ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင် အမြန်ရထားနှင့် ထရပ်ကားတစ်စီးဝင်တိုက်၊ တစ်ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရ

News Image

  • ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင် အမြန်ရထားနှင့် ထရပ်ကားတစ်စီးဝင်တိုက်၊ တစ်ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရ

     ပြင်သစ်နိုင်ငံမြောက်ပိုင်း၊ ပါဒီကာလေးဒေသ၌  ဧပြီလ ၇ ရက်က အမြန်ရထားတစ်စင်းနှင့် ထရပ်ကားတစ်စီး ဝင်တိုက်မိခဲ့ရာ ရထားမောင်းသူသေဆုံးပြီး အခြား ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြသည်။

အဆိုပါအမြန်ရထားသည် နိုင်ငံမြောက်ပိုင်းရှိ မြို့တစ်မြို့ဖြစ်သည့် ဒန်းကက်မှ မြို့တော်ပဲရစ်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး ဘူလီလေမိန်းမြို့ရှိ    ရထားလမ်းကူးတစ်ခုတွင်  ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်က ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း    အာဏာပိုင်အဖွဲ့က ပြောကြားသည်။ 

အဆိုပါမီးရထားပေါ်တွင် ခရီးသည် ၂၄၃ ဦး လိုက်ပါလာပြီး ထရပ်ကားပေါ်တွင်မူ စစ်ဘက်သုံးပစ္စည်းများကို  သယ်ဆောင်လာခဲ့ကြောင်းသိရသည်။

ဒဏ်ရာရရှိထားသူများအနက် နှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

MWD