဲ့ပြီးရုရှားနိုင်ငံအတွက် အရှေ့အလယ်ပိုင်းရှိ အဓိက နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့် အီဂျစ်နိုင်ငံ၏ သုံးသပ်ချက်များကို နားထောင်ရန် အလွန်အရေးကြီးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

MWD