စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်မှုဖြင့် မေလအတွင်း ဒူးရင်းသီးပွဲတော်ကျင်းပသွားမည်

News Image

  • စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်မှုဖြင့် မေလအတွင်း ဒူးရင်းသီးပွဲတော်ကျင်းပသွားမည်

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံဒူးရင်းသီးပွဲတော်ကို ၂၀၂၆ ခုနှစ် မေလ ဒုတိယပတ် သို့မဟုတ် တတိယပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ပြောပြချက်အရ သိရသည်။

            အဆိုပါပွဲတော်ကို ထုတ်ကုန်တင်ပို့မှုမြှင့်တင်ရန်၊ နိုင်ငံအမည်ဖြင့် နိုင်ငံခြားဈေးကွက်များထိုးဖောက်ရန်၊ စိုက်ပျိုးရေးနည်းစနစ်များနှင့် ရိတ်သိမ်းပြီး ထားသိုသိမ်းဆည်းသည့်နည်းပညာများကို ဖလှယ်နိုင်ရန်၊ ဒူးရင်း ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းနယ်ပယ်ဖန်တီးနိုင်ရန်နှင့် စီးပွားဖြစ်အဖိုးတန် အရည်အသွေးမြင့် ဒူးရင်းသီးမျိုးများ ရှာဖွေဖော်ထုတ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

            မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းအနေဖြင့် အသင်းဝင်များအား ပွဲတော်တွင် ပါဝင်ကြရန်တိုက်တွန်းထားပြီး အချိန်နှင့်နေရာ အတိအကျကို ထပ်မံကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။  (GNLM)

mdn