သဘောတူညီချက် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မပြီးမြောက်မချင်း အီရန် နိုင်ငံအပေါ် ရေတပ်ပိတ်ဆို့ထားမှု ဆက်ရှိနေဦးမည်ဖြစ်ကြောင်း ထရမ့် ပြောကြား

News Image

  • သဘောတူညီချက် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မပြီးမြောက်မချင်း အီရန်နိုင်ငံအပေါ် ရေတပ်ပိတ်ဆို့ထားမှု ဆက်ရှိနေဦးမည်ဖြစ်ကြောင်း ထရမ့် ပြောကြား

သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြား ပြန်လည် ဖွင့်လှစ်လိုက်ပြီဆိုသည့် အီရန်ဘက်မှ သတင်းစကားကို ယနေ့ (ဧပြီ ၁၇) တွင် ကြိုဆို လိုက်သော်လည်း အီရန်နှင့်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝမပြီးမြောက်မချင်း လက်ရှိ အမေရိကန်ရေတပ်၏ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းမည်မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

“အချက်အလက်အတော်များများကို ညှိနှိုင်းပြီးသားဖြစ်လို့ ဒီလုပ်ငန်းစဉ်   Truth Social လူမှုကွန်ရက်စာမျက်နှာတွင် သောကြာနေ့ (ဧပြီ ၁၇) က Capital Letter များဖြင့် ရေးသားဖော်ပြခဲ့သည်။

အဓိကစေ့စပ်ညှိနှိုင်းပေးသူဖြစ်သည့် ပါကစ္စတန်နိုင်ငံသည် ပြီးခဲ့သည့် သီတင်းပတ်က အစ္စလာမ္မာဘတ်မြို့တွင်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားခဲ့ပြီးနောက် နောက်ထပ်ဆွေးနွေးပွဲအသစ်တစ်ခုဖြစ်မြောက်ရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက်ရှိသည်။

အမေရိကန်နှင့်အီရန်တို့ စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိပါက ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက် ရန် စဉ်းစားမည်ဖြစ်ကြောင်း သမ္မတက ကြာသပတေးနေ့ (ဧပြီ ၁၆) တွင် ပြောကြားခဲ့သည်။

“ကျွန်တော် ပါကစ္စတန်ကို သွားမှာပါ၊ ဟုတ်ပါတယ် ၊ အစ္စလာမ္မာဘတ် မှာ သဘောတူညီချက် လက်မှတ်ထိုးမယ်ဆိုရင် ကျွန်တော် သွားကောင်း သွားနိုင်ပါတယ်” ဟု အိမ်ဖြူတော်ရှိ သတင်းထောက်များကို ပြောကြားခဲ့ပြီး “သူတို့ကလည်း ကျွန်တော့်ကို လာစေချင်ကြတယ်” ဟု ထပ်လောင်း ပြောဆိုခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး