ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒဏ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
နေပြည်တော် ဧပြီ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး၊ Banquet Hall ၌ ကျင်းပပြုလုပ်ရာ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်ပေးအပ်သည်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/81518
MM-News-Category
