MNA က လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်မြို့များသို့ လေယာဉ်ခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲမည်

News Image

  • MNA က လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်မြို့များသို့ လေယာဉ်ခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲမည်

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်း အနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်မြို့များသို့ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့မှ စတင်ကာ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်လျက်ကြောင်း သိရသည်။

ထိုသို့ ခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်အတွင်းရှိမာန်အောင်မြို့ နှင့် ကျောက်ဖြူမြို့များသို့ ရက်သတ္တတစ်ပတ်လျှင် (၃) ရက် ပျံသန်းပြေးဆွဲမည်ဖြစ်သည်။
တနင်္လာနေ့တွင် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်-ကျောက်ဖြူ-မာန်အောင်-ရန်ကုန်၊ သောကြာနေ့တွင် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန်ခရီးစဥ်တို့ကို ပြေးဆွဲမည်ဖြစ်သည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်လေဆိပ်ကိုအခြေပြုကာ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့ ရက်သတ္တတစ်ပတ်လျှင် (၆) ရက်ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။
တနင်္လာနေ့တွင် မြိတ်-ဘုတ်ပြင်း-ကော့သောင်း-ဘုတ်ပြင်း-မြိတ်၊ အင်္ဂါနေ့တွင် မြိတ်-ထားဝယ်-မြိတ်၊ ဗုဒ္ဓဟူးနေ့တွင် မြိတ်-ဘုတ်ပြင်း-ကော့သောင်း-ဘုတ်ပြင်း-မြိတ်၊ ကြာသပတေးနေ့တွင်မြိတ်-ထားဝယ်- မြိတ်၊ သောကြာနေ့တွင် မြိတ်-ဘုတ်ပြင်း-ကော့သောင်း-ဘုတ်ပြင်း-မြိတ်၊ တနင်္ဂနွေနေ့တွင်မြိတ်-ထားဝယ်-မြိတ်တို့ဖြစ်သည်။

တိုးချဲ့ပျံသန်းမည့် လေယာဉ်ခရီးစဉ်အသေးစိတ်အချက်အလက်များနှင့် လေယာဉ်လက်မှတ်များအား မြန်မာအမျိုးသားလေကြောင်း Web Site ဖြစ်သည့် www.flymna.com တွင် ဝင်ရောက်ကြည့်ရှု ဝယ်ယူနိုင်ပြီး သက်ဆိုင်ရာမြို့များရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Np News