တရုတ်နိုင်ငံတွင် eVTOL ယာဉ်ဖြင့် လက်ဖက်ခြောက်များကို အချိန်တိုအတွင်း သယ်ယူပို့ဆောင်မှု အောင်မြင်

News Image

  • တရုတ်နိုင်ငံတွင် eVTOL ယာဉ်ဖြင့် လက်ဖက်ခြောက်များကို အချိန်တိုအတွင်း သယ်ယူပို့ဆောင်မှု အောင်မြင်

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ တောင်ထူထပ်သော ဒေသများတွင် AutoFlight ကုမ္ပဏီက လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်တက်ဆင်းနိုင်သော eVTOL ယာဉ်ကို အသုံးပြု၍ လက်ဖက်ခြောက်များကို အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းစမ်းသပ်မှုအရ ကုန်းလမ်းဖြင့် ပို့ဆောင်ခြင်းနှင့် နှိုင်းယှဉ်ပါက နာရီများစွာ အချိန်လျှော့ချနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

CarryAll (V2000CG) အမျိုးအစား အလိုအလျောက်မောင်း ကုန်တင်လေယာဉ်သည် ကီလိုမီတာ ၁၂၀ ခရီးကို ၃၇ မိနစ်အတွင်း ပျံသန်းနိုင်ခဲ့ပြီး ပုံမှန်အားဖြင့် တောင်ပတ်လမ်းများကို အသုံးပြု၍ နာရီပေါင်းများစွာ မောင်းနှင်ရမည့် ခရီးစဉ်ကို အချိန်တိုအတွင်း ရောက်ရှိနိုင်ခဲ့သည်။

ထို့နောက် လက်ဖက်ခြောက်များကို အမြန်ရထားဖြင့် ဆက်လက်ပို့ဆောင်ရာ ကီလိုမီတာ ၂၀၀၀ နီးပါး ဝေးလံသော ရှန်ဟိုင်းမြို့သို့ ၂၄ နာရီအတွင်း ရောက်ရှိခဲ့ကြောင်း သိရသည်။

ယင်း eVTOL ယာဉ်သည် ကီလိုဂရမ် ၄၀၀ အထိ တင်ဆောင်နိုင်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၈၀ နှုန်းဖြင့် ပျံသန်းနိုင်သည့်အပြင် ပြေးလမ်းမလိုဘဲ တိုက်ရိုက်တက်ဆင်းနိုင်သဖြင့် ဝေးလံခေါင်ဖျားသော တောင်ပေါ်ဒေသများတွင် သယ်ယူပို့ဆောင်ရေးအတွက် အထူးသင့်လျော်ကြောင်း ဖော်ပြထားသည်။

Ref: IE
ကိုထက်

MWD